ကလေးဘဝတုန်းကအချိန်တွေကို ပြန်လည်တမ်းတမိတယ်။ ကလေးဘဝတုန်းက အပူအပင်ကင်းခဲ့တာ ဆိုပြီး လူတိုင်းတွေးမိကြမှာပါပဲ။ ဒီလိုတွေးရခြင်းက ကလေးတွေက လူကြီးတွေထက် တာဝန်ဝတ္တရားတွေ ယူစရာမလိုတဲ့အတွက်ကြောင့် ပိုပျော်ရွှင်ရတယ်လို့ တွေးထင်ကြလို့ပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အသက်အရွယ်ပေါ်မမူတည်ဘဲ နေ့ရက်တိုင်းကို ဘယ်လိုနည်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းကြမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ကျေးဇူးသိတတ်တဲ့လူသားတစ်ယောက်ဖြစ်ပါစေ။

Source: freepik.com

မိမိစိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်တတ်ခြင်းက ပိုက်ဆံပေးစရာမလိုပါဘူး။ မိမိကို အကူအညီပေးထားသူတစ်ယောက်ယောက်၊ ကျေးဇူးပြုထားသူတစ်ယောက်ယောက်ကို မသိကျိုးကျွံမပြုဘဲ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောပြပေးပါ။

လုပ်အားပေးအလုပ်များ ဝင်လုပ်ကြည့်ပါ။

Source: freepik.com

လုပ်အားပေးလုပ်ရတာက ပိုက်ဆံတော့ရမှာမဟုတ်ပေမယ့် ပီတိကိုတော့ စားသုံးနိုင်မှာဖြစ်ပါတယ်။ မိမိအားလပ်ရက်လေးမှာ အကူအညီလိုနေတဲ့အဖွဲ့အစည်းများ၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာစသည့်နေရာတွေမှာ ငွေအားဖြင့် မပံ့ပိုးပေးနိုင်ပါက လုပ်အားဖြင့် သွားရောက်ကူညီပေးလိုက်ပါ။ ကုသိုလ်တွေ တပုံတပင်ကြီးရရှိမှာပဲဖြစ်ပါတယ်။

ဘယ်အရာကိုမှ မျှော်လင့်ချက်မထားပါနဲ့။

Source: freepik.com

မိမိမျှော်မှန်းထားသလိုဖြစ်မလာခဲ့ရင် ပိုပြီး နာကျင်ခံစားရတာကြောင့် အကြောင်းအရာတစ်ခုခုအပေါ် ဘာကိုမှ မျှော်လင့်မနေဘဲ အကောင်းတွေ ကြုံလာခဲ့ရင် ပျော်ပျော်ကြီးစံစားလိုက်ပါ။ အခန့်မသင့်လို့ အဆိုးနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်လည်း အကောင်းဆုံးကျော်လွှားနိုင်ရပါမယ်။

လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။

Source: freepik.com

လေ့လာသင်ယူမှုနယ်ပယ်ဆိုတာ ကျယ်ပြန့်လွန်းလှပါတယ်။ ကိုယ် တတ်မြောက်ထားတဲ့ပညာရပ်ကို ဆက်လက်လေ့လာသွားလို့ရသလို ဘာမှ မတတ်မြောက်ရသေးတဲ့အရာကိုလည်း စတင်လေ့လာလို့ရပါတယ်။ သင်က စက်ဘီးမစီးတတ်သေးဘူးဆိုရင် စက်ဘီးစီးသင်ကြည့်လိုက်ပါ။ ဒါကလည်း လေ့လာသင်ယူခြင်းပါပဲ။

ကျွမ်းကျင်သူများ၊ ပညာရှိများထံမှ အကူအညီရယူပါ။

Source: freepik.com

ခေါင်းတစ်လုံးတည်းနဲ့ စဉ်းစားခြင်းထက်စာရင် မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေ စဉ်းစားခြင်းက သင့်အတွက်အကူအညီအများကြီးရရှိမှာပါ။ သက်ကြီးရွယ်အိုများထံ၊ ကျွမ်းကျင်ပညာရှိများထံမှာ အကူအညီနဲ့ အကြံဥာဏ်ရယူပြီး သင့်ရဲ့ ကိစ္စအဝဝကို အဆင်ပြေအောင် ကြိုးစားကြည့်ပါ။ ဒါဆိုရင်တော့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။