လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးကို လူတိုင်းသိပေမယ့် အတော်များများကတော့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းရိတတ်ပါတယ်။ အထူးသဖြင့် အိမ်မှာတင်ကိုယ်တစ်ယောက်တည်း Gym ကစားသူတွေဟာ ပုံမှန်အားကစားလုပ်ဖို့ မလွယ်တတ်ပါဘူး။ကိုယ်လက်ကြံ့ခိုင်ရေးအတွက်လည်း အကျိုးရှိ အားကစားလုပ်ရာမှာ ပျော်စေဖို့ အတွက်ဆိုရင် ဒီအားကစားတွေ လုပ်သင့်ပါတယ်။

(၁) အဖွဲ့ လိုက်ကစားနည်းများ

Source: Pixabay

အားကစားလုပ်ချိန်မှာ ပျော်ဖို့အတွက် အများနဲ့ ပူးပေါင်း ကစားရတဲ့ Group Sports တွေက အများကြီး အထောက်အကူဖြစ်ပါတယ်။ကိုယ်ချည်းဆို Gym သွားဖို့ပျင်းတဲ့သူတွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူတူ လှူပ်ရှားခြင်းဟာပိုပြီး စိတ်လှူပ်ရှားစရာ ၊ ပျော်စရာ ကောင်းပါတယ်။

ဘောလုံးကစားတာ ၊ ဘော်လီဘောပုတ်တာ ၊ ဘက်စကတ်ဘောကစားတာလိုမျိုး အားကစားတွေဟာ ကစားလို့ အချိန်ကုန်မှန်းမသိ ကုန်စေသလို ကယ်လိုရီလောင်ကျွမ်းမှူ အားကောင်းလို့ ခန္ဓာကိုယ်ကအဆီတွေပါ အကျမြန်စေပါတယ်။

(၂) သူငယ်ချင်းတွေနဲ့ လမ်းထွက်လျှောက်ခြင်း

Source: Pexels

လူငယ်ဘဝက သူငယ်ချင်းတွေစုပြီး မြို့ ပြင်က တောတန်းတွေဘက်ကို လမ်းထွက်လျှောက်ခဲ့ကြ ၊ စက်ဘီးထွက်စီးခဲ့ကြတာတွေရှိခဲ့တဲ့သူတွေဟာ ဒီလိုအဖွဲ့ လိုက် အတူတူ လျှောက်သွားခဲ့ကြတဲ့ ခံစားချက်နဲ့ အကျိုးကျေးဇူးကို ကောင်းကောင်းသိကြမှာပါ။အဖွဲ့ လိုက်လမ်းလျှောက်တာဆိုတော့ ခရီးလည်းအများကြီးရောက် ၊ လူလည်းစိတ်လက် ပျော်ရွှင်ကြည်လင်ပြီးသူငယ်ချင်းတွေအကြား ခင်မင်မှူတွေလည်း ပိုတိုးပါတယ်။

အခုလည်းသူငယ်ချင်းတွေနဲ့ လမ်းထွက်လျှောက်ဖို့ အချိန်တစ်ခုခု သတ်မှတ်ပြီး မပျက်မကွက် လျှောက်ဖြစ်အောင် အချိန်ဇယားတစ်ခုဆွဲသင့်ပါတယ်။ လူတွေအများကြီးနဲ့ လမ်းထွက်လျှောက်တာ ဖြစ်လို့ စကားဝိုင်းဖွဲ့ပြီး စိတ်လည်းပျော်ရွှင် ကျန်းမာရေးလည်း ကောင်းမွန်မှာပါ။

(၃) ကခုန်ခြင်း

Source: Pixabay

ကခြင်း ခုန်ခြင်းဟာ ကမ္ဘာဦးဂီတပါ။ အကအခုန်ကြောင့် လူဟာနှလုံးကျန်းမာရေး ပိုကောင်းလာပြီး ကယ်လိုရီလောင်ကျွမ်းမှူလည်း မြင့်လာပါတယ်။ ဖြစ်နိုင်ရင် Dance Class တစ်ခု တက်ပြီး ကတာ ၊ ကိုယ့်ဘာသာ အိမ်မှာ ကနေစဉ် ဗွီဒီယိုရိုက်ပြီး ပြန်တည်းဖြတ်တာတွေ လုပ်မယ်ဆိုရင် ပိုပြီးလည်း ကဖြစ်သွားမှာပါ။

(၄) ဥယျာဉ်ပန်းမန်စိုက်ခြင်း

Source: Pixabay

ပန်းစိုက်ခြင်း ၊ သစ်ပင်ပျိုးပင် ပြုစုခြင်းဟာ သဘာဝကြီးနဲ့ အနီးဆုံး ဆက်သွယ်နေတာပါ။ ကျွန်တော်တို့ ရဲ့ အားလပ်ချိန်တွေမှာ ပန်းခြံ နဲ့ ဥယျာဉ်ပြုစုမှူမှာအချိန်ပေးခြင်းအားဖြင့် ကိုယ်လက် ကျန်းမာသွက်လက်ပြီး စိတ်လည်း နူးညံ့ ကြည်လင်လာနိုင်ပါတယ်။

အပင်စိုက်ခြင်းဟာ သတ္တလောကကြီးကို တစ်နည်းတစ်ဖုံနဲ့ စောင့်ရှောက်နေတာ ဖြစ်သလို ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အကျိုးများတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စိတ်လေနေတဲ့သူတစ်ယောက်အတွက် သစ်ပင်စိုက်ခြင်း ၊ ပန်းမန်ဥယျာဉ်ပြုပြင် ပျိုးထောင်ခြင်းနဲ့ စိတ်စုစည်းပြီး အေးချမ်းလာစေနိုင်ပါတယ်။

(၅) မိသားစုနဲ့ ကစားခြင်း

Source: Pixabay

အားလပ်ချိန်များမှာ မိသားစုနဲ့ အချိန်ပေးပြီး စက်ဘီးအတူးစီးတာ ၊ ပျော်ပွဲစားထွက်တာ ၊ ရေကူးတာ ၊ စကိတ်စီးတာ စတာတွေ လုပ်သင့်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ်လက်ကျန်းမာရေးအတွက်လည်း ကောင်းသလိုပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလည်း ရရှိစေနိုင်ပါတယ်။