ကိုယ်ကလည်း အဲဒီကောင်မလေးကို အရမ်းကို သဘောကျနှစ်ခြိုက်နေပြီ။ ကောင်မလေးကလည်း ကိုယ့်ကို သဘောကျသလိုလို ရှိပေမယ့်လည်း တကယ်ဟုတ်မဟုတ် ဆန်းစစ်ချင်တယ်။ အိန္ဒြေရရ နောက်ပိုးပိုးချင်တာ ဘယ်လို ပိုးရမလဲလဲ မသိဘူးဆိုရင်တော့ ခရက်ရှ်ကောင်မလေးကို စည်းရုံးသိမ်းသွင်းလို့ရနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

အပြုံးနဲ့ ညှို့ယူပါ

Laughing young couple lying on grass at park

Photo : Freepik

ကောင်မလေးကို တွေ့လိုက်မိတိုင်း ပြုံးသွားရတယ်ဆိုတဲ့ ခံစားမှုမျိုးကို ကိုယ်ချည်းပဲ ကြိတ်ဖီးလ်မနေပါနဲ့။ ဒီလောက်ကောင်းတဲ့ ခံစားမှုမျိုးကို ကောင်မလေးကိုလည်း ခံစားခွင့်ပေးလိုက်ပါ။ ထုတ်မပြောပေမယ့်လည်း သူ့ကိုတွေ့တိုင်း ရှင် ပြုံးမိသွားတယ်ဆိုတဲ့ ခံစားမှုကို သူကလည်း သိပ်ကျေနပ်နေမှာပါ။

ယုံကြည်မှုရှိတဲ့လူတစ်ယောက်အဖြစ် နေထိုင်ပါ

Smiling interracial business colleagues holding coffee while talking in office

Photo : Freepik

ဒါက အပြုအမူနဲ့မဆိုင်တော့ပါဘူး။ စိတ်ထားနဲ့ သက်ဆိုင်သွားပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေကိုသာ ကောင်မလေးတွေက သဘောကျကြတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ တွေဝေငေးမောတတ်တဲ့ ကောင်လေးတွေကို အထင်မကြီးကြပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ယူပါ။

မျက်လုံးချင်းစကားပြောပါ

Smiling sportsman talking to girlfriend with sports bottle in park

Photo : Freepik

ဒီနည်းလမ်းက အလွန်ကို ရိုးရှင်းပြီး အရမ်းကို ထိရောက်တဲ့ နည်းလမ်းလေးပါ။ ကိုယ်ချစ်ရတဲ့ ကောင်မလေးကို ငေးပြီး စိုက်ကြည့်မနေချင်တဲ့ လူရယ်လို့ ရှိမယ်မထင်ပါဘူး။ ကောင်မလေးကို ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးနဲ့ ငေးကြည့်ရင်း ကောင်မလေးရဲ့ ရှက်ပြုံးလေးကို လက်ဆောင်ရယူပါ။

စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက် ဖြစ်ပါစေ

smiling boyfriend pointing with hand at new tv and talking with girlfriend in home appliance store

Photo : Freepik

စိတ်ဓာတ်ကြံ့ခိုင်ပြီး ခွင့်လွှတ်သည်းခံတတ်ကာ ရည်ရွယ်ချက်ကြီးမားတဲ့ ယောကျ်ားတွေဟာ သူတို့ရဲ့ စိတ်ကို မျက်နှာပေါ်မှာ အထင်းသားပေါ်လွင်နေတတ်ပါတယ်။ အထင်ကြီးစရာပါပဲ။ ဒီလို ရုပ်သွင်နဲ့ စိတ်ထားမျိုးပိုင်ဆိုင်သူကို ပြန်လည် မခရက်ရှ်ချင်စရာအကြောင်းကို မရှိတာပါ။

လမ်းလျှောက်တဲ့ပုံစံကို သတိထားပါ

Handsome man and asian woman talking and holding paper cups

Photo : Freepik

ကိုယ့်ရဲ့ လမ်းလျှောက်မှုပုံစံဟာ ခါးကိုင်းပြီး သက်တောင့်သက်သာ မဖြစ်တဲ့ ပုံစံဖြစ်နေလား သတိထားပါ။ လမ်းလျှောက်တဲ့ဟန်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံစံမျိုးဖြစ်အောင် လေ့ကျင့်မွေးမြူပါ။ အဲဒီလိုသာ လမ်းလျှောက်မယ်ဆိုရင် သင့်ခရက်ရှ်တင်မက ကောင်မလေးတော်တော်များများကပါ ကြွေဆင်းသွားပါလိမ့်မယ်။