နေ့စဉ်ဘဝကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒများ၊ အကြံဉာဏ်များကို စုစည်းလိုက်တဲ့အခါ ကိုယ့်ဘဝအတွက် ရည်မှန်းချက်ဆိုတာ ဖြစ်တည်လာပါတယ်။ ကိုယ့်ရဲ့ အောင်မြင်ခြင်း ပန်းတိုင်သည် ကိုယ့်ရဲ့ စိတ်ကူးထဲကနေဖြစ်တည်လာတဲ့အရာဖြစ်ပြီး ကိုယ့်ရဲ့ စိတ်ကူးကို အကောင်အထည် ဖော်နိုင်မှသာလျှင် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

လူသားတိုင်း လူသားတိုင်းသည် ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်ပါတယ်။ ဘာ့ကြောင့် ကြိုးစားသင့်သလဲဆိုတော့ …

ပိုမိုပျော်ရွှင်စေလို့

5 Reasons You Should Fulfill Your Dreams

ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်များ ပြည့်ဝသွားတဲ့အခါ ပျော်ရွှင်မှုကို အတိုင်းထက်အလွန် ခံစားရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

သင့်ရဲ့စိတ်သည် စိတ်ဝင်စားမှုအကောင်းဆုံးအရာကိုသာ ရှာဖွေနေတာဖြစ်ပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အရာများကိုလည်း မပြုလုပ်ချင်အောင် အချိန်ဆွဲထားလေ့ရှိပါတယ်။ ပျော်ရွှင်မှုသည် သင့်ရဲ့ စိတ်ဝင်စားမှုကို မြင့်တက်လာအောင် လုပ်ဆောင်ပေးတာပဲ ဖြစ်ပါတယ်။

သင် အမှန်တကယ် ပျော်ရွှင်နေတဲ့အခါ နေ့ရက်တိုင်းကို အလုပ်လုပ်နေရတယ်လို့ မခံစားရတော့ဘဲ ကိုယ် ဝါသနာပါတဲ့အရာကို ပြုလုပ်နေရတယ်လို့ ခံစားသွားရပါလိမ့်မယ်။

နောင်တတရားများ ကင်းဝေးသွားစေလို့

5 Reasons You Should Fulfill Your Dreams

ကိုယ် ဖြစ်ချင်တဲ့အရာကို မလုပ်လိုက်ရလေခြင်းဆိုတဲ့ နောင်တမျိုးနဲ့ ကင်းဝေးစေဖို့အတွက် ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်သင့်ပါတယ်။ ကိုယ့်နှလုံးသားရဲ့ အသံကို နားထောင်ပါ။ ဦးနှောက်နဲ့ ဆုံးဖြတ်ပြီး ကိုယ် လုပ်ချင်တဲ့အရာများကို ဖြစ်မြောက်အောင် ဆောင်ရွက်လိုက်ပါ။ ဒါဆိုရင်တော့ နောင်တတရား ကင်းဝေးစွာနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေတယ်

5 Reasons You Should Fulfill Your Dreams

ကိုယ့်နှလုံးသားထဲက အသံကို နားထောင်ပြီး ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့သူတစ်ယောက်သည် မိမိကိုယ်ကိုယ် Confidence လည်း တိုးစေပါတယ်။ မိမိကိုယ်ကိုယ် Confidence ရှိခြင်းသည် အချိန်တိုအတွင်းမှာ အောင်မြင်မှုကို ချက်ချင်းဆွတ်ခူးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အောင်မြင်မှုနဲ့ တဖြည်းဖြည်း နီးကပ်လာအောင် တဆင့်ချင်းစီ တက်လှမ်းနိုင်အောင် ကူညီပေးပါတယ်။

တင့်တောင့်တင့်တယ်နေနိုင်အောင် ကူညီပေးလို့

5 Reasons You Should Fulfill Your Dreams

မပျင်းမရိ မခိုမကပ်ဘဲနဲ့ အလုပ်လုပ်တဲ့သူသည် တစ်နေ့မှာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။ အချိန်ရှိသရွေ့ ပျင်းရိနေမယ်၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဝေးစွ၊ ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးနေမယ်ဆိုရင်တော့ ဆင်းရဲဒုက္ခကို ခံစားရမှာဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်က လုံ့လအပြည့်နဲ့ အားစိုက်ထုတ်မှသာလျှင် ဘဝမှာ မပူမပင်မကြောင့်မကျ နေထုင်ရမှာဖြစ်ပြီး ကိုယ့်ရဲ့အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတိုင်းသည် သူတို့နှစ်သက်မြတ်နိုးတဲ့ အလုပ်ကို လုပ်ကိုင်ရင်း ကြွယ်ဝချမ်းသာလာကြတာဖြစ်ပါတယ်။

တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင် ကူညီပေးလို့

5 Reasons You Should Fulfill Your Dreams

ပြည့်လျှံနေတဲ့ ရေခွက်ထဲ ရေထဲ ဆက်လောင်းထည့်နေခြင်းက ရေတွေ လျှံထွက်ပြီး အလကားဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ထိုလျှံထွက်သွားတဲ့ရေတွေကို အခြားသော ခွက်အလွတ်တွေထဲ ဖြည့်ထည့်လိုက်တဲ့အခါ အခြားသောခွက်တွေထဲမှာလည်း ရေပြည့်သွားမှာမဟုတ်လား။

ထိုနည်းတူစွာပဲ ကိုယ့်ဆီမှာ ချမ်းသာကြွယ်ဝမှု၊ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝလာတဲ့အခါ အခြားသော အားနည်းသူများထံ၊ အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ကိုယ် တတ်နိုင်သလောက် အားဖြည့်ကူညီပေးတဲ့အခါ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် အမှန်တကယ် အကျိုးပြုပြီး တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်စေပါတယ်။

Source: Everydaypower.com

Featured Image Source: Inc. Magazine