မက္ကဆီကန် ဒေသထွက် ယမကာတစ်မျိုးဖြစ်တဲ့ တက်ကွီလာဟာ မက္ကဆီကိုအနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်က Tequila ဆိုတဲ့ မြို့က ထွက်ပါတယ်။ အခုတော့ တက်ကီလာဟာ ကမ္ဘာအရပ်ရပ်မှာ ထင်ရှားတဲ့ အဖျော်ယမကာ ဖြစ်နေပါပြီ။ ဒီလို နာမည်ကြီးတဲ့ တက်ကီလာကို သောက်တော့မယ်ဆိုရင် ဒီလို သောက်တာ ပိုပြီး နေရာကျပါလိမ့်မယ်။
(၁) ဒေသခံတွေ သောက်သလို သောက်ပါ
Source: inquisitr.com
မက္ကဆီကိုမှာ တက်ကီလာကို ရေခဲသေတ္တာထဲ သိမ်းပြီး နှပ်ထားပါတယ်။ သောက်ရင်လည်း ရေမရောပဲ Neat သောက်ကြပါတယ်။
(၂) ဆားနဲ့သံပုရာ ဘေးဖယ်ထားပါ
Source: EggBlog
တက်ကီလာကို အများစုက သံပုရာခြမ်း ထက်ခြမ်းခွဲတင်ထားပြီး ခွက်နှုတ်ခမ်းမှာ ဆားပွင့်တွေ သုတ်ထားပါတယ်။ တကယ်တမ်းတော့ တက်ကီလာက သူ့ပင်ကိုယ်အရသာ မြည်းတာ ပိုကောင်းပါတယ်။ သံပုရာသီးနဲ့ဆားကိုတော့ ကော့တေးလ်နွယ်ဝင် အယ်လ်ကိုဟောတွေအတွက် ထားလိုက်ပါ။
(၃) ဖြည်းဖြည်းချင်း သောက်ပါ
Source: Mostfox
တက်ကီလာ Neat တစ်ခုကို ကိုင်တော့မယ်ဆိုရင် သူ့ရဲ့ အနှစ်သာရကို သိရဖို့အချိန်ယူရပါတယ်။ တစ်ငုံ နှစ်ငုံ မြည်းရင်း အနံ့ရဲ့ အလုပ်လုပ်ပုံကိုပါ သတိထားသင့်ပါတယ်။
(၄) ကိုယ်သောက်တဲ့ အမျိုးအစားကို သိဖို့လိုပါတယ်
Source: vallartadaily
တက်ကီလာကို အမျိုးအစားခွဲမယ်ဆိုရင် အခြေခံအားဖြင့် ၃ မျိုး ရှိပါတယ်။ သက်တမ်းနုတဲ့ Blanco ၊ ၂ လကနေ ၁ နှစ်အထိ ဝက်သစ်ချသားအဖြူ စည်ထဲမှာ သိမ်းထားတဲ့ Reposado နဲ့သက်တမ်း ပိုရင့်တဲ့ Añejo ဆိုတဲ့ တက်ကီလာ ၃ မျိုးကနေမှ Tequila Añejo (Extra Age- အနည်းဆုံး ၁ နှစ်သား) ၊ Tequila Añejo (ultra Aged- သုံးနှစ်နဲ့အထက်) စသည်ဖြင့် ကွဲသွားတာပါ။ Blanco တက်ကီလာသောက်မယ်ဆိုရင် အလွတ်သောက်နိုင်သလို ဆိုဒါနဲ့သံပုရာရောပြီးလည်း သောက်သင့်ပါတယ်။ သုံးမျိုးစလုံးကို နည်းနည်းချင်း မြည်းစမ်းသင့်ပြီး ဒီထဲကမှ ကိုယ့်အကြိုက်ကို ရှာသင့်ပါတယ်။
(၅) တက်ကီလာပုလင်းထဲမှာ ပိုးကောင်မရှာပါနဲ့
Source: vinepair
နည်းနည်း ထူးဆန်းရင် ထူးဆန်းပေမယ့် တက်ကွီလာသောက်သူတွေမှာ နားလည်မှုလွဲနေတာ ရှိပါတယ်။ တက်ကီလာပုလင်းတွေအောက်ခြေနားမှာ တက်ကီလာပိုးကောင်လေးတွေ ပါသလားဆိုပြီး ကြည့်တတ်ပါတယ်။ တကယ်က တက်ကီလာဟာ ပိုးကောင်ကနေ ထုတ်ထားတာ မဟုတ်ပါဘူး။