သင်ဟာ လစာရလာတာနဲ့ သိပ်မကြာခင်မှာပဲ လက်ထဲဘာမှမကျန်အောင် ပစ္စည်းတွေလျှောက် ဝယ်မိနေတဲ့သူတယောက်လား။ ဒါကသင်တယောက်ထဲမဟုတ်ပါဘူး။ ခုခေတ်မှာ ကြော်ငြာအားတွေကောင်းလာတာနဲ့အမျှ လူတွေက မလိုအပ်တဲ့ပစ္စည်းတွေဝယ်မိနေတတ်ပါတယ်။ ဒီအတွက်သင့်ကိုကူညီနိုင်မယ့် စည်းမျဉ်းစည်းကမ်း တချို့လိုပါလိမ့်မယ်။ ဘာတွေလဲဆိုတာ သိရအောင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) မဝယ်ခင် အချိန်ဆွဲပါ

Source : Depositphotos
ပထမဆုံး သင်အနေနဲ့ ပစ္စည်းတခုကိုလိုချင်တဲ့အခါ မဝယ်ခင်၂၄နာရီပြည့်အောင်စောင့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာလိုချင်ပေမယ့် နောက်တရက်ရောက်တဲ့အခါ သင်စိတ်ပြောင်းသွားနိုင်လို့ပါ။ ဒါ့အပြင် ပိုကောင်းတဲ့တခြားတခုကိုရွေးဖို့ အကြံလဲရနိုင်ပါတယ်။
(၂) ဘယ်လိုသုံးမှာလဲဆိုတာ စဉ်းစားပါ

Source : Fashion Blog
ပစ္စည်းတခုမဝယ်ခင်မှာ အဲ့ဒီပစ္စည်းက သင့်ရဲ့နေ့စဉ်ဘဝမှာအသုံးများတာမျိုး ဟုတ်မဟုတ်အရင်စဉ်းစားပါ။ ဥပမာ- သင်က ဂျင်းဘောင်းဘီ တထည်ဝယ်တယ်ဆိုပါစို့၊ သင်နဲနဲပိန်သွားရင်ဝတ်မယ်ဆိုပြီး ဆိုဒ်သေးနေတဲ့ဘောင်းဘီကို မဝယ်ထားပါနဲ့။ တကယ်တော်တဲ့ဆိုဒ်ကိုပဲဝယ်ဝတ်ပါ။ ပြောချင်တာက ချက်ချင်းသုံးလို့မရတဲ့အရာတွေကို ကြိုဝယ်မထားသင့်ပါဘူး။
(၃) ကြော်ငြာတွေနဲ့ ဝေးဝေးနေပါ

Source : FashionBetty
သင့်ရဲ့ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်ပေါ်က အွန်လိုင်းရှော့ပင်ကြော်ငြာတွေကို သိပ်မကြည့်ပါနဲ့။ သင့်အနေနဲ့ တွေ့လေလေ လိုချင်လေဖြစ်လို့ပါ။ သင်မတတ်နိုင်သေးတဲ့အရာတွေကိုကြည့်မိလို့လိုချင်တဲ့အခါ စိတ်ဖိစီးစေပါတယ်။ ဒါ့ကြောင့် ပိုက်ဆံစုပြီး သင်တကယ်လိုအပ်တာကိုသာဝယ်ပါ။
(၄) ကောင်းတဲ့ ဝါသနာအသစ်တခုရှာပါ

Source : Verywell Fit
သင့်အနေနဲ့ ပျင်းတဲ့အခါ ဈေးဝယ်တတ်တယ်ဆိုရင် ပိုကောင်းတဲ့ဝါသနာအသစ်တခုကိုရှာသင့်ပါတယ်။ အားကစားတခုလုပ်တာ၊ ရေကူးသင်တာလို activity တွေလုပ်ကြည့်ပါ။ ဒါမှ သင်ပျင်းတဲ့အခါ ဈေးဝယ်ဝက်ဆိုက်တွေ၊ ပေ့ချ်တွေကိုဝင်မကြည့်မိမှာဖြစ်ပါတယ်။
(၅) ဝယ်ထားတဲ့အရာတွေကို ကောင်းကောင်းအသုံးပြုပါ

Source : Ties.com
နောက်ဆုံးအချက်က သင်မှာရှိတဲ့ သင်ဝယ်ထားတဲ့ပစ္စည်းတွေကို ချစ်ပါ တန်ဖိုးထားအသုံးပြုပါ။ ညစ်ပေနေရင် သန့်ရှင်းရေးလုပ်ပေးတာ လိုအပ်သလိုပြုပြင်တာတွေလုပ်ပါ။ အသစ်အသစ်တွေကို လျှောက်ကြည့်နေတာထက် သင်ဝယ်ထားတဲ့အထဲက ပြုပြင်ပြီးအသုံးပြုလို့ရတာတွေကိုလဲ ကောင်းကောင်းပြန်သုံးပါ။
