ဝိုင်သောက်တာဟာ ဖက်ရှင်ယဉ်ကျေးမှုတစ်ခုလို ထင်နေကြပေမယ့် တကယ်တမ်းမှာတော့ ဝိုင်ဟာ သင့်ရဲ့ စိတ်ဖိစီးမှု တိုက်ဖျက်ဖို့အတွက် မိတ်ဖက်တစ်ခုလိုပါပဲ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ဝိုင်သောက်သုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။ ဝိုင်မှာ တခြားအကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။ ဝိုင်ဟာ အသားအရေကြည်လင်စေပြီး နှလုံးနဲ့ ကင်ဆာရောဂါတွေ အဖြစ်နည်းစေပါတယ်။
နေ့စဉ်လူမှုဘဝမှာ ကြုံရတဲ့ စိတ်ဖိစီးမှုကိုလည်း ဝိုင်သောက်သုံးမှုက အထိုက်အလျောက် ကုစားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဝိုင်သောက်တာက Stress လျှော့ချရာမှာ ကောင်းကျိုးတွေ ရှိတာလဲဆိုတာကို လေ့လာရာမှာ အခုပြောမယ့်အချက်တွေ ထွက်လာတာ တွေ့ရပါတယ်။
(၁) ဝိုင်က အကြောအချဉ်တွေ ပြေလျော့စေတယ်

Photo: Unsplash
ဝိုင်နီသောက်သုံးမှုဟာ စိတ်လက်ပေါ့ပါးမှုကို သိသိသာသာ တိုးစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဝိုင်သောက်ချိန်မှာ လူ့ခန္ဓာကိုယ်ဟာ တစ်နေကုန်တင်းတောင့်နေတဲ့ စိတ်အကြော ရုပ်အကြောတွေကို ဖြေလျှော့ပေးနိုင်တာကြောင့် အလိုလိုနေရင့် စိတ်လက် ကြည်လင်ချမ်းမြေ့လာတာကို ခံစားရတာပါ။
(၂) စိတ်ဓါတ်ကျဆင်းမှုကိုလည်း ဆန့်ကျင်တယ်

Photo: Unsplash
ဝိုင်ဟာ ဦးနှောက်ကို စိတ်ဓါတ်ကျစရာတွေနဲ့ ဝေးအောင် ကူညီပေးနိုင်ပါတယ်။ ဝိုင်ဟာ ဗဟိုအာရုံကြောစနစ်ပေါ် သက်ရောက်မှု ရှိပါတယ်။ ဝိုင်အပါအဝင် အယ်လ်ကိုဟောအားလုံးမှာ Antidepressant လို့ ခေါ်တဲ့ စိတ်ဓါတ်ကျမှုကို တန်ပြန်နိုင်စွမ်း ပါရှိပါတယ်။ များများသောက်ရင်တော့ အိပ်စက်မှုကို ထိခိုက်ပြီး စိတ်ဓါတ်ကျဆင်းမှုကို ပိုဆိုးစေနိုင်လို့ သတိပြုရမှာပါ။
(၃) ပျော်ရွှင်ကြည်လင်တဲ့ စိတ်ခံစားချက်ကို မြှင့်တင်နိုင်ပါတယ်

Photo: Unsplash
ဝိုင်သောက်လိုက်တဲ့အခါ စိတ်ထဲမှာ ကြည်နူး ပျော်ရွှင်ပြီး စိတ်လှုပ်ရှားတယ်လို့ ခံစားလာရပါတယ်။ Wine ဟာ Mood Booster တစ်မျိုးပါပဲ။ သင့်တင့်တဲ့ ပမာဏအတိုင် သောက်သုံးရင် ဝိုင်သောက်တဲ့အခါ ပျော်ရွှင်မှု ရနိုင်ပါတယ်။
(၄) ဒဏ်ရာတွေ ကုစားပေးတယ်

Photo: Unsplash
စိတ်သောကနဲ့ဒဏ်ချက်တွေကို ဝိုင်က အသင့်အတင့်ကုစားပေးနိုင်ပါတယ်။ ဝိုင်ကို ဟင်းချက်ရာမှာလည်း သုံးနိုင်လို့ ကိုယ်နှစ်သက်ရာအသားငါး တစ်ခုခု ချက်ပြုတ်ချိန်မှာ ဝိုင်နီထည့်ချက်ပြီး စားသုံးပေးရင် စိတ်သောကတွေကို Diet လုပ်ပြီး ဖယ်ရှားကုစားပေးနိုင်မှာပါ။
(၅) Stress ကို နိုင်တဲ့ ဓါတ်ပါတယ်

Photo: Unsplash
ဝိုင်မှာပါတဲ့ Resveratrol ဆိုတဲ့ ဓါတုပစ္စည်းဟာ ဦးနှောက်ထဲက စိုးရိမ်သောက ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျဆင်းမှုကို ဖြစ်စေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို ရပ်ဆိုင်းနိုင်စွမ်းရှိပါတယ်။ Resveratrol ဟာ DNA နဲ့ အကြိတ်ဖြစ်စေတဲ့ ဗီဇတွေကို ပြုပြင်နိုင်ပြီး ဗီဇသက်တမ်း ပိုရှည်အောင် အထောက်အပံ့ပေးတဲ့ ပရိုတိန်းကိုလည်း ထုတ်ပေးပါတယ်။ ဒီနည်းနဲ့ ဝိုင်သောက်သူတွေဟာ စိတ်ဖိစီးမှု လျော့နည်းပြီး အသက်ရှည်ဖို့ အလားအလာ ပိုများတာ ဖြစ်ပါတယ်။
