အသင့်စား စားစရာတွေ ၊ Fast food တွေဟာ ဈေးသက်သာပြီး အဆင်ပြေလွယ်ကူစွာ စားနိုင်တဲ့အတွက် လူကြိုက်များတာတော့ အမှန်ပါပဲ။ သို့သော် အသင့်စားစားစရာတွေရဲ့နောက်ကွယ်မှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ဆိုးကျိုးအန္တရာယ်တွေကလည်း ရှိနေပြန်ပါတယ်။ သင်ဟာ အသင့်စားစားစရာတွေ Fast food တွေကို နှစ်ခြိုက်စွာ အလွန်အကျူး စားသုံးနေမိတယ်ဆိုရင်တော့ အခုပြောပြမယ့် ကျန်းမာရေးပြဿနာတွေ သေချာပေါက်ကြုံတွေ့လာရနိုင်ပါတယ်။

(၁) စိတ်ဓာတ်ကျစေတယ်

 Depressed Man

Photo : Freerange Stock

အသင့်စား အစားအစာတွေဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ မကြာသေးမီက သုတေသနပြုချက်တစ်ခုအရ အသင့်စား အစားအစာတွေ အလွန်အကျွံစားသုံးသူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေ ၅၁ ရာခိုင်နှုန်းပိုများတယ်လို့ ဖော်ပြထားပါတယ်။ အဆီနဲ့ ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေစားသုံးခြင်းဟာ စိတ်ဖိစီးမှုနှင့် ပင်ပန်နွမ်းနယ်ခြင်းတွေကို အလွယ်တကူခံစားရစေပြီး စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

(၂) အရေပြားပြဿနာတွေ ဖြစ်စေတယ်

Types of skin problems on the face which are commonly observed in men

Photo : Ausin

အဆီများတဲ့ ဆီကြော်စားစရာတွေ၊ သကြားပါဝင်မှုများတဲ့ အသင့်စား စားစရာတွေ ၊ အချိုရည်တွေဟာ အသားအရေကိုပျက်စီးစေပြီး ဝက်ခြံကဲ့သို့ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် သန့်စင်ထားတဲ့သကြား၊ ဂျုံမှုန့်အဖြူနဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ဟော်မုန်းပြောင်းလဲမှုတွေကို ဖြစ်စေပြီး ဝက်ခြံဖြစ်နိုင်ခြေ ပိုများစေတာပဲ ဖြစ်ပါတယ်။

(၃) ဝမ်းချုပ်စေတယ်

Asian Business Man Constipated

Photo : Verywell Health

ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ ဆီး ၊ ဝမ်း ၊ သွေး ၊ လေ မှန်နေရမယ်လို့ပြောကြတာ ကြားဖူးကြမှာပါ။ အသင့်စား စားစရာတွေ ၊ အမြန်စား စားစရာတွေမှာတော့ အစာခြေစနစ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်ပါဝင်မှုမရှိတဲ့အတွက် အစာကြေချက်မှု လုပ်ငန်းစဉ်ကိုနှောင့်နှေးစေပြီးဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၄) အဝလွန်စေတယ်

Fat Man Standing on the bed room

Photo : Scientific American

အသင့်စား စားစရာတွေမှာ ကယ်လိုရီအလွန်မြင့်မားစွာပါဝင်တာကြောင့် အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက အဝလွန်ခြင်းရဲ့နောက်ကွယ်မှာ နှလုံး ၊ သွေးတိုး ၊ ဆီးချို ကဲ့သို့ နာတာရှည်ရောဂါတွေပါ ဖြစ်နိုင်လာပြီး အချိန်ကြာလာတာနဲ့အမျှ မကျန်းမာခြင်းတွေနဲ့ ရောဂါ တိုးလာစေမှာပဲ ဖြစ်ပါတယ်။

(၅) ကင်ဆာဖြစ်စေနိုင်တယ်

Breast Cancer in Men

Photo : American Oncology Network

အသင့်စား စားစရာတွေနဲ့ ပြုပြင်ထားတဲ့အသားတွေမှာ ကြာရှည်ခံဖို့ ဆိုဒီယမ်နိုက်ထရိတ်နဲ့ ဆိုဒီယမ်နိုက်ထရိုက်တွေကို အသုံးပြုရပါတယ်။ ၎င်းဓာတုပစ္စည်းတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပါတယ်။ ပြုပြင်ထားတဲ့အသားတွေအလွန်အကျွံစားသုံးပါက ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေဖြစ်နိုင်တယ်လို့ အာဟာရနှင့် ကင်ဆာဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။

Featured Photo : Men’s Health