ဝတ်တတ် စားတတ်ခြင်းဟာ သင့်ရဲ့ စမတ်ကျမှုနဲ့ တန်ဖိုးကို တိုက်ရိုက်ညွှန်းဆိုပါတယ်။ အဝတ်အစားကို ကောင်းကောင်း ဝတ်ဆင်တတ်ဖို့ ဒီအချက်တွေကို လိုက်နာဖို့ လိုမှာပါ။

(၁) Fit ဖြစ်ပါစေ

Photo: Henry A. Davidsen

ဝတ်လိုက်ရင် ချပ်ချပ်ရပ်ရပ် ဖြစ်ခြင်းဟာ ဝတ်စားဆင်ယင်မှုမှာ အရေးကြီးဆုံး စည်းမျဉ်းပါ။ ကိုယ်နဲ့ ကွက်တိ Fit မဖြစ်တဲ့ ပွယောင်းယောင်း အင်္ကျီဘောင်းဘီတွေ ဝတ်တာဟာ ကိုယ့်ရဲ့ ဖက်ရှင်ကို ပုံဖျက်ရာရောက်ပါတယ်။

(၂) အရောင်ရွေးချယ်တတ်ပါစေ

Photo: thecurvymagazine

Color တွေဟာ ယုံကြည်မှုရဲ့ အမှတ်လက္ခဏာပါ။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အသားအရေနဲ့ မလိုက်ဖက်တဲ့ အရောင်မျိုး ဝတ်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

(၃) Suit ဝတ်ပါ

Photo: thebalancecareers

Suit ဟာ နေရာတိုင်း ဝတ်ရမယ့် ဝတ်စုံ မဟုတ်ပေမယ့် Suit ကို သူ့အခမ်းအနားနဲ့သူ လိုက်အောင် ဝတ်နိုင်ရင် ဖက်ရှင်မှာ အဆင်ပြေနေပါလိမ့်မယ်။ Business Casual Event တွေမှာ ဂျင်းစ်နဲ့ တီရှပ်ဝတ်တာမျိုးထက် Suit နဲ့ သွားတာ အကောင်းဆုံး အိုင်ဒီယာ ဖြစ်ပါတယ်။

(၄) နာရီကောင်းကောင်း ဝယ်ထားပါ

Photo: ashleyweston

သင့်မှာ အဝတ်အစားကောင်းကောင်း ရှိပြီးပြီဆိုရင် နာရီကောင်းတစ်လုံး ဝယ်ဖို့လည်း မမေ့သင့်ပါဘူး။ သင့် လက်ကောက်ဝတ်ပေါ်က အရည်အသွေးမြင့် နာရီတစ်လုံးဟာ သင့်ရဲ့ အသေးစိတ် စရိုက်နဲ့ ပင်ကိုယ်စတိုင်ကို ဖော်ပြပေးနိုင်ပါတယ်။

(၅) ရှုးဖိနပ်အတွက် ငွေသုံးပါ

Photo: Pexels

ဝတ်စားဆင်ယင်မှုမှာ shoes တစ်ရံရဲ့ အခန်းကဏ္ဍကို ချန်ထားလို့ မရပါဘူး။ အနက် ဒါမှမဟုတ် အညိုရောင်နဲ့ Shoes ကောင်းကောင်းဟာ အချိန်အခါမရွေး ခေတ်မီတဲ့ စတိုင်အတွက် အထောက်အပံ့တွေပါပဲ။

ဝတ်တတ် စားတတ်သူ တစ်ယောက် ဖြစ်ဖို့အတွက်ဆို အဝတ်အစားကို နေရာကာလအလျောက် ဝတ်တတ်တာနဲ့ လိုအပ်တဲ့ ဖက်ရှင် Outfit မှန်ကန်ဖို့က အဓိကပါပဲ။ နောက်တစ်ခု အရေးကြီးတာက တစ်ကိုယ်ရေသန့်ရှင်းမှု ရှိဖို့ ဖြစ်ပါတယ်။ ခေါင်းဖြီးတာ ၊ လက်သည်းတွေ ညှပ်ပေးတာ ၊ အသားအရေ ဂရုစိုက်တာ စတာတွေဟာ သေးသေးမွှားမွှား ထင်ရပေမယ့် လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ပုံဖော်တဲ့ နေရာမှာ တကယ်ကို အရေးပါတဲ့ အရာတွေဆိုတာလည်း မမေ့သင့်ပါဘူး။