စိတ်ဓာတ်ကျခြင်းလို့ခေါ်တဲ့ Depression ဟာ စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အသက်ကြီးရင့်သူတွေမှာသာမက အခုခေတ်လူငယ်တွေမှာလည်း အဖြစ်များလာတဲ့ ခေတ်သစ်စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ Depression ခံစားရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပြီး အဆိုးဆုံးအခြေအနေတွေအရဆိုရင် အသက်အန္တရာယ်ပါထိခိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Depression နဲ့ပတ်သတ်ပြီး ပေါ့ပေါ့ဆဆမနေဖို့ Depression ရဲ့ ရှေ့ပြေး လက္ခဏာတွေကို ကြိုတင်သိနားလည်ထားဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) မျှော်လင့်ချက်မဲ့သလိုခံစားရမယ်

Depressed Man

Photo : The Right Step

Depression ရဲ့ ရှေ့ပြေးလက္ခဏာတွေထဲက အဖြစ်အများဆုံးတစ်ခုက ဘဝမှာ မျှော်လင့်ချက်မဲ့နေတဲ့ခံစားမှုမျိုး ခံစားလာရတာပါပဲ။ နောက်ပြီး အပြစ်ရှိသလိုခံစားရခြင်း ၊ တန်ဖိုးမရှိသလို ခံစားရခြင်း ၊  အသုံးမကျတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ထင်မြင်ခြင်း ၊ မိမိကိုယ်ကို မုန်းတီးခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြစ်လာတက်ပါတယ်။

(၂) စိတ်ဝင်စားမှုလျော့ကျလာမယ်

man Mental Health in Bed

Photo : Talkspace

စိတ်ကျရောဂါခံစားလာရပြီဆိုရင် ဘယ်အရာကိုမှကောင်းစွာစိတ်ဝင်စားမှုရှိတော့မှာမဟုတ်ပါဘူး။ သင်ချစ်မြတ်နိုးတဲ့ ဝါသနာတွေ ၊ လှုပ်ရှားမှုတွေအပေါ်မှာပါ စိတ်ဝင်စားမှုလျော့ကျလာမှာဖြစ်ပါတယ်။ နောက်ဆုံးအမျိုးသားတွေမှာ လိင်စိတ်ကျဆင်းမှုတွေဖြစ်လာပြီး ပန်းသေခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

(၃) အာရုံစူးစိုက်ရခက်လာမယ်

Depressed Man sitting on sofa

Photo : DreamLife Recovery

ကိစ္စတိုင်းကိုကောင်းကောင်း အာရုံစိုက်လို့မရတော့ပဲ စိတ်တွေအမြဲပြန့်လွှင့်နေခြင်းကလည်း Depression ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အချိန်တော်တော်များများမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးခြင်းတွေခံစားနေရပြီး ဘာကိုမှကောင်းစွာအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဘာလုပ်လို့လုပ်နေမှန်းမသိတဲ့အထိ အခြေအနေဆိုးလာနိုင်ပါတယ်။

(၄) စိတ်ခံစားမှုထိန်းချုပ်ရခက်လာမယ်

Depressed Man

Photo : Depositphotos

Mood swing ဖြစ်တယ်လို့ခေါ်တဲ့ စိတ်အတက်အကျမြန်ခြင်းတွေ ဖြစ်လာတက်ပါတယ်။ များသောအားဖြင့် စိတ်ခံစားမှုတွေ ထိန်းချုပ်ရခက်လာပြီး အခုချက်ချင်း ဒေါသတကြီးဖြစ်နေပေမယ့် နောက်တစ်မိနစ်လောက်အကြာမှာ ဝမ်းနည်းစွာငိုကြွေးမိတာမျိုးပါ။ ဒီလို တဒင်္ဂအတွင်းမှာ စိတ်အပြောင်းအလဲမြန်တာမျိုး စိတ်အတက်အကျမြန်တာမျိုးတွေဖြစ်နေပြီဆိုရင် Depression ရဲ့ လက္ခဏာဆိုတာ သတိထားသင့်ပါပြီ။

(၅) အသက်အန္တရာယ်ထိခိုက်မယ့်အရာတွေလုပ်ချင်လာမယ်

 Adult Depressed Man In Black T-shirt Suffering

Photo : Crello

စိတ်ဓာတ်ကျခြင်းဟာ တစ်ခါတစ်ရံမှာ မိမိကိုယ်ကိုအသက်အန္တရာယ်ပေးခြင်းနှင့် ဆက်စပ်နေပါတယ်။ လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုတွေဟာ စိတ်ကျရောဂါခံစားနေရသူတွေမှာ အဖြစ်များပြီး စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကြောင့် အန္တရာယ်ရှိတဲ့အရာတွေလုပ်မိဖို့ ကိုယ့်ကိုယ်ကိုတွန်းအားပေးမိလာမျိုး ဖြစ်ပါတယ်။ ဒီလိုကိုယ့်ကိုယ်ကို အသက်အန္တရာယ်ထိခိုက်မယ့်အရာတွေလုပ်ချင်စိတ်ဖြစ်ပေါ်နေတယ်ဆိုရင် မိသားစုဝင်တွေအရင်းနှီးဆုံးမိတ်ဆွေကို ရင်ဖွင့်တိုင်ပင်ပြီး အမြန်ဆုံးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါတယ်။

Featured Photo : Wunderground Music