သင်ဟာ ပျော်ရွှင်မှုကို ရှာဖွေနေသူတစ်ယောက်လား။ ကျွန်တော်တို့လူသားတွေအတွက် ပျော်ရွှင်မှုရှာဖို့ ဒီလောက်ထိခက်ခဲမနေပါဘူး။ ဒီနေ့ပြောပြပေးမယ့် ပျော်ရွှင်မှုမြှင့်တင်နိုင်မယ့် နည်းလမ်းလေးတွေက ရိုးရှင်းပြီး လွယ်ကူတဲ့ လူတိုင်းလုပ်လို့ရနိုင်တဲ့ နည်းလမ်းလေးတွေပါ။ သိပ္ပံပညာရှင်တွေကိုယ်တိုင် ပြောပြထားတဲ့ ပျော်ရွှင်မှုမြှင့်တင်နိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်တာကြောင့် ပျော်ရွှင်ချင်သူတိုင်းအတွက် အသုံးဝင်စေမှာသေချာပါတယ်။

(၁) တစ်ရက်ကို ၇ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပါ

Man Exercising Outside

Photo : Intermountain Healthcare

လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဓာတ်ကျခြင်းကို ကျော်လွှားဖို့ အထိရောက်ဆုံး နည်းဗျူဟာတစ်ခုဖြစ်ပြီး ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ စိတ်ခံစားမှုကို မြှင့်တင်ပေးတဲ့ endorphins များထုတ်လွှတ်ပေးတာကြောင့် လေ့ကျင့်ခန်းပုံမှန် လုပ်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ သိပ္ပံပညာရှင်တွေကတော့ တစ်ရက်ကို ၇ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ရင်ပဲ လုံလောက်တယ်လို့ဆိုထားပါတယ်။

(၂) ၁ နှစ်မှာ နာရီ ၁၀၀ ခန့် တခြားသူတွေအတွက် ကူညီပါ

Charity Man Encouraging Other People Giving Food For Homeless

Photo : 123RF

လေ့လာမှုတွေအရ ပရဟိတအဖွဲ့အစည်းတွေ လူမှု့ကူညီရေးအသင်းအဖွဲ့တွေမှာ တက်ကြွစွာပါဝင် လုပ်ကိုင်နေသူတွေဟာ ပျော်ရွှင်မှု ကိုမြင့်ကြပါတယ်။ တခြားသူတွေကို ကူညီရတာဟာ ကူညီခံရသူတွေအတွက်လည်း ပျော်ရွှင်မှုခံစားရသလို သင့်ကိုယ်တိုင်လည်း ပိုပြီး ပျော်ရွှင်ရစေပါတယ်။ ဒါကြောင့် တစ်နှစ်ကို နာရီ ၁၀၀ ခန့် လူမှု့ကူညီရေးလုပ်ငန်းတွေမှာဖြစ်စေ တခြားသူတွေအတွက် အကူညီပေးတဲ့နေရာတွေမှာဖြစ်စေ အချိန်ကုန်ဆုံးသင့်ပါတယ်။

(၃) အပြုံးနဲ့ တစ်နေ့တာကို စတင်ပါ

Man Waking Up Happy

Photo : Mattress Express

တစ်နေ့တာကို စတင်တဲ့မနက်ခင်းအချိန်တွေမှာ အပြုံးနဲ့စတင်ဖို့ သိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။ ပြုံးခြင်းဟာ ကျန်းမာပျော်ရွှင်ခြင်းနှင့် ဆက်စပ်နေပြီး ဦးနှောက်အာရုံကြောများကို နိုးကြားလန်းဆန်းစေပါတယ်။ ဒါကြောင့် အိပ်ရာနိုးထလာတာနဲ့ အရင်ဆုံး ပြုံးဖို့ ကိုယ်ကိုယ့်ကို သတိပေးပါ။ တစ်နေ့တာလုံးကို စိတ်ခံစားမှုကောင်းစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

(၄) အပြုသဘောဆောင်တဲ့စိတ်ကို ရှေ့တန်းတင်ပါ

Smiling handsome man

Photo : The Shovel

အပြုသဘောဆောင်တဲ့ စိတ်သဘောထားဟာ ပျော်ရွှင်မှုသုခကို တိုးပွားစေကြောင်း သိပ္ပံနည်းကျ သက်သေပြချက်တွေရှိပါတယ်။ အပြုသဘောဆောင်တဲ့စိတ် အကောင်းမြင်စိတ်ကို ရှေ့တန်းတင်ထားရင် ဘဝမှာတွေ့ကြုံရမယ့် အဆင်မပြေမှုတွေ အဆိုးဆုံးအခြေနေတွေကိုတောင်မှ ကောင်းမွန်စွာကျော်လွှားနိုင်မှာပါ။ဒါကြောင့် တက်နိုင်သလောက် ကိစ္စတိုင်းကို အပြုသဘောဆောင်တဲ့စိတ်နဲ့ရှု့မြင်တက်ဖို့ အကြံပြုချင်ပါတယ်။

(၅) ပစ္စုပ္ပန်ကိုအာရုံစိုက်ထားပါ

Handsome man in basic t-shirt smiling and holding mobile phone

Photo : PhotoDune

အတိတ်ကနောင်တတွေ အနာဂတ်ရဲ့ပူပင်သောကတွေဟာ ကျွန်တော်တို့ရဲ့လက်ရှိ ပစ္စုပ္ပန်ရှင်သန်ချိန်ဘဝရဲ့ ပျော်ရွှင်မှုတွေကို တိုက်စားနေတဲ့အရာတွေဖြစ်ပါတယ်။ ပျော်ရွှင်မှုအနှစ်သာရကို အမှန်တကယ်ခံစားနိုင်ခြင်းဟာ လက်ရှိ ပစ္စုပ္ပန်ကာလကို အပြည့်အဝ အာရုံစိုက်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ကိုလည်း ပြန်မသွားနဲ့ အနာဂတ်ကိုလည်းတွေးမပူနဲ့ လက်ရှိပစ္စုပ္ပန်အချိန်မှာသာ‌ပျော်အောင်နေရမှာဖြစ်ပါတယ်။

Featured Photo : Unsplash