ပြဿနာတွေ မေ့ဖို့ အရက်သောက်ဖြစ်တယ်ဆိုရင် ပိုပြီး စိတ်လေသွားတတ်ပါတယ်။ တစ်ခါတစ်လေမှာ အသောက်များရင် နောက်တစ်နေ့လုံး ခေါင်းခိုက်ပြီး အစားအသောက် ပျက်သွားတာလောက်ပဲ ဖြစ်တတ်ပေမယ့် တစ်ချို့သူတွေကတော့ Hangxiety လို့ ခေါ်တဲ့ အရက်ကြောင့် စိတ်ဓါတ်ကျတာ ၊ ဖိအားများပြီး ပူပင်သောကရောက်တာတွေ ကြုံပါတယ်။ ဒီလို ဖြစ်တာ အကြောင်းရှိပါတယ်။

(၁) စိတ်ဓါတ်ကျခြင်းကို အားပေးတယ်

Source: Alcohol Rehab Guide

အယ်လ်ကိုဟောဓါတ်ဟာ ဦးနှောက်ကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေဖြစ်တဲ့ Serotonin နဲ့ Dopamine လယ်ဗယ်ကို ထိခိုက်နိုင်စေပါတယ်။ တစ်နည်းအားဖြင့် ပထမ သောက်ခါစမှာ တက်ကြွမှု ဖြစ်နေတယ်ဆိုပေမယ့် Serotonin နဲ့ Dopamine ဓါတ်တွေကို မျှခြေတိုက်စားသွားလို့ နောက်တစ်နေ့မှာ စိတ်ရှုပ်တာ ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်သွားပါတယ်။

(၂) အဆိုးအာရုံတွေ ပိုဝင်စေပါတယ်

Source: Healthline

အရက်ကြောင့် မှားတယ်ဆိုတဲ့ စကားဟာ စကားလုံး သက်သက်မဟုတ်ပါဘူး။ အရက်ရေချိန်မြင့်လာလေလေ ကိုယ်တွေးနေတာဟာ အမှောင်ဘက်ရောက်လေလေပါပဲ။ ဒီအတွေးတွေကြောင့် အမှားလုပ်မိပြီး အဲဒီအမှားတွေကြောင့်ပဲ ပြဿနာတွေ အထပ်ထပ်တက်ပြီး စိတ်ဓါတ်ကျရပါတယ်။

(၃) အိပ်စက်ခြင်းကို ထိခိုက်စေတယ်

Source: AARP

တစ်ခွက်တစ်လေကတော့ အိပ်ပျော်စားဝင်ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် အသောက်လွန်သွားရင်တော့ အိပ်ယာထဲ တလူးလူး တလိမ့်လိမ့်နဲ့ စိတ္တဇညတွေ ဖြတ်သန်းရတော့မှာပါ။ အကျိုးဆက်ကတော့ အိပ်ရေးမဝ ၊ အရက်နာကျပြီး အလုပ်လည်း အာရုံ မစိုက်နိုင် ၊ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း ကောင်းကောင်း မဆက်ဆံနိုင်ဖြစ်လာပါလိမ့်မယ်။

(၄) ယာယီမှတ်ဥာဏ်ပျောက်ဆုံး နိုင်တယ်

Source: Recovery Connection

အသောက်များသွားရင် Blackout ဖြစ်တတ်ပါတယ်။ ညက မူးမူးနဲ့ ဘာပြောခဲ့သလဲဆိုတာ မနက်မှာ မမှတ်မိတော့ပါဘူး။ အယ်လ်ကိုဟောကြောင့် မှတ်ဥာဏ်က ယာယီ မီးပြတ်သလို ဖြစ်သွားတာပါ။ မမှတ်မိခြင်းနဲ့အတူ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ အဆင့်ရောက်ပြီဆိုရင် စိုးရိမ်သင့်ပါတယ်။

(၅) ကျန်းမာတဲ့ဘဝပုံစံ ပျက်ယွင်းလာမယ်

Source: Medical News Today

ကျန်းမာတဲ့ ဘဝပုံစံဆိုတာ အခက်အခဲနဲ့ ဖိအားတွေ ၊ ဝမ်းနည်းသောကတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့ ပုံစံပါ။ အရက်သောက်ပြီး သောကကို ရှင်းမယ်ဆိုတာ ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။ စိတ်ဝေဒနာကနေ ရှောင်ပြေးတာတစ်မျိုးပါ။ အရက်သောက်ပြီး သောက ကနေ ပြေးနေတာ တကယ်ဒုက္ခတွေ့မယ့် ထောင်ချောက်ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ ပုံစံကို မယိုင်စေမယ့် သောက်နည်းမျိုးနဲ့ သောက်ပါ။ အိပ်ရေးဝအောင်အိပ်ပြီး တတ်နိုင်သမျှ ဆေးလိပ်အရက်နဲ့ ကင်းအောင်နေပါ။ Gym ကစားတာ ၊ အဟာရပြည့်တဲ့ အစားအစာ စားတာနဲ့ စိတ်သောကနည်းအောင် တရားထိုင်တာတွေလုပ်ပြီး ကုစားသင့်ပါတယ်။