ကျောင်းကောင်းကောင်း တက်ရုံနဲ့ အလုပ်ရမယ်လို့ တရားသေ ယုံမှတ်မထားသင့်ပါဘူး။ အလုပ်အတွေ့အကြုံ မရှိသေးဘူးဆိုပေမယ့် အခုပြောမယ့် ပညာရပ် ၅ မျိုးကို တတ်ထားမယ်ဆိုရင် အလုပ်ရမှာ သေချာသလောက် ရှိပါတယ်။

(၁) Adobe Photoshop

Source: pexels

Photo Editing ပိုင်း သွားချင်တဲ့သူတွေ ၊ Graphic Design ဆွဲချင်တဲ့သူတွေလိုမျိုး ဖန်တီးမှုအားသန်တဲ့ သူတွေအနေနဲ့ Photoshop ကို အခြေခံကနေ ကျွမ်းကျင်အဆင့်အထိ သိထားသင့်ပါတယ်။ ဒီဘက်ခေတ်မှာ ဂရပ်ဖစ်ဒီဇိုင်နာတွေဟာ အလုပ်အကိုင်ပေါပြီး လစာမြင့်တဲ့ အထဲမှာ ပါလာပြီ ဖြစ်ပါတယ်။

(၂) Microsoft Excel

Source: pexels

စာရင်းဇယားနဲ့ ရုံးအလုပ်တွေကို ကျွမ်းကျင်ဖို့အတွက် မဖြစ်နေတတ်မြောက်ထားသင့်တာက Microsoft Office တွေပါပဲ။

(၃) ဘာသာစကား

Source: pexels

အနည်းဆုံး ဘာသာစကား ၂ မျိုးတတ်သူဟာ အလုပ်မရှားပါဘူး။ အင်္ဂလိပ်စာအပြင် တရုတ် ၊ ဂျပန် ၊ ကိုရီးယား သင်တန်းတစ်ခုခု ကျကျနန တက်ပြီး သင်ထားသင့်ပါတယ်။

(၄) Web Development

Source: pexels

Programming နယ်ပယ်ထဲက အမြင့်ကြီးတွေ မတက်နိုင်သေးခင်မှာ HTML ၊ CSS ၊ Javascript စတဲ့ Web Development အခြေခံကို နားလည်တတ်ကျွမ်းထားမယ်ဆိုရင် အလုပ်ရှာရာမှာ အများကြီး အထောက်အကူဖြစ်မှာပါ။

(၅) Content Writing

Source: pexels

Digital Marketing နဲ့ Content Writing တွေဟာ အွန်လိုင်းဝန်ဆောင်မှုမှာ အရေးပါပါတယ်။ အွန်လိုင်း ဝက်ဘ်ဆိုက်နဲ့ ကြော်ငြာရှင်တွေအတွက် သတင်းဆောင်းပါးနဲ့ ကြော်ငြာစာသားတွေ ဖန်တီးရတာ ဖြစ်ပါတယ်။ PR လုပ်ငန်း ၊ Marketing Agency နဲ့ အွန်လိုင်း သတင်းမီဒီယာတွေမှာ Content Writing ကျွမ်းကျင်သူတွေ အလုပ်ခေါ်နေကြပါတယ်။