မိမိကိုယ်ကို ယုံကြည်ချက်ရှိသူများသည် အလိုလိုနေရင်း ဆွဲဆောင်မှုရှိကြပါတယ်။ ဆွဲဆောင်မှုမြင့်မားဖို့ရန်အတွက် အများကြီး ကြိုးစားအားထုတ်နေစရာမလိုပါဘူး။ အခုဖော်ပြပေးမယ့် အချက်များကို ပြုလုပ်နိုင်ပါတယ်။
ဒီအချက်လေးတွေက သိပ္ပံနည်းကျ အတည်ပြုထားတာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ သံသယမရှိဘဲ ယုံယုံကြည်ကြည် ပြုလုပ်နိုင်ပါတယ်။
ပြုံးပါ

လွယ်လွယ်လေးပါပဲ။ ဒါပေမဲ့ တချို့တွေက ပြုံးရမှာကို တော်တော်ဝန်လေးကြပါတယ်။ ပြုံါ်ရယ်ခြင်းသည် သင့်ကို ဆွဲဆောင်မှု ပိုတိုးလာအောင် ကူညီပေးပြီး ပျော်ရွှင်စေတဲ့ဟော်မုန်းကိုလည်း တိုးမြှင့်ပေးပါတယ်။
အကောင်းဘက်သွားတဲ့ Body Language မျိုး အသုံးပြုပါ

၂၀၁၆ ခုနှစ်က လေ့လာထားတဲ့ သုတေသနလေ့လာချက်များအရ Body Language ကို အကောင်းဘက်သွားတဲ့ လက်နေဟန်ထား အသုံးပြုခြင်းက သင့်ကို ဆွဲဆောင်မှုပိုတိုးစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ တစ်ချိန်လုံး လက်ပိုက်ထားတာမျိုးကတော့ သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေပြီး သင့်အနား ဘယ်သူမှ ကပ်ချင်မှာမဟုတ်တော့ပါဘူး။
အနီရောင် အဝတ်အစား ဝတ်ဆင်ပါ

အနီရောင်သည် စွမ်းအားကြီးခြင်း၊ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ခြင်း၊ လိုအင်ဆန္ဒပြင်းပြခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ တစ်ကိုယ်လုံး အနီရောင် မဝတ်ဆင်မိဖို့ပါပဲ။ အနီရောင်ရှပ်အင်္ကျီ (သို့) ဆွယ်တာ (သို့) ဂျက်ကတ်လေး ဝတ်ဆင်ရင်ပဲ လုံလောက်ပါပြီ။
အမြဲတမ်း အဆက်အသွယ်ရှိနေရပါမယ်

ယနေ့ခေတ်မှာတော့ ဖုန်းလေးတစ်လုံးရှိရုံနဲ့တင် နေ့စဉ်အဆက်အသွယ်ပြုလုပ်နိုင်ပါတယ်။ ဖုန်းဆက်ပြောတာမျိုးမဟုတ်ဘဲ မက်ဆေ့နဲ့ စာပို့တဲ့အခါ ဒီအချက်တွေကို သတိထားပေးပါ။
တိုတိုနဲ့ လိုရင်းသာရေးပါ။ မက်ဆေ့ပို့ခြင်းသည် သင့်ရဲ့လေသံ အနိမ့်အမြင့်ကိုလည်း မကြားရ၊ ခန္ဓာကိုယ် အမူအရာနဲ့ မျက်နှာသွင်ပြင်ကိုလည်း မမြင်ရတဲ့အတွက်ကြောင့် စာလက်ခံရရှိသူသည် အဓိပ္ပာယ်ကောက်လွဲသွားနိုင်တာကြောင့် မက်ဆေ့မပို့ခင်မှာ သေချာစဉ်းစားပါ။
Emojis များ တွင်တွင်ကျယ်ကျယ် အသုံးပြုပါ။ ထိုကဲ့သို့ အသုံးပြုခြင်းသည် သင့်ရဲ့ရင်းနှီးဖော်ရွေမှုကို ဖော်ပြခြင်းပဲဖြစ်ပါတယ်။
နေကာမျက်မှန် ဝတ်ဆင်ပါ

အမျိုးသားတွေက နေကာမျက်မှန် ဝတ်ထားရင် ပိုပြီး ဆွဲဆောင်မှုရှိတယ်ဆိုတာကို UK က တက္ကသိုလ်တစ်ခုက သုတေသနပြုချက်အရ လေ့လာတွေ့ရှိရပါတယ်။ နာမည်ကြီးဆယ်လီတွေကို အခမ်းအနားတော်တော်များများက နေကာမျက်မှန်ဖြင့် တွေ့မြင်ရခြင်းက ဒီအချက်ကြောင့်လည်း ဖြစ်ပါတယ်။ နေကာမျက်မှန်တပ်ဆင်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ခံစားချက်ကို ဖုံးကွယ်ထားနိုင်ပါတယ်။
Source: Realmenrealstyle.com
