လူသန်းပေါင်းများစွာ နေထိုင်ကြသော မြန်မာပြည်တွင် လူဦးရေထက်ဝက်ခန့်သည် ပုံမှန်ခန္ဓာကိုယ်အလေးချိန်ထက် ကျော်လွန်ကာ အဝလွန်နေကြပါတယ်။ ထိုကဲ့သို့ ဝိတ်တက်နေရခြင်းသည် ကယ်လိုရီများသော သွားရေစာမုန့်တစ်ခုတည်းကိုပဲ အပြစ်တင်လို့မရပါဘူး။ အခြားသောအကြောင်းပြချက်များကြောင့်လည်း ပါပါတယ်။
ဘယ်လိုအချက်များက သင့်ကို ကိုယ်အလေးချိန်တက်စေတာလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။
မိသားစုနဲ့အတူူတူ ထမင်းမစားလို့

လေ့လာတွေ့ရှိချက်များအရ မိသားစုလက်ဆုံ ထမင်းစားခြင်းသည် အဝလွန်ခြင်းကို တားဆီးပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိသားစုနဲ့ ထမင်းစားတဲ့အခါ ကိုယ်ချစ်တဲ့သူတွေ ကျန်းမာဖို့ရန်အတွက် အစားအစာများ ပြင်ဆင်ပေးဖြစ်ပြီး အစားအလွန်အကျွံမစားဖြစ်အောင်လည်း တားဆီးပေးပါတယ်။
ညဘက်မှာ အလုပ်လုပ်ရလို့

လူသားများရဲ့ခန္ဓာကိုယ်သည် နေ့ဘက်မှာ အလုပ်လုပ်ရပြီး ညဘက်မှာ အနားယူဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ညဘက်မှာ အလုပ်လုပ်ရတယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်သည် ကမောက်ကမဖြစ်သွားပြီး အစား စားချိန်လည်း မမှန်တော့ပါဘူး။ ထိုမှတဆင့် တဖြည်းဖြည်း ဝိတ်တက်လာပါလိမ့်မယ်။
အိပ်ချိန်နည်းနည်းလေးပဲ ရလို့

အိပ်ရေးမဝခြင်းသည် သင့်ကို ဝစေတယ်ဆိုတဲ့အချက်က သိပ္ပံနည်းကျ သက်သေပြထားတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝဖို့အတွက် အိပ်ရေးဝဝအိပ်စက်ဖို့ လိုအပ်ပါတယ်။ သင် အိပ်ရေးပျက်လေ အစားများများစားဖြစ်လေပဲဖြစ်ပါတယ်။
တီဗွီအရမ်းကြည့်လို့

တီဗွီရှေ့တွင် တစ်ရက်လျှင် ၂ နာရီခန့် တီဗွီထိုင်ကြည့်ခြင်းသည် ဝိတ်တက်ဖို့အတွက် ၂၃ ရာခိုင်နှုန်းခန့် ပိုမိုအလားအလာရှိရပါတယ်။ တီဗွီရှေ့မှာ အိပ်ပျော်သွားခြင်းသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ လေ့လာတွေ့ရှိချက်များအရ အိပ်ပျော်နေစဉ်တွင် မီးအလင်းရောင်နှင့် ထိတွေ့ခြင်းသည် ဝိတ်တက်စေတဲ့ဟော်မုန်းကို လှုံ့ဆော်ပေးရာရောက်တယ်လို့ သိရှိရပါတယ်။
စိတ်ဖိစီးနေလို့

စိတ်ဖိစီးမှုခံနေရသူများသည် အဝလွန်နိုင်ချေပိုများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုများလေ အစားများများစားဖြစ်နေလို့ပါပဲ။ အထူးသဖြင့် အဆီနှင့် သကြားများတဲ့ အစားအစာတွေ ပိုစားဖြစ်ပါတယ်။ ဒါ့ကြောင့် အဝမလွန်စေဖို့ စိတ်ဖိစီးမှုကို လျော့ချပေးဖို့လိုပါတယ်။
Source: Brightside.me
