တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ စိတ်ကူးစိတ်သန်းကောင်းတွေ ဖန်တီးမှုစွမ်းရည်တွေ နိမ့်ကျပျောက်ဆုံးနေတယ်လို့ ခံစားတက်ကြပါတယ်။ တကယ်တော့ ဒါဟာသင့်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းနီးပါးဟာ အခုလို ပြဿနာတွေကြုံတွေ့နေကြရစမြဲပါ။ သင့်အနေနဲ့ အခုလို စိတ်ကူးစိတ်သန်းကောင်းတွေ ဖန်တီးမှုစွမ်းရည်တွေ နိမ့်ကျပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ အခုပြောမယ့် ရိုးရှင်းတဲ့အချက်လေးတွေက သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

(၁) သင့်ပတ်ဝန်းကျင်ကိုပြောင်းလဲပါ

Young Man Walking Down The Street

Photo : Pxfuel

ပထမဆုံးသင်လုပ်ဆောင်ရမှာပါ နေသားကျနေတဲ့ သင့်ပတ်ဝန်းကျင်ကနေ ထွက်လိုက်ပြီး နေရာသစ်တစ်ခုဆီကို သွားဖို့ပါပဲ။ ပတ်ဝန်းကျင်အသစ် နေရာအသစ်တစ်ခုက သင့်အတွက် စိတ်ကူးစိတ်သန်းကောင်းတွေ ဆန်းသစ်တဲ့အတွေးအမြင်သစ်တွေရရှိဖို့ လှုံဆောက်ပေးနိုင်ပါတယ်။

(၂) အသစ်တစ်ခုခုလေ့လာပါ

Young man student study at home using laptop and learning online

အသစ်သစ်သောအရာတစ်ခုခုကို လေ့လာပြီး သင်ကန့်သတ်ထားတဲ့ ဘောင်ထဲကထွက်လိုက်ပါ။ ဘာသာစကားတစ်ခုခုဖြစ်စေ ၊ Skill အသစ်တစ်ခုဖြစ်စေ ၊ သင်ဝါသနာပါတဲ့ ပညာရပ်တစ်ခုခုဖြစ်စေ လက်တလောမှာ စိတ်အားထက်သန်နေတဲ့ အသစ်တစ်ခုခုကိုလေ့လာကြည့်ပါ။ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရလာမှာပါ။

(၃) သဘာဝနဲ့ထိတွေ့ပါ

Man In Jungle and taking a picture with smart phone

Photo : Unsplash

စိတ်ကူးစိတ်သန်းအသစ်တွေရရှိဖို့ သဘာဝတရားကြီးရဲ့အလှအပတွေကလည်း များစွာအထောက်အကူ ဖြစ်စေပါတယ်။ သဘာဝအလှတရားတွေ ပေါင်းဆုံနေတဲ့နေရာတွေကို အလည်ပတ်ခရီးသွားတာမျိုး အနည်းဆုံးတော့ သင့်အိမ်ထဲကနေအပြင်ကိုထွက်ပြီး စိမ်းစိုလှပတဲ့ ပန်းခြံတစ်ခုခုမှာ အနားယူအပန်းဖြေတာမျိုး လုပ်သင့်ပါတယ်။

(၄) သင့်စိတ်ကို လှုံ့ဆော်ပေးနိုင်မယ့် အရာတွေရှာဖွေပါ

Man reading book at book store

Photo : NCultura

စာကြောင်းတစ်ကြောင်း ၊ Youtube ဗီဒီယိုတစ်ခု ၊ ရုပ်ရှင်တစ်ကား ၊ သီချင်းတစ်ပုဒ် စတဲ့အရာတွေကနေလည်း ကျွန်တော်တို့အတွက် Inspiration တွေများစွာရနိုင်ပါတယ်။ အကျိုးမဲ့တဲ့အရာတွေအတွက် အချိန်ကုန်ခံမယ့်အစား သင့်ကိုစိတ်ကူးစိတ်သန်းကောင်းတွေရစေမယ့် စာအုပ်လေးတွေ ၊ Youtube ပေါ်က စိတ်ခွန်အားဖြည့် ဗီဒီယိုလေးတွေ ၊ ရုပ်ရှင်နဲ့သီချင်းလေးတွေ ရှာဖွေကြည့်ရှု့သင့်ပါတယ်။

(၅) သင့်အတွေးတွေကိုချရေးပါ

Man Writing on note book

Photo : Counselling Directory

စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်မှုတွေကို လှုံ့ဆော်ဖို့ သင့်ရဲ့အတွေးတွေကို ချရေးထားဖို့လိုပါတယ်။ ပြီးခဲ့တဲ့အချိန်တွေမှာ သင်ဘာအောင်မြင်မှုတွေရအောင် စွမ်းဆောင်နိုင်ခဲ့လဲ ရှေ့ဆက်ပြီး ဘယ်လိုထူးခြားတဲ့ ရလဒ်တွေရအောင် စွမ်းဆောင်ချင်လဲဆိုတာကို သင့်အနေနဲ့ အရိုးသားဆုံး စာအုပ်မှာရေးချမှတ်သားထားကြည့်ပါ။ သစ်လွင်တဲ့စိတ်ကူးသစ်တွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်လာနိုင်ပါလိမ့်မယ်။

Featured Photo : Inc. Magazine