COVID-19 ကြောင့် အိမ်မှာ ခြေချုပ်မိနေသလို ဖြစ်နေကြမှာပါ။ ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ ထိတွေ့ပြီး ရောဂါကူးမလာစေဖို့ ကိုယ့်အသိနဲ့ကိုယ် အိမ်မှာ Self-Quarantine လုပ်ချိန်မှာ ကိုယ့်နေအိမ်ကို ပျော်စရာဖြစ်အောင် ဖန်တီးသင့်ပါတယ်။
အခုချိန်က နွေရာသီလည်း ဖြစ်နေတော့ Quarantine ရှောင်ရင်း ၊ အသားအရေ ထိန်းသိမ်းရင်းနဲ့ သင့်ပူပန်သောကတွေ အဝေးကို လျှော်ဖွပ်မောင်းနှင်ပစ်ဖို့ သင့်ရေချိုးခန်းကို Spa လုပ်ရမယ့်အချိန် ဖြစ်ပါတယ်။
(၁) သီချင်းဖွင့်ထားပါ

Photo: Mensxp
တေးဂီတဟာ သင့်စိတ်ကို ဖြေလျှော့အနားရစေတာကြောင့် Self-Quarantine ကာလမှာ ဂီတနဲ့ နေထိုင်သင့်ပါတယ်။ ရေချိုးခန်းထဲမှာ ထားမှာ ဖြစ်ဖို့ ရေမစိုစေဖို့ နံရံမှာ ချိတ်ထားလို့ရတဲ့ Bluetooth Speaker တွေကို သုံးသင့်ပါတယ်။ ဒါဟာ သင့်ရေချိုးခန်းကို Spa တစ်ခုအဖြစ် ပြောင်းဖို့ ပထမအဆင့်ပါပဲ။
(၂) လက်ဖြစ် Face Mask တစ်ခု လုပ်ပါ

Photo: Headline
အိမ်မှာ ရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ကိုယ့်ဘာသာ Face Mask တစ်ခု လုပ်လို့ရပါတယ်။ ကုလားပဲမှုန့် ၊ နံသာဖြူခေါက် ၊ ဆနွင်းတက်နဲ့ Rose Water စားပွဲတင်ဇွန်း လေးချိုးတစ်ချို့နဲ့ ပျားရည်တို့ကို ရောပြီး Face Mask လုပ်ရမှာပါ။ ဒါမှမဟုတ် သခွားသီးလေးတွေ အချပ်လိုက် လှီးပြီး မျက်နှာကပ်တာမျိုးလည်း လုပ်လို့ရပါတယ်။
(၃) အမွှေးပါ ဖယောင်းတိုင် ထွန်းပါ

Photo: Mensxp
ရေချိုးခန်း တစ်ခုကို Spa လို ခံစားရစေမယ့် အရေးကြီးတဲ့ အချက်တစ်ချက်က Scented Candle လို့ခေါ်တဲ့ အမွှေးဓါတ်ပါတဲ့ ဖယောင်းတိုင်တွေ ထွန်းထားတာပါပဲ။ Spa တွေရဲ့ အဓိကအသက်က လူရဲ့ စိတ်ခံစားမှု တုန့်ပြန်ချက်တွေကို ပြေလျော့စေမယ့် ရနံ့တွေနဲ့ ဖန်တီးထားတာ ဖြစ်လို့ သင့်အခန်းထဲမှာလည်း သင့်ကို သက်တောင့်သက်တာ ရှိစေမယ့် အမွှေးရနံမျိုးကို ဆောင်ထားသင့်ပါတယ်။
(၄) Spa သုံး Tower

Photo: Mensxp
Essential Oil တစ်စက်နှစ်စက် ထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ Tower လည်း လိုပါတယ်။ အနွေးငွေ့ဓါတ်ပေါင်းထားတဲ့ Tower ဟာ Spa ဆန်တဲ့ ခံစားမှု ပေးပါလိမ့်မယ်။
(၅) ရနံ့ပါအစိုထိန်းခရမ်

Photo: Good Housekeeping
Moisturisers တွေကတော့ ရေချိုးခန်းထဲက ထွက်လာပြီးနောက် Skin Care လုပ်ဖို့အတွက် ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်ကနေဖြစ်ဖြစ် သီချင်းကောင်းလေးတွေ ဒေါင်းထားပါ။ ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းလေးတွေ နားထောင်ရင်းနဲ့ ရေချိုးခန်းထဲက Spa အတွေ့အကြုံကို ခံစားကြည့်သင့်ပါတယ်။
