ဘဝကိုပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းချင်တဲ့သူတော့ ရှိကြမယ်မထင်ပါဘူး။ လူတိုင်းလူတိုင်းက နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းချင်ကြမှာပါ။ နေ့စဉ်အခုပြောပြမယ့်အရာလေးတွေလုပ်ဆောင်ကြည့်မယ်ဆိုရင် စာဖတ်သူတို့ရဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ရမယ်ဆိုတာ သေချာပေါက်ပါပဲ။

(၁) ကောင်းတဲ့အရာတွေနဲ့ နေ့တစ်နေ့ကိုစတင်ပါ

Source : The Telegraph

နေ့တစ်နေ့ရဲ့ အစကိုကောင်းမွန်တဲ့အရာတွေနဲ့ စတင်ခြင်းက ဖြတ်သန်းရမယ့်တစ်နေ့တာလုံးမှာ စိတ်ကြည်လင်လန်းဆန်းခြင်းတွေကိုပေးစွမ်းပါလိမ့်မယ်။ အိပ်ယာနိုးတာနဲ့ နေ့တစ်ခွက်သောက်ပါ။ လေ့ကျင့်ခန်း ၁၅ မိနစ်လောက်လုပ်ပေးပါ။ အဟာရပြည့်ဝတဲ့ မနက်စာကိုအချိန်ပေးပြီးစားသုံးပါ။ မကောင်းတဲ့အတွေးတွေအဝင်မခံပါနဲ့။ ဒီလိုကောင်းတဲ့အရာတွေနဲ့ သင့်ရဲ့ တစ်နေ့တာကိုစတင်မယ်ဆိုရင် တစ်နေ့တာလုံးအားအင်ပြည့်ဝလန်းဆန်းပြီးပျော်ရွှင်မှုကိုခံစားရစေမှာပါ။

(၂) အကောင်းမြင်စိတ်မွေးပါ

Source : HypnoTC

အကောင်းမြင်စိတ်က လူတစ်ယောက်ရဲ့စိတ်ကိုအများကြီးပြောင်းလဲပေးနိုင်ပါတယ်။ စိတ်ညစ်စရာကိစ္စတစ်ခုခုနဲ့ကြုံလာရင်တောင်မှ အကောင်းဘက်ကလှည့်တွေးပြီး အဆိုးထဲကအကောင်းကိုရှာနိုင်ရင် စိတ်ဖြေရာရောက်ပါတယ်။ဒါကြောင့်တက်နိုင်သလောက် အကောင်းမြင်စိတ်မွေးပါ။ အကောင်းမြင်စိတ်မွေးမြူတဲ့အခါ ပျော်ရွှင်ရတဲ့အချိန်တွေလည်းပိုပြီးရလာမှာပါ။

(၃) အတ္တဆန်တဲ့စိတ်တွေလျော့ချပါ

Source : healthmagazine

အတ္တဆန်တယ်ဆိုတာတကယ်တော့ မကောင်းပါဘူး။အတ္တစိတ်ကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဆုံးရှုံးရတက်ပါတယ်။ လေ့လာတွေ့ရှိမှုတွေအရလည်း အတ္တဆန်သူတွေဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေထက်ပိုပြီး ပျော်ရွှင်မှုပျောက်ဆုံးနေတက်ကြပါတယ်။ဒါကြောင့် ကိုယ့်အတ္တကိုရှေ့တန်းမတင်ပါနဲ့။ အတ္တတွေမာနတွေလျော့ချလိုက်ရင် သူ့အလိုလိုပျော်ရွှင်လာရပါလိမ့်မယ်။

(၄) အားကစားလုပ်ပါ

Source : Dr. Phil Maffetone

နေ့စဉ်ပုံမှန်အားကစားလုပ်ခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်စေပါတယ်။ စိတ်ဖိစီးမှုမရှိရင် ပျော်ရွှင်မှုဆိုတာပိုင်ဆိုင်ရဖို့ မခဲယဉ်းပါဘူး။အားကစားလုပ်တဲ့အခါ ခန္ဓာကိုယ်က ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေလည်းထွက်လာစေပါတယ်။ ဒါကြောင့်နေ့စဉ် ၁ နာရီလောက်ပဲအချိန်ပေးပြီး နေ့စဉ်ပုံမှန် လမ်းလျောက်တာ စက်ဘီးနင်းတာစတဲ့ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သင့်ပါတယ်။

(၅) ပြုံးပြပါ

Source : Freepik

စစ်မှန်တဲ့အပြုံးက နှစ်လိုဖွယ်ကောင်းပြီးလူတွေကိုဆွဲဆောင်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြုံးရွှင်ရယ်မောခြင်းဆိုတာ ကိုယ်တိုင်လည်းပျော်ရွှင်ရသလို ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း အပျော်ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့အပြုံးကိုတန်ဖိုးထားပါ။ လူတွေနဲ့ ချိုသာတဲ့အပြုံးနဲ့ နှုတ်ဆက်ပါ။ မနက်တိုင်း အိပ်ယာနိုးတာနဲ့ မှန်ကြည့်ပြီးကိုယ့်ကိုယ်ကို ပြုံးပြပါ။ ဒါဆိုပျော်ရွှင်တဲ့ခံစားမှုရသတွေကိုရရှိပါလိမ့်မယ်။