သင်က အသက် (၂၀) ကျော်ပေမယ့် စိတ်တိုင်းကျတဲ့အရပ်မရသေးတဲ့ သူတယောက်လား။ ဒါဆိုဒီဆောင်းပါးက သင့်အတွက်ပါပဲ။ တကယ်တော့ အသက် (၂၅) ကျော်ရင် အရပ်ထပ်မရှည်တော့ဘူးဆိုတာ လုံးဝမှန်ကန်တယ်လို့ပြောလို့မရပါဘူး။ အသက် ၂၁၊ ၂၂၊ ၂၅ ဘယ်အသက်ပဲဖြစ်ပါစေ သင့်ရဲ့ကိုယ်နေဟန်ထားကိုမှန်ကန်စေပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ အရပ်ရှည်လာစေတဲ့နည်းလမ်းတွေရှိပါတယ်။ ဒါဆိုရင် ဆောင်းပါးလေးကိုအောက်မှာဆက်ဖတ်ကြည့်လိုက်ပါဦး။
(၁) သင့်လျော်မှန်ကန်တဲ့အစားအသောက်နဲ့ အဟာရ
Source : Freepik
သင့်လျော်တဲ့အစာအဟာရက သင့်ရဲ့အရပ်အမြင့်ကိုတိုးလာစေဖို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါပါတယ်။ သင့်အနေနဲ့အရပ်ရှည်ချင်ရင် ခန္ဓာကိုယ်ကြီးထွားပြီး အရပ်ရှည်လာစေတဲ့အစားအသောက်တွေကို ရွေးချယ်စားသုံး ဖို့လိုပါတယ်။ အရပ်ရှည်စေတဲ့အစားသောက်တွေကတော့ မုန်လာဥ၊ ကြက်ဥ၊ အမဲသား၊ တူနာငါး၊ အသည်း၊ အစိမ်းရောင်အရွက်တွေ၊ အာလူး၊ ကြက်သား၊ပဲနဲ့ အခွံမာအသီးတွေနဲ့ နို့၊ နို့ထွက်ပစ္စည်းတွေဖြစ်ပါတယ်။
(၂) နေရောင်နဲ့ထိတွေ့ပါ
Source : Depositphotos
နေရောင်ခြည်မှာ အရေးကြီးတဲ့ဗင်တာမင်ဒီပါဝင်ပါတယ်။ ဗင်တာမင်ဒီက အရိုးကြီးထွားမှုအပေါ်အကျိုးသက်ရောက်မှုရှိတဲ့အတွက် အရပ်ရှည်ကြီးထွားမှုကိုကူညီပေးတယ်။ သင့်ခန္ဓာကိုယ်ကို နေရောင်ထိတွေ့ပေးပြီး ခန္ဓာကိုယ်ကလိုအပ်တဲ့ဗီတာမင်ဒီကိုရပါစေ။ နေရောင်ခံဖို့အတွက် နံနက်အစောပိုင်းနဲ့ ညနေခင်းနေရောင်ခြည်က အကောင်းဆုံးပါပဲ။
(၃) ခန္ဓာကိုယ်ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ
Source : ELTIEMPO.COM
လေ့ကျင့်လုပ်တာကလဲ ခန္ဓာကိုယ်ကြီးထွားလာအောင်နဲ့ အရပ်ရှည်အောင်လှုံ့ဆော်ပေးနိုင်တဲ့အတွက် မှန်ကန် တဲ့လေ့ကျင့်ခန်းလုပ်တာကလဲ အရပ်ရှည်လာဖို့ကူညီနိုင်ပါတယ်။ ခန္ဓာကိုယ်ဆွဲဆန့်လေ့ကျင့်ခန်းမျိုးလုပ်တဲ့အခါ သင့်ရဲ့ကိုယ်နေဟန်ထားကိုလဲတိုးတက်စေပြီး အနည်းဆုံးတလက်မအမြင့်ရှည်လာနိုင်ပါတယ်။ လေ့ကျင့်ခန်း အပြင် စက်ဘီးစီးတာ၊ ရေကူးတာလိုအားကစားလှုပ်လျားမှုတွေကလဲ အရပ်ရှည်လာစေပါတယ်။
(၄) ယောဂလေ့ကျင့်ပါ
Source : Yoga Journal
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းအပြင် ယောဂလေ့ကျင့်တာကလဲ သင့်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအားလုံးကိုကောင်း စေပါတယ်။ ယောဂကျင့်စဉ်တွေက ခန္ဓာကိုယ်ကြီးထွားစေတဲ့ဟောမုန်းတွေကိုလှုံ့ဆော်ပေးတဲ့အပြင် ကျင့်စဉ်ပုံစံအမျိုးမျိုးက ခန္ဓာကိုယ်ကိုပျော့ပျောင်းလာစေပါတယ်။
(၅) လုံလောက်စွာ အိပ်စက်ပါ
Source : A Healthier Michigan
လုံလောက်တဲ့အိပ်စက်ခြင်းက သင်နှစ်ခြိုက်စွာအိပ်မောကျနေစဉ်အတွင်းမှာ သင့်အရိုးတွေကိုရှည်လာအောင်ပြုလုပ်ပေးတဲ့အတွက် ဒီအချက်ကလဲအရေးကြီးတဲ့တချက်ပါ။ မှန်ကန်တဲ့အိပ်စက်မှုပုံစံဖြစ်ဖို့တော့လိုပါတယ်။ မှန်ကန်တဲ့အစားအသောက်၊ လေ့ကျင့်ခန်းတွေအပြင် နေ့စဉ်ကောင်းမွန်တဲ့အိပ်စက်မှုကလဲ သင့်ကိုအရပ်ရှည်လာစေဖို့ ကူညီပေးပါလိမ့်မယ်။