မြင်လိုက်ရင် ရှင်းရှင်းသန့်သန့်နဲ့ ခန့်နေအောင် ဝတ်တတ်ခြင်းဟာ သင့်ရဲ့ ရုပ်သွင်နဲ့ ပုံစံကို အများကြီး ပြောင်းလဲပေးပါလိမ့်မယ်။ ဒီဘက်ခေတ်မှာ ရိုးရှင်းတဲ့ Minimalist စတိုင်တွေဟာ တစ်ခေတ်ဖြစ်နေတာကြောင့်လည်း Simple Outfits ဖြစ်အောင် ဝတ်တတ်ဖို့က သင့်ကို လူတွေကြားမှာ ထင်ရှားစေပါလိမ့်မယ်။ Simple Outfits တွေဟာ ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်မျိုး ဖြစ်ပြီး ဝတ်သူလည်း စိတ်တိုင်းကျ ၊ မြင်ရသူလည်း နှစ်လိုဖွယ် ဖြစ်စေပါတယ်။

Photo: Pinterest

Simple Outfit ဆိုရာမှာ တန်ဖိုးကြီး Brand တွေ ဝတ်မှ မဟုတ်ပါဘူး။ များသောအားဖြင့် Simple Outfit တွေ ဝတ်မယ်ဆိုရင် အရောင်သိပ်မတောက်တဲ့ ကာလာစပ်နဲ့ ရှပ်ကလေး ၊ Sneaker လေးတွေ ရှိရင် လုံလောက်ပါတယ်။ Simple Outfit လုပ်ဖို့ သိပ်မစဉ်းစားချင်သူတွေအတွက် အခုပြောမယ့် အိုင်ဒီယာလေးတွေက အထောက်အကူဖြစ်မှာပါ။
အိုင်ဒီယာနံပတ် ၁ အနေနဲ့ နီညိုရောင် Pant နဲ့ ရှပ်လက်တို အဖြူကို Sneaker အဖြူနဲ့ တွဲဝတ်နိုင်ပါတယ်။

တကယ်လို့ ရုံးတက်ရမယ် ၊ အစည်းအဝေးတွေ တက်စရာလည်း ရှိတယ်ဆိုရင် အပြာနုရောင် ဘောင်းဘီရှည်ကို တီရှပ်လက်တိုအဖြူနဲ့ တွဲဝတ်သင့်ပြီး အပေါ်က အပြာနုရောင် ဒါမှမဟုတ် မီးခိုးနုရောင် ဘလေဇာကုတ်တစ်ထည် ထပ်ဝတ်သင့်ပါတယ်။ ပိုပြီး ရိုးရှင်းသွားအောင်လို့ Sneaker ကိုတော့ အဖြူပဲ သုံးဖို့ အကြံပေးချင်ပါတယ်။

Source : Pinterest

အပြင်ထွက်ပြီး ထသွားလာသွားအတွက် Casual Outfit ဝတ်မယ်ဆိုရင်တော့ Jeans အနက်ရောင် နဲ့ ရှပ်အဖြူဗြောင်တွဲဝတ်လိုက်ရင် ရပါပြီ။ နောက်ထပ် Outfit ဖက်ရှင်တစ်မျိုးက အနက်ရောင် Chino Pants နဲ့ တီရှပ်အဖြူလက်တို ဝတ်နိုင်ပါတယ်။ အပေါ်မှာတော့ Jean Jacket နဲ့ဆို ရိုးရှင်းတဲ့ Simple Outfit ဖြစ်ပါပြီ။

ဒါမှမဟုတ်ရင်လည်း မီးခိုးရင့်ရောင် Pant နဲ့ မီးခိုးရောင် တီရှပ်ကိုမှ Formal Shoes နဲ့ တွဲဝတ်နိုင်ပါတယ်။Simple Outfit ဟာ Formal ပွဲတွေပဲ တက်တက် ၊ Casual အနေနဲ့ ပေါ့ပေါ့ပါးပါး အပြင်သွားတာပဲ ဖြစ်ဖြစ် ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်ဟာ အမြင်အေးပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းအတွက် အလိုက်ဖက်ဆုံးဖက်ရှင်လို့လည်း ဆိုရမှာပါ။