ခမ်းနားကြီးကျယ်တာတွေ လုပ်ပြဖို့အတွက် တချို့လူတွေကို ဘယ်အရာကမှ မတားဆီးနိုင်ကြပါဘူး။

တချို့ အရပ်ပုတဲ့ Bodybuilder တွေက သူတို့ရဲ့အရပ်အမောင်းကို သိမ်ငယ်စရာအဖြစ်မယူဆဘဲနဲ့ ကြိုးစားခဲ့ကြလို့ အောင်မြင်သွားတဲ့သူတွေ အများကြီးပါ။ သူတို့ရဲ့အရပ်အမောင်းက သူတို့ရဲ့အောင်မြင်ကျော်ကြားမှုကို မတားဆီးနိုင်ခဲ့ပါဘူး။ အခု Kwee Page ကနေပြီးတော့ အောင်မြင်ကျော်ကြားခဲ့တဲ့ အရပ်ပုတဲ့ Bodybuilder တွေအကြောင်းပြောပြပေးမှာပါ။

(၁) Jame “Flex” Lewis (၅ ပေ ၅ လက်မ)

Flex Lewis ဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက ဝိတ်တွေ အပြင်းအထန်မပြီး လေ့ကျင့်ခဲ့တာပါ။ သူဟာ မွေးရပ်နိုင်ငံဖြစ်တဲ့ ဝေးလ်စ် Rugby ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ Rugby ကစားတဲ့နေရာ အရှောင်အတိမ်းကျွမ်းတာကြောင့် “Flex” ဆိုတဲ့ နာမည်ရခဲ့ပါတယ်။ သူဟာ Mr. Olympia 212 ပြိုင်ပွဲမှာ ခြောက်ကြိမ်တိတိ အနိုင်ရခဲ့တာကြောင့် အကောင်းဆုံး Modest Bodybuilder အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

(၂) Lee Priest (၅ ပေ ၄ လက်မ)

Lee Priest ဟာ Australia နိုင်ငံသားတစ်ယောက်ဖြစ်ပြီးတော့ Flex Lewis ထက်ပိုစောပြီး ဝိတ်ကစားခဲ့တာပါ။ အသက် ၁၃ နှစ်သားမှာ ပထမဆုံး ဆုတံဆိပ်ရခဲ့ပါတယ်။ Lee Priest ဟာ HULK ဇာက်ကားမှာလည်း Bodywork နဲ့ပတ်သက်ပြီး အကူအညီပေးခဲ့ပါတယ်။ Australian TV Show တွေမှာ လည်း ပါဝင်ပြီး သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူဟာ ပြိုင်ကားမောင်းခြင်းကိုလည်း ဝါသနာပါပြီးတော့ Rookie Of The Year (2005) မှာလည်း ပထမဆုရရယူနိုင်ခဲ့ပါတယ်။

(၃) Franco Columbu (၅ ပေ ၅ လက်မ)

Lee Priest လိုပါပဲ Franco Columbu ဟာလည်း Bodybuilder အပြင် တခြားအလုပ်တွေလုပ်ပါသေးတယ်။ Bodybuilder တစ်ယောက်မဖြစ်ခင် Boxing ထိုးခဲ့ပါတယ်။ TV Shows ပေါင်း ၂၀ ကျော်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နာမည်ကြီး The Terminator ဇာက်ကားမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူဟာ ကျေားရိုးနဲ့ အဆစ်အမြစ် ပြင်တဲ့ ဆရာဝန်အဖြစ်လည်း အသက်မွေးဝမ်းကြေင်း ပြုခဲ့ပါသေးတယ်။ IFBB Mr. Olympia 1976, 1981 တို့မှာ အနိုင်ရခဲ့ပါတယ်။

(၄) Danny Padilla (၅ ပေ ၂ လက်မ)

Danny Padilla ဟာ အသက် ၇ အရွယ်မှာကတည်းက ဝိတ်မတဲ့အားကစားကို လေ့ကျင့်ခဲ့ပါတယ်။ သူ့ကိုတော့ Rochester (New York) မှာ မွေးဖွားခဲ့ပါတယ်။ အခတ်အခဲပေါင်းများစွာ ကျော်ဖတ်ြခဲ့ပြီးတော့ IFBB (International Federation Of Body Builders) Mr. Universe And Mr. America ဆုကို တစ်နှစ်ထဲမှာပဲ ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဒီလိုမှတ်တမ်းမျိုးကို သူအပါအဝင် လူနှစ်ယောက်ပဲ သမိုင်းမှာ မှတ်တမ်းတင်နိုင်ပါသေးတယ်။

(၅) Choon Tan (၄ ပေ ၁၀ လက်မ)

Choon Tan ဟာ UK နိုင်ငံမှာ လူကောင်အသေးဆုံး ဝိတ်မပြိုင်ပွဲဝင်ခဲ့သူတစ်ယောက်အဖြစ် မှတ်တမ်းတင်ထားသူတစ်ယောက်ပါ။

Choon Tan ဘဝဟာ အလွန်ပဲခက်ခဲပါတယ်။ သူ့မှာ အရိုးနဲ့ဆိုင်တဲ့ ရောဂါရှိတဲ့အတွက်ကြောင့် ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေကို ခံစားခဲ့ရပါတယ်။ အဲ့ဒီရောဂါကပဲ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဘဝကို အရှုံးမပေးဘဲနဲ့ ကြိုးစားခဲ့တဲ့အတွက်ကြောင့် UK Bodybuilding နဲ့ Fitness Federation ပြိုင်ပွဲတွေမှာ သူများနဲ့တန်းတူ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အထိ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Source: Themodestman