စိတ်ဓာတ်တက်ကြွတဲ့အချိန်မှာ ငါ ဒီနေ့ကစပြီး အောင်မြင်ဖို့အတွက် ကြိုးစားမယ်ဆိုပြီး ကြိုးစားချင်စိတ်တွေ တဖွားဖွားပေါ်လာပေမယ့် တစ်ရက် နှစ်ရက်လောက်လည်း ကြာရော နဂိုမူလအတိုင်း ပြန်ဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့ ကြိုးစားချင်စိတ်ဆိုတာ ချက်ချင်းကြိုးစား၊ ချက်ချင်းအောင်မြင်တဲ့အရာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း မှန်မှန်ကြိုးစားပေးရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် နေ့စဉ်နေ့တိုင်း ကြိုးစားချင်စိတ်ဖြစ်အောင် ဘယ်လိုအချက်တွေကို သိထားသင့်သလဲ။

စိတ်ဓာတ်တက်ကြွလာတဲ့အချိန်အထိ စောင့်မနေပါနဲ့။

Source: etohum.com

ကိုယ်ပြုလုပ်စရာရှိတာတွေကို မှန်မှန်ပြုလုပ်ပါ။ စိတ်ဓာတ်တက်ကြွလာမှ၊ ကြိုးစားချင်စိတ်ပေါ်လာမှ ထလုပ်မယ်ဆိုရင်တော့ စာဖတ်သူတို့ နောက်ကောက်ကျကျန်ခဲ့ပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ပြုလုပ်စရာရှိတာကို မှန်မှန်ပြုလုပ်ရင်း ကြိုးစားချင်စိတ်က သင့်ဆီရောက်ရှိလာအောင် ပြုလုပ်လိုက်ပါ။

အသေးအဖွဲလေးတွေက စတင်ပါ။

Source: dynamicbusiness.com.au

ရည်မှန်းချက်ကို မြင့်မြင့်ထားရမယ်ဆိုပေမယ့် စတင်ပြုလုပ်တဲ့အခါမှာတော့ အသေးအဖွဲက စတင်ရပါလိမ့်မယ်။ ကြီးမားတဲ့ကိစ္စတွေကို အာရုံထားနေမယ်ဆိုရင် ငါ လုပ်ရော လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်က ကိန်းအောင်းနေပါလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ မိမိကိုယ်ကို မယုံကြည်တော့ဘဲ လက်လျော့ချင်စိတ်ပဲ ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လိုကိစ္စကြီးကြီး၊ ရည်မှန်းချက် ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ အသေးအဖွဲအရာကနေ စတင်ပေးရပါမယ်။

အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်ပစ်ပါ။

Source: pixabay.com

အချိန်မှီပါသေးတယ်၊ မနက်ဖြန်မှ လုပ်မယ်ဆိုရင်တော့ မပြီးဆုံးနိုင်တဲ့ မနက်ဖြန်ပေါင်း မြောက်မြားစွာနဲ့သာ ကြုံတွေ့နေရပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်အလုပ်ပဲလုပ်လုပ်၊ အချိန်မဆွဲဘဲ ချက်ချင်းထလုပ်တာက အကောင်းဆုံးပါပဲ။

သင့်ကို အချိန်ဆွဲချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေတဲ့အရာများမှ ဝေးဝေးနေပါ။

Source: freepik.com

ယနေ့ခေတ်က စမတ်ဖုန်းခေတ်ဆိုတော့ စမတ်ဖုန်းရဲ့ဆွဲဆောင်မှုကတော့ အများဆုံးပဲဖြစ်ပါလိမ့်မယ်။ သင် တစ်ခုခုကို အာရုံစိုက်နေချိန်မှာ အာရုံပျံ့လွှင့်နေအောင် နှောင့်ယှက်နေပါလိမ့်မယ်။ ဒါ့ကြောင့် အလုပ်လုပ်ချိန်၊ စာကြည့်နေချိန်မှာ ဖုန်းမသုံးတာအကောင်းဆုံးပါပဲ။

သင့်ပတ်ဝန်းကျင်ရှိ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆရာသမားများထံမှ စိတ်ဓာတ်တက်ကြွမှုရယူပါ။

Source: freepik.com

အရာအားလုံးကို အဆိုးမြင်နေတဲ့သူများ၊ မင်း လုပ်နိုင်မှာမဟုတ်ပါဘူး၊ လက်လျော့လိုက်ပါ၊ ဖြစ်နိုင်မှာမဟုတ်ပါဘူး စသည်ဖြင့် မိမိကို ခွန်အားလျော့စေတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ မိမိကို ကြိုးစားချင်စိတ်ဖြစ်လာအောင်၊ အားတက်လာအောင်၊ စွမ်းအင်ပြည့်ဝလာအောင် လွှမ်းမိုးနိုင်တဲ့သူတွေနဲ့ နီးနီးကပ်ကပ်နေပြီး သင်ယူလေ့လာသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူစိမ်းတွေထံမှလည်း ကြိုးစားချင်စိတ်များ ရယူနိုင်ပါသေးတယ်။ ဥပမာ အောင်မြင်ခြင်းနဲ့ သက်ဆိုင်သော အကြောင်းအရာများ ရေးသားထားသော စာရေးဆရာများရဲ့ စာအုပ်ဖတ်ခြင်း၊ ဟောပြောပွဲများ နားထောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

ဒီအချက်များက စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပြုလုပ်ပေးရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေပဲဖြစ်ပါတယ်။