မွေးနေ့ပါတီ ၊ ဒင်နာပါတီ ၊ ကော့တေးလ်ပါတီ ၊ တီးပါတီ စသည်ဖြင့် ပွဲတက်ခါနီးဆိုရင် ဘာဝတ်ရမလဲ စဉ်းစားရတာက အလုပ်တစ်လုပ် ဖြစ်နေတတ်ပါတယ်။ အမျိုးသား အတော်များများဟာ ဝတ်စုံအတွက် ခေါင်းရှုပ်မခံချင်ကြသူ‌တွေ ဖြစ်လို့ ဒီဆောင်းပါးမှာ ကိုယ်စားအဖြစ် ခေါင်းစားပေးထာပါတယ်။

(၁) ရိုးရိုးပါတီမှာ ဘယ်လို ဝတ်သင့်သလဲ

Photo: Suits Expert

Classic Party တွေကတော့ သပ်ရပ်ခန့်ညားမှုနဲ့ ယောင်္ကျားဆန်ဆန် ပြတ်သားမှုကို အသားပေးတဲ့ ဝတ်စုံတွေ ဝတ်သင့်ပါတယ်။ အနက်ရောင် သိုးမွေးSuit မျိုးက အဆင်ပြေပါတယ်။ ကြယ်သီးတစ်လုံးတပ် ဝတ်စုံတွေက စတိုင်ကျပြီး ရိုးမသွားတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ နက်ခ်တိုင် အနီနဲ့ ရှပ်အဖြူနဲ့ တွဲဝတ်သင့်ပါတယ်။

(၂) ဆွဲဆောင်မှု ရှိဖို့ ဘယ်လို ဝတ်သင့်သလဲ

Photo: Suits Expert

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး ထက်မြက်တဲ့ပုံစံကို ပေါ်လွင်စေဖို့ အပြာရောင် Blue Double Breasted Wool Blend Suit ကြယ်သီးနှစ်လုံးတပ် ကုတ်ကို ဝတ်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့ ပွဲတွေမှာဆို ပိုတောင် ဝတ်သင့်တဲ့ ဝတ်စုံဖြစ်ပါတယ်။

(၃) နှစ်လိုဖွယ်ဖြစ်အောင် ဘယ်လို ဝတ်ရမလဲ

Photo: Esquire

နက်ခ်တိုင် အပြာနဲ့ မီးခိုးမှိုင်းစင်းပါ လီနင်သား ကုတ်တွေက Classic ဖြစ်ပြီး စတိုင်ကျသလို ဖက်ရှင်လည်း မိပါတယ်။ အရောင်နဲ့ဒီဇိုင်းကဝတ်ဆင်သူကို ချစ်ခင် နှစ်လိုဖွယ် ဖြစ်စေအောင် ဆွဲဆောင်ပေးနိုင်ပါတယ်။ ရိုးရှင်း သပ်ရပ်ပြီး မြင်လိုက်တာနဲ့ စိတ်ကို ကြည်စေမယ့် Suit ဖြစ်ပါတယ်။

(၄) စတိုင်ကျဖို့ ဘယ်လို ဝတ်ရမလဲ

Photo: fashion beans

ပါတီမှာ Stylish ဖြစ်ဖို့ ဝတ်သင့်တဲ့ ဖက်ရှင်ကတော့ အနီရောင် သိုးမွေး ကုတ်ကို ရှပ်အဖြူနဲ့ ဝတ်ဖို့ပါပဲ။ အနီရောင်ဟာ ဝတ်ဆင်သူကို အများအကြား ထင်ရှားစေသလို ကိုယ့်ကိုယ်ကို ထင်ပေါ်နေတာလည်း ခံစားရစေမှာပါ။

(၅) ပါတီမှာ Impression ကောင်းဖို့ ဘယ်လို ဝတ်သင့်သလဲ

Photo: Enzo Custom

Formal ပါတီကိုမှ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီအကြီးအကဲတွေ တွေ့ရမယ်ဆိုရင် စတိုင်လည်း မိရမယ် ၊ ကိုယ်နဲ့တွေ့ဆုံသူတွေလည်း အထင်အမြင် ကြီးစေချင်တယ်ဆိုရင် မီးခိုးနဲ့ အနက်စပ် Polyester Tuxedo Suit တွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။တက်ဆီဒိုတွေက လူကို ခန့်ညားလေးစားလောက်စရာ ဖက်ရှင်တွေ ထင်ဟပ်စေပြီး ပွဲတက်အခမ်းအနားသုံး ဝတ်စုံအဖြစ် ကိုယ့်ဗီရိုမှာ တစ်စုံတော့ ရှိထားသင့်တဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။