ဘဝမှာပျော်ရွှင်မှုဆိုတာကို ပတ်ဝန်းကျင်ရဲ့ လွမ်းမိုးမှုကနေ ရနိုင်မယ့်အရာလို့ သင်ထင်မြင်ပါသလား။ တကယ်တော့ပျော်ရွှင်မှုဆိုတာ ကိုယ့်စိတ်အတွင်းကဖြစ်တည်လာတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားဖို့ ကိုယ်တိုင်မှာပဲ တာဝန်ရှိတာဖြစ်ပါတယ်။
ကိုယ့်ရဲ့စိတ်ကလေး သာယာပျော်ရွှင်မှ ပျော်ရွှင်မှုအစစ်မှန်ကို ခံစားနိုင်မှာဖြစ်လို့ ရှောင်ရှားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖုန်းနဲ့ကင်းနိုင်သမျှ ကင်းအောင်နေပါ
Source : liveabout.com
ယနေ့ခေတ်မိုဘိုင်းဖုန်းတွေဟာ လက်တစ်ဝါးစာ LED Screen လေးကနေ လူနေမှုဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို လုပ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ လူအများစုအတွက် သူမရှိရင်တစ်ရက်လောက်တောင် မနေနိုင်အောင်ကို စွမ်းဆောင်နိုင်တာပါ။ သို့ပေမယ့် အရာရာမှာ ကောင်းကျိုးဆိုးကျိုးဆိုတာ ဒွန်တွဲပြီးလာတက်တာကိုလည်းမေ့ထားလို့မရပါဘူး။
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစု၊ မိတ်ဆွေတွေထက် ဒီဖုန်းကိုပဲ အချိန်တွေပိုပေးမိလာတဲ့အခါမှာ စိတ်ထဲမှာအထီးကျန်မှုတွေ ခံစားလာကြရပါတယ်။ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်ကိုချစ်ခင်သူတွေနဲ့လဲပြီး Screen ပေါ်ကအရာတွေကိုပဲ အချိန်ပေးဖို့ မကြိုးစားပါနဲ့။
(၂) ဥယျာဉ်မှူးအဖြစ် အပန်းဖြေပါ
Source : dissolve.com
လူတော်တော်များများ မြို့ပြလူနေမှုဘဝရဲ့ မွန်းကြပ်ဖွယ်ရာ အခြေနေတွေကနေ လွတ်မြောက်ချင်ကြပါတယ်။ တခြားသောငွေကုန်ကြေးကျများစေမယ့်အရာတွေထက်စာရင် စိမ်းစိမ်းစိုစိုရှိမယ့် ဥယျာဉ်ပန်းမာန်လေးတစ်ခုဖြစ်အောင် ကိုယ့်အိမ်ရှေ့ကမြေကွက်လပ်လေးမှာဖြစ်ဖြစ် အပင်လေးတွေစိုက်ပါ။ အပင်စိုက်ခြင်းဟာ ကမ္ဘာမြေကြီးကိုကယ်တင်ရာလည်းရောက်သလို ကိုယ့်စိတ်ကိုယ်ကယ်တင်ရာရောက်ပါတယ်။
ကိုယ်စိုက်ပျိုးလိုက်လို့ သစ်ပင်၊ ပန်းပင်ကလေးတွေကိုမြင်ရင် ရရှိလာမယ့်ပီတိတွေဟာ ကိုယ်တိုင်လုပ်ဖူးမှ ဘယ်လောက်ကောင်းလဲဆိုတာ အသေချာသိနိုင်မှာမို့ အခုပဲ အကောင်ထည်ဖော်လိုက်ပါ။
(၃) ကိုယ်မသိသေးတဲ့အရာတွေကို လေ့လာသင်ယူပါ
Source: Shutterstock
ပညာရဲရင့် ပွဲလယ်တင့်ဆိုသလိုပဲ ပညာဟာ အားဖြစ်စေတာအမှန်ပါ။ လူတိုင်းလူတိုင်းအတွက် လေ့လာသင်ယူမှုဆိုတာဘယ်တော့မှ ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ သင်ယူခြင်းဆိုတဲ့လမ်းဟာ မချောမွေ့ပေမဲ့ တတ်မြောက်ခြင်းဆိုတဲ့ ပန်းတိုင်မှာတော့ ပျော်ရွှင်မှုတွေက သင့်ကိုဆီးကြိုနေမှာပါ။ တန်ဖိုးရှိတဲ့ ပျော်ရွှင်မှုမျိုး ရရှိပိုင်ဆိုင်ချင်ရင် အချိန်ကိုအကျိုးရှိရှိ အသုံးချတဲ့အနေနဲ့ မသိနားမလည်သေးတဲ့ ပညာရပ်တွေကို လေ့လာလိုက်ပါ။
(၄) ကျန်းမာတဲ့အဆီကိုစားပါ
Source : Healthline
လူအများစုဟာ အဆီလို့ကြားတာနဲ့ ကျန်းမာရေးနဲ့မသင်တော်ဘူး ထင်ကြပါတယ်။ အမှန်က အဆီတိုင်း မကောင်းတာမဟုတ်ပါဘူး။ Omega-3 ပါတဲ့ ငါးအဆီဟာ လူ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ အမျိုးစားတွေထဲက တစ်ခုပါအဝင်ပဲ ဖြစ်ပါတယ်။ ငါးအဆီဟာ လူ့ခန္ဒာကိုယ်တွင်းက အဆီတွေကိုချေဖျက်ပေးသလို စိတ်ထိခိုက်မှုကို လျော့ကျစေပါတယ်။
ဒါကြောင့် တပတ်မှာအနည်းဆုံး နှစ်ရက်လောက် Omega-3 ကြွယ်ဝစွာပါတဲ့ ငါးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝလေး ဖန်တီးလိုက်ပါ။
(၅) အဆုတ်ထဲထိလေရအောင် ရှူရှိုက်ပါ
Source : Psychology Today
လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆက်ရှင်သန်နေနိုင်ဖို့ အခြေခံကျဆုံး လုပ်ဆောင်ပေးနေတာကတော့ အသက်ရှူလမ်းကြောင်းပါ။ နှာခေါင်းကတစ်ဆင့် ရှူရှိုက်လိုက်တဲ့လေဟာ အဆုတ်နဲ့ဦးနှောက်ကို ပြည့်ပြည့်ဝဝရောက်ဖို့လိုပါတယ်။ ဒါမှသာ စိတ်ပိုင်းဆိုင်ရာ အေးချမ်းတည်ငြိမ်မှုကို ခံစားနိုင်မှာဖြစ်ပါတယ်။
တစ်ခါတစ်လေ ဒေါသအရမ်းထွက်နေတဲ့အခါမျိုးမှာ အသက်ကို ခပ်ပြင်းပြင်းလေး ရှုရှိုက်လိုက်ခြင်းဖြင့် ဒေါသစိတ်တွေ ၊ စိတ်ဖိစီးမှုတွေလျော့နည်း သွားတဲ့ ခံစားမှုမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။