လူတိုင်းက “သင့်ရဲ့အိပ်မက်တွေနောက် လိုက်ပါ” လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဘဝကြီးက ကိုယ် မျှော်လင့်ထားသလို ဘယ်တော့မှ ဖြစ်မလာပါဘူး။ ဒါ့ကြောင့်လည်း လူသားတွေက တစ်နေ့တစ်နေ့ ကိုယ် မလုပ်ချင်တဲ့အရာတွေ ပြုလုပ်ရင်းနဲ့ နေ့ရက်များကို ကုန်ဆုံးနေကြရတာပါ။

ကိုယ် မနှစ်သက်တဲ့အရာတွေ လုပ်နေရတဲ့အခါ သင် ကိုယ်တိုင်လည်း စိတ်ပင်ပန်းရသလို စိတ်ဖိစီးမှုများကိုလည်း ခံစားရလာတတ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ် နှစ်သက်တဲ့အရာတွေကို ပြုလုပ်ရမယ်ဆိုရင် ဘဝကြီးက အဓိပ္ပာယ်ရှိလာသလို ခံစားရလာပါလိမ့်မယ်။ ဒါ့ကြောင့်လည်း သင့်ရဲ့အိပ်မက်တွေကို အမှန်တကယ် ပြည့်ဝလာအောင် ကြိုးစားသင့်တာပါ။

ကိုယ့်ရဲ့အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်နိုင်တဲ့အခါ သင် ဘယ်လိုခံစားရလာမလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အောင်မြင်မှုရဲ့အနှစ်သာရကို သိရှိလာမယ်

successful tips for men

သင့်ရဲ့အိပ်မက်များသည် သင့်ရဲ့အဆိုးဆုံးနေ့ရက်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ သင် ကြိုးစားနေတဲ့အချိန်မှာ ပင်ပန်းခက်ခဲမှုတွေကို ကြုံတွေ့ရပေမယ့် သင့်ရဲ့အိပ်မက်တွေကပဲ အရှေ့ဆက်လှမ်းနိုင်အောင် တွန်းအားပေးနေတာပါ။ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတာနဲ့တစ်ပြိုင်နက် ကိုယ် ဘာလုပ်ရမလဲဆိုတဲ့ တိကျတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက်ကြောင့် ဘဝကြီးသည် နေထိုင်ရတာ ပျော်မွေ့လာပြီး အောင်မြင်မှု အနှစ်သာရကို တဖြည်းဖြည်း သိရှိလာပါလိမ့်မယ်။

သင့်လိုပဲ အိပ်မက်များ ပိုင်ဆိုင်ထားသူတွေနဲ့ ရင်းနှီးကျွမ်းဝင်လာမယ်

successful tips for men

သင်သည် သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရန်အတွက် စိတ်ဓာတ်မြှင့်တက်နေချိန်မှာ သင့်လိုပဲ ဝါသနာတူတဲ့သူတွေနဲ့ များများသိကျွမ်းနိုင်ပါတယ်။ ထိုသူတွေနဲ့ များများ မိတ်ဆွေဖွဲ့နိုင်လေ သင် သွားရမယ့်ခရီးသည်လည်း ခရီးပိုတွင်လေပါပဲ။

အခြားသောသူတွေအတွက် အတုယူအားကျစရာပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမယ်

successful tips for men

သင် လုပ်နေရတာကို ပျော်နေတဲ့အတွက်ကြောင့် အခြားသောသူများသည်လည်း သင့်ကို ကြည့်ကာ သင့်လိုပဲ ဖြစ်ချင်စိတ်တွေတဖွားဖွားပေါ်လာပါလိမ့်မယ်။ သင့်ကို အားကျအတုယူစိတ်များ ဖြစ်လာပြီး သူတို့အတွက် နည်းလမ်းပြသပေးနိုင်မယ့် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

မိမိ မိသားစုကို ထောက်ပံ့ပေးနိုင်တယ်

successful tips for men

သင့်မှာ ကိုယ်ပိုင်ရည်မှန်းချက် ပန်းတိုင်များရှိတဲ့အတွက်ကြောင့် အလုပ်လုပ်ကိုင်ရမှာကိုလည်း ပျင်းရိငြီးငွေ့နေမှာမဟုတ်ပါဘူး။ အလုပ်လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်များရှိတဲ့အတွက်ကြောင့် အလုပ်အကိုင်လည်း ရှိမှာဖြစ်သလို ဝင်ငွေလည်း ရှိလာမှာပါ။ ထိုမှတဆင့် မိမိရဲ့မိသားစုကို ငွေရေးကြေးရေး ထောက်ပံ့ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။

နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျော်ဖြတ်နိုင်တယ်

successful tips for men

သင် မကြိုက်တဲ့အလုပ်ကို လုပ်နေရတဲ့အခါ တိုင်ကပ်နာရီပေါ်က အချိန်ကုန်ဆုံးတာကိုပဲ တနေကုန် ထိုင်ကြည့်နေပြီး အချိန်ကုန်တာနှေးလိုက်တာဆိုပြီး တွေးထင်နေမှာပါ။ ဒီလိုမဖြစ်ဖို့ရန်အတွက်ပဲ သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခိုင်းတာပါ။ သင့်ရဲ့အိပ်မက်တွေနဲ့ အတူတူရှင်သန်တဲ့အခါ သင်သည် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

နိဂုံးချုပ် ပြောရရင်တော့ သင့် အိပ်မက်တွေကို ဘယ်သူကမှ တကူးတကလာဖြည့်ဆည်းပေးမှာမဟုတ်ပါဘူး။ သင် ကိုယ်တိုင်ပဲ ပုံဖော်ကာ အစွမ်းကုန်ကြိုးစားရမှာပါ။ သင့်ရဲ့အိပ်မက်တွေကို အခုပဲ အကောင်အထည်ဖော်ရင်း အောင်မြင်မှုအသီးအပွင့်များကို စားသုံးလိုက်ပါ။

Source: Lifehack.org