ဂျာကင်ဝယ်မယ်ဆိုရင် Leather သား ကောင်းကောင်းလေး ဝယ်ဖို့ ပြောချင်ပါတယ်။ Leather Jacket တစ်ထည်ပိုင်တာက တခြားဘယ် Jacket ဝယ်ထားတာနဲ့မှ မတူပါဘူး။ Leather ဂျာကင်တွေဟာ ပိုက်ဆံပိုသုံးရတယ်ဆိုပေမယ့် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး Personality နဲ့ စိတ်နေစိတ်ထား Attitude ကို ပြောပြနိုင်တဲ့ ဖက်ရှင်တွေ ဖြစ်ပါတယ်။ Leather ဂျာကင်တစ်ထည် ဝယ်ဖို့ ဘာကြောင့် ပိုက်ဆံသုံးသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အဓိကကျတဲ့ အကြောင်းရင်းလေးတွေ ပြောပြချင်ပါတယ်။
(၁) ပိုပြီး စတိုင်မိစေတယ်

Photo: Unsplash
Leather ဂျာကင်တွေက သင့်ကို လုံခြုံအောင် ကာကွယ်ပေးတဲ့ အပေါ်ထပ် Layering ထည်ဆိုတာထက် ပိုပါတယ်။ High-Quality Leather ဂျာကင်တစ်ထည်ဟာ သင့်ကို ပိုအချိုးကျပြီး ယောင်္ကျားပီသတဲ့ဟန်ကို ပေးပါတယ်။ အေးမြတဲ့ ရာသီမှာရော ပူနွေးတဲ့ကာလတွေမှာတောင် အပေါ်ထပ်ဖက်ရှင်အဖြစ် စတိုင်မိမိ ဝတ်နိုင်ပါတယ်။
(၂) အင်မတန်အကြမ်းခံတယ်

Photo: Unsplash
သားရေထည်တွေဟာ ရှေးကတည်းက လေတပ်စစ်သားနဲ့ သင်္ဘောသားတွေအတွက် ပြင်းထန်တဲ့ လေဒဏ် ၊ ရေဒဏ်ခံနိုင်တဲ့ အနွေးထည် ဂျက်ကတ်အဖြစ် ထွက်ခဲ့တာပါ။ ၂၀ ရာစုအဆန်းပိုင်းက စတင်ခဲ့တဲ့ ဒီဖက်ရှင်ဟာ အဆင့်ဆင့် ဗားရှင်းမြှင့်လာခဲ့ရာကနေ လူတွေအကြား Casual Wear အဖြစ် ရောက်လာခဲ့တာပါ။ Leather တွေရဲ့ ဂုဏ်အတိုင်း ဒီဂျက်ကတ်တွေဟာ ရေရှည်အသုံးခံတယ်။ နှစ်ပေါင်းများစွာ ဝတ်နိုင်အောင် အကြမ်းခံပါတယ်။
(၃) နေရာမရွေး ဝတ်နိုင်တယ်

Photo: Unsplash
အရင်က Leather Jacket တွေကို Motorcyclists တွေက လေဒဏ် မိုးဒဏ်အအေးဒဏ် ခံနိုင်ဖို့ ဆိုပြီး ဝတ်ခဲ့တာပါ။ အခုတော့ Leather ဖက်ရှင်တွေဟာ ဟိုနားဒီနားသွားရင် ကောက်ဝတ်နိုင်တဲ့ ဖက်ရှင်အဖြစ်ရော Formal ကျကျ သွားရမယ့် Dating တွေမှာပါ ဝတ်လို့ ရတဲ့ ဖက်ရှင် ဖြစ်လာခဲ့ပါပြီ။
(၄) နူးညံ့ပြီး ရေလုံတယ်

Photo: Unsplash
အပေါ်မှာ ပြောခဲ့သလို Leather တွေက Durable ဖြစ်ပါတယ်။ နောက် ဖုန်တွေ ရေတွေစိုတာ ပေကျံတာကိုလည်း ခံနိုင်ရည်ရှိပါတယ်။ နူးညံ့ပြီး ဝတ်လို့ ကောင်းတာကြောင့် Leather ဂျာကင်ဝတ်ရတာ ငြီးငွေ့စရာ ရှိမှာ မဟုတ်သလို ဝတ်လိုက်တိုင်းလည်း စိတ်ကျေနပ်နေမှာ အမှန်ပါပဲ။
