ကျနော်တို့ရဲ့ နေ့စဉ်ဘဝကို မိုးလင်းကနေမိုးချုပ် အလုပ်သွားတယ်၊ ညစာအတွက်ပြင်ဆင်တယ်၊ အဝတ်လျှော်တယ်၊ ညစာစာပြီးတာနဲ့ ည (၁၁) ထိုးတာနဲ့တချို့ဆို (၁၀) နာရီထိုးတာနဲ့ အိပ်ယာဝင်ကြတယ် စသဖြင့် အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတတ်ကြပါတယ်။ တကယ်တမ်းပြန်တွေးကြည့်မယ်ဆိုရင် နေ့စဉ်ရက်ဆက် ဒီအရာတွေပဲ ထပ်ခါထပ်ခါလုပ်နေရတာဟာ အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းပါတယ်။

ဒီလိုမှမဟုတ်ပဲနဲ့ သင့်နေ့စဉ်ဘဝရဲ့ အားလပ်ချိန်တွေကို အချိန်ဇယားဆွဲထားလိုက်မယ်ဆိုရင်တော့ အနားယူချိန်၊ အပန်းဖြေချိန်တွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပါ။ အခု Kwee Page ကနေ သင့်ရဲ့နေစဉ်ဘဝ အချိန်ဇယားထဲမှာ အားလပ်ချိန်ကို ဘာကြောင့်ထည့်သင့်သလဲဆိုတာ ပြောပြပေးသွားမှာပါ။

(၁) အားလပ်ချိန်က အရေးကြီးလာမယ်

Source: Endless Events

သင့်နေစဉ်ဘဝ အချိန်ဇယားထဲမှာ အားလပ်ချိန်ကို ထည့်ခြင်းအားဖြင့် ဘဝမှာ အနားယူချိန်၊ အားလပ်ချိန်ဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိလာမှာပါ။ ဒီလိုလုပ်ဖြင်းအားဖြင့် အားလပ်ချိန်ဟာ သင့်အလုပ်ထက် ပိုပြီး အရေးပါလာနိုင်ပါတယ်။

(၂) အားလပ်ချိန်ပိုရလာမယ်

Source: B2B CFO

အချိန်တွေဘယ်လောက်များ အလုပ်အတွက် သင့်အားလပ်ချိန်တွေကို အသုံးပြုပြီးပြီလဲ။ သင်သာ အားလပ်ချိန်တွေကို ဘယ်မှာရှိမယ်၊ ဘယ်လိုဖြတ်သန်းမလဲဆိုတာ အချိန်ဇယားဆွဲထားမယ်ဆိုရင် ဒီလိုဖြစ်စရာ အကြောင်းရှိလာတော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး မိမိရဲ့အချိန်ဇယားတွေဆွဲပြီး အလုပ်ရှင်ကိုပြထားမယ်ဆိုရင် အလုပ်ပိတ်ရက်တွေမှာ သို့မဟုတ် ညဖက်တွေမှာ အလုပ်မလုပ်နိုင်ကြောင်း အလွယ်တကူပြောလို့ရပါပြီ။

(၃) အားလပ်ချိန်တွေကို အကျိုးရှိရှိ အသုံးချလာမယ်

Source: Capitol Technology University

အားလပ်ချိန်တွေဟာ ဘဝအတွက် အရေးပါတယ်ဆိုတာသိလာတာနဲ့အမျှ သင့်ရဲ့အားလပ်ချိန်တွေကို အလွယ်တကူမလိုအပ်တဲ့နေရာတွေမှာ ဖြုန်းတီးတော့မှာ မဟုတ်ပါဘူး။ Facebook သုံးခြင်း တီဗီ ကြည့်ခြင်းတွေကို သင့်ရဲ့ အချိန်ဇယားထဲမှာ မထည့်ထားဖို့ အကြံပေးပါရစေ။

(၄) သင့်ရဲ့ဘဝကို ထိန်းချုပ်လာနိုင်မယ်

Source: List25

အားလပ်ချိန်အတွက် အချိန်ဇယားတွေ ဆွဲခြင်းအားဖြင့် ဘဝမှာ ဘယ်အရာတွေက အရေးပါလဲ၊ ဘယ်လိုအရာတွေအတွက် အချိန်ပိုပေးသင့်လဲဆိုတာ သိလာပါလိမ့်မယ်။ ညစာစားဖို့အတွက် သို့မဟုတ် တခုခုလုပ်ဖို့အတွက် အချိန်ဇယားတွေဆွဲတာကို ရိုးရှင်းတဲ့အလုပ်တခုလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ တိုတောင်းတဲ့ အချိန်အတွင်းမှာ မိမိရဲ့အားလပ်ချိန်ကို ဘယ်လို အကျိုးရှိရှိအသုံးချရမလဲဆိုတာက လွယ်တဲ့အလုပ်တခု မဟုတ်ပါဘူး။

(၅) ဘဝအတွက် အရေးပါတာတွေ သိလာမယ်

Source: Allign Thoughts

တချိန်လုံးနီးပါး အလုပ်များနေခြင်းက လူတယောက်ကို ကြောင်တောင်တောင် ဖြစ်စေဖို့ လမ်းစတစ်ခုလိုပါပဲ။ သင့်ရဲ့ လက်ရှိအလုပ်၊ လက်ရှိစီးပွားရေးလုပ်ငန်းက တစ်သက်လုံး လုပ်သွားရမဲ့ အရာ မဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ မျှတတဲ့ အားလပ်ချိန်လေးရှိဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဖြင်းအားဖြင့် ဘဝမှာ အလုပ်ထက် အရေးကြီးတဲ့အရာတွေ၊ ဘဝမှာ လုပ်သင့်တဲ့အရာတွေ အများကြီးရှိတာကို သိလာမှာပါ။