စစ်တမ်းကောက်ယူချက်တစ်ခုအရ စုံတွဲ ၄ တွဲမှာ ၁ တွဲသည် အိပ်ရာခွဲအိပ်လေ့ရှိကြတာကို လေ့လာတွေ့ရှိရပါတယ်။ ဒီခေါင်းစဉ်လေးသည် လူ့ပတ်ဝန်းကျင်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့မရှိကြပေမယ့် ကိုယ့်ရဲ့ ဘဝလက်တွဲဖော် အိမ်ထောင်ဖက်နဲ့ ထာဝစဉ် ဆက်ဆံရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ အိပ်ရာခွဲအိပ်သင့်ပါတယ်။

ဘာ့ကြောင့် အိပ်ရာခွဲအိပ်သင့်သလဲဆိုတော့ …

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်

5 Reasons Why Sleeping Separately Can Make Your Relationship Stronger

ဆိုကြပါစို့။ သင့်ရဲ့ လက်တွဲဖော်ချစ်သူသည် အဟောက်သန်တာပဲဖြစ်ဖြစ်၊ အိပ်နေစဉ်အတွင်းမှာ တစ်ဖက်လူကို ကန်ကျောက်တတ်တာပဲဖြစ်ဖြစ် (သို့) ညဘက်မှာ တော်တော်နဲ့ မအိပ်ဘဲ ဟိုလူးလှိမ့် ဒီလူးလှိမ့်နဲ့ဆိုရင် သင့်အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။

အိပ်ရေးပျက်တာ ရက်ကြာလာမယ်ဆိုရင် နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ ဆီးချိုရောဂါတို့ကိုပါ ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ရန်အတွက် အိပ်ရာခွဲအိပ်သင့်တာဖြစ်ပါတယ်။

အိပ်ရာနိုးလာတဲ့အခါ ပိုမိုလန်းဆန်းတက်ကြွပြီး ပိုမိုပျော်ရွှင်ရတယ်

5 Reasons Why Sleeping Separately Can Make Your Relationship Stronger

လူတစ်ယောက်သည် အနှောင့်အယှက်ကင်းကင်းနဲ့ အိပ်စက်ရတဲ့အခါ မနက်အိပ်ရာနိုးရင် စွမ်းအင်အပြည့်နဲ့ နိုးထနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဆန်းစေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ညက သူ့ကြောင့် အိပ်မရတာ ငါ့ကြောင့် အိပ်မရတာဆိုတဲ့ စိတ်ဖုစရာလေးတွေ ခံစားရတော့မှာမဟုတ်ပါဘူး။ ဒီနည်းလမ်းဖြင့် သင်တို့ရဲ့အချစ်ကို အဖုအထစ်များ ကင်းရှင်းအောင် လုပ်ဆောင်နိုင်ပြီး Healthy Relationship တစ်ခု ဖန်တီးနိုင်ပါတယ်။

ကိုယ့်ရဲ့ လက်တွဲဖော်ချစ်သူကို ပိုဂရုစိုက်တတ်လာတယ်

5 Reasons Why Sleeping Separately Can Make Your Relationship Stronger

ညဘက်အိပ်စက်ချိန်မှာ ကိုယ့်ရဲ့ချစ်သူကို ဖက်ချင်တဲ့အချိန်တိုင်း မဖက်ရဘူးဆိုတော့ သူနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်တွေကို ပိုမိုတန်ဖိုးထားတတ်လာပါတယ်။ ဥပမာ မနက်စာ စားတဲ့အချိန်ပဲဖြစ်ဖြစ်၊ နေ့လည်စာ စားတဲ့အချိန်ပဲဖြစ်ဖြစ် သူ(မ)ကို သေချာ ဂရုစိုက်တတ်လာပြီး ချစ်ကြင်နာတတ်လာပါလိမ့်မယ်။

ရန်ဖြစ်ရတာလည်း နည်းလာမယ်

5 Reasons Why Sleeping Separately Can Make Your Relationship Stronger

သင်တို့နှစ်ယောက်စလုံးသည် အိပ်ရေးမဝတဲ့အခါ စိတ်ဆိုးစိတ်ဆတ်လွယ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှရမယ့်အစား အိပ်ရေးပျက်တဲ့အတွက်ကြောင့် တစ်ဖက်သူရဲ့ ခံစားချက်ကိုလည်း ကိုယ်ချင်းမစာတတ်တော့ပါဘူး။ ကြာလာရင် ခဏခဏ ရန်ဖြစ်ပေါင်း များလာပြီး ပျော်ရွှင်ရမှာမဟုတ်တော့ပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ နှစ်ယောက်စလုံး အိပ်ရေးဝဝ အိပ်စက်အနားယူရတဲ့အခါ အသေးအဖွဲပြဿနာလေးများကို အချိန်တိုအတွင်း ရင်ဆိုင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

ကိုယ်ပိုင်အချိန်လေး ပိုရမယ်

5 Reasons Why Sleeping Separately Can Make Your Relationship Stronger

ဥပမာ သင်က အိပ်ခါနီး စာဖတ်ချင်တယ် (သို့) ဇာတ်ကား တစ်ကားကြည့်ပြီးမှ အိပ်ရာဝင်ချင်တယ်။ ဒါပေမဲ့ သင့်ချစ်သူကောင်မလေးက စောစောစီးစီး အိပ်ရာဝင်ချင်တယ်။ ဒါဆိုရင် အိပ်ရာ ခွဲအိပ်လိုက်တဲ့အခါ ကိုယ်ပိုင်အချိန် ပိုထွက်လာပြီး ကိုယ့်ကိုယ်ပိုင်အချိန်ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ပါတယ်။

သင်ရော လက်ထပ်ပြီးတဲ့အခါ ကိုယ့်လက်တွဲဖော်နဲ့ အိပ်ရာ ခွဲအိပ်ဖို့ စိတ်ကူးရှိပါသလား။

Source: Brightside.me

Featured Image Source: Focusonthefamily