လူ့ခန္ဓာကိုယ်ကျန်းမာနေဖို့အတွက် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းက အရေးကြီးသလိုပဲ ဦးနှောက်စွမ်းဆောင်ရည်ပိုမိုမြင့်မားဖို့အတွက် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းလေးတွေလည်းရှိပါတယ်။ မှတ်ဉာဏ်စွမ်းအား၊ အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်ဆန္ဒပြင်းပြမှုကို လှုံ့ဆော်နိုင်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းကတော့ အသစ်အသစ်သောအရာများကို စတင်လေ့လာခြင်းပဲဖြစ်ပါတယ်။
ဒါဆိုရင် အချိန်သပ်သပ်ပေးစရာမလိုဘဲ မိမိရဲ့ မှတ်ဉာဏ်စွမ်းအားနဲ့ ဉာဏ်ရည်မြင့်မားလာဖို့အတွက် နည်းလမ်းလေးတွေကို လိုက်လံပြုကျင့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
နေ့ခင်းနေ့လည် တစ်ရေးတစ်မော အိပ်စက်အနားယူပါ

နေ့လည်ပိုင်းတွင် နာရီဝက်၊ ၄၅ မိနစ်ခန့် အနားယူခြင်းသည် မှတ်ဉာဏ်စွမ်းအား တိုးတက်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာအာရုံစူးစိုက်နိုင်အောင်လည်း ကူညီပေးပါတယ်။
စာဖတ်ခြင်း

စာဖတ်ခြင်းသည် သင့်ကိုစိတ်ကူးယဉ်ကွန့်မြူးတတ်အောင် အတွေးအခေါ်ကောင်းတွေ စဉ်းစားတွေးခေါ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အားလပ်ချိန်မှာ စာများများဖတ်ခြင်းအားဖြင့် သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါ။
ကွန်ပျူတာဂိမ်းဆော့ခြင်း

ကွန်ပျူတာဂိမ်းဆော့ခြင်းက အချိန်တိုအတွင်း နည်းဗျူဟာကျကျ စဉ်းစားတတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဖြတ်ထိုးဉာဏ်ကောင်းချင်တယ်ဆိုရင်တော့ ကွန်ပျူတာဂိမ်းက အသင့်တော်ဆုံပါပဲ။
နိုင်ငံခြားဇာတ်ကားများ၊ ရုပ်ရှင်များကို မြန်မာစာတမ်းထိုးဖြင့်မကြည့်ဘဲ ရုပ်ရှင်ရဲ့မူလအသံနဲ့ပဲ ကြည့်ပါ

နိုင်ငံခြားရုပ်ရှင်တွေကို နဂိုမူလအသံအတိုင်း ကြည့်ခြင်းက သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေမယ့်အပြင် လိုက်လျောညီထွေနေတတ်အောင် သင့်စိတ်ကို တစ်ခါတည်း ထိန်းကျောင်းပေးပြီးသားဖြစ်သွားပါတယ်။
Green Tea သောက်သုံးပါ

အာရုံစူးစိုက်နိုင်စွမ်းမြင့်မားဖို့အတွက် နေ့လည်နေ့ခင်း အနားယူချိန်မှာ လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက် သောက်သုံးပေးပါ။ Green Tea ဖျော်ရည်သည် စိတ်နှလုံးငြိမ်းအေးစေတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။
Source: Brightside.me
Featured Image Source: Buzzhawker.com
