မိမိကိုယ်ပိုင်စီးပွားရေးဖြင့် စွန့်စားတီထွင်ကာ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိချင်တဲ့ ယောကျာ်းများအတွက် အရည်အချင်းပြည့်ဝဖို့ လိုအပ်ပါတယ်။ စွန့်စားရဲတဲ့စိတ်ဓာတ်ရှိမှသာလျှင် မိမိကိုယ်ပိုင်စီးပွားရေးဖြင့် ရပ်တည်နိုင်မှာဖြစ်သလို စွန့်ဦးတီထွင်လုပ်ငန်းသည်လည်း အောင်မြင်လာမှာဖြစ်ပါတယ်။
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် (သို့) စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ရန်အတွက် ရှိသင့်ရှိထိုက်တဲ့အရည်အချင်းများကတော့ …
ဆက်သွယ်ရေးနှင့် ဆက်ဆံရေးကောင်းမွန်ဖို့
Photo Source: Inc.com
စွန့်ဦးတီထွင်သူတိုင်း၊ စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် ဝယ်သူများနှင့် ဆက်ဆံတဲ့အခါ တစ်ယောက်ချင်းစီအတွက်သော်လည်းကောင်း၊ အစုအဖွဲ့နဲ့သော်လည်းကောင်း ပြောဆိုဆက်ဆံတတ်ဖို့လိုအပ်သလို အီးမေးလ်ပို့ခြင်း၊ အပြန်အလှန်စာပို့ခြင်း၊ အွန်လိုင်းမှ စာပို့ခြင်းတို့ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုဆက်ဆံတတ်ရပါမယ်။
ရောင်းချတတ်ဖို့
Photo Source: Carsalesprofessional.com
ကုန်ထုတ်ပစ္စည်းများသာ ရောင်းချတတ်ရမှာမဟုတ်ပါဘူး။ မိမိရဲ့အကြံဉာဏ်များကိုလည်း ဝယ်သူနားလည်လက်ခံလာအောင် ရောင်းချတတ်ဖို့လိုပါတယ်။ မိမိရဲ့ထုတ်ကုန်များ၊ အကြံဉာဏ်များကို ရောင်းချတတ်မှသာလျှင် သင့်ရဲ့စီးပွားရေးလုပ်ငန်းသည် အောင်မြင်လာမှာဖြစ်ပါတယ်။
အာရုံစူးစိုက်ခြင်း
Photo Source: Danielgoleman.info
အောင်မြင်မှုလမ်းကြောင်းသည် အနိမ့်အမြင်အတက်အကျများလှပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ ရုန်းကန်ရပါစေ၊ ခက်ခဲနေပါစေ မိမိ လုပ်ဆောင်စရာရှိတာကိုပဲ အာရုံစူးစိုက်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ လမ်းမြှောက်အရှုံးပေးလိုက်မယ်ဆိုရင်တော့ သူ့အတွက် အောင်မြင်မှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။
လေ့လာသင်ယူနိုင်စွမ်းရှိခြင်း
Photo Source: bluerangetech.com
ဘယ်လိုအခြေအနေမျိုးမှာမဆို လေ့လာသင်ယူနိုင်စွမ်းရှိတဲ့သူသည် အရှုံးကို အနိုင်ယူနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ လေ့လာသင်ယူလိုစိတ်ပြင်းပြခြင်းသည် စီးပွားရေးလုပ်ငန်းရှင်တွေမှမဟုတ်ပါဘူး။ လူတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။
စီးပွားရေးဗျူဟာများ တတ်ကျွမ်းခြင်း
Photo Source: Bohatala.com
သင် လေ့လာသင်ယူထားတဲ့ စီးပွားရေးဗျူဟာများကို စာတွေ့သိထားရုံနဲ့ မပြီးသေးပါဘူး။ တကယ့်လက်တွေ့ဘဝမှာ မှန်မှန်ကန်ကန်အသုံးချနိုင်မှသာလျှင် အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်မှာပါ။ အချို့ကလည်း အများသူငါ အသုံးပြုထားသော နည်းဗျူဟာများကို အသုံးချတတ်သလို အချို့ကလည်း ကိုယ်ပိုင်နည်းဗျူဟာများဖြင့် ထိုးဖောက်နိုင်အောင် ကြိုးစားတတ်ကြပါတယ်။ ပြိုင်ဆိုင်မှုများတဲ့ စီးပွားရေးလောကမှာ စီးပွားရေးဗျူဟာများကို မသိနားမလည်ဘူးဆိုရင် ယှဉ်ပြိုင်ဖို့ခက်ခဲလှပါတယ်။
သင့်အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်ချင်တယ်ဆိုရင်တော့ ဒီအချက်များကို သိထားဖို့လိုအပ်ပါတယ်။
Source: Investopedia.com