အမျိုးသားအများစုဟာ Skin Care လုပ်ဖို့ ပျင်းကြပါတယ်။ Skin Care လုပ်ဖို့ မပြောနဲ့။ ကိုယ့်အသားအရေကိုတောင် မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းရမလဲ စိတ်မဝင်စားတာ များပါတယ်။ ဒါကြောင့်ပဲ အခုပြောမယ့် အမှားတွေ လုပ်မိတတ်တာ ဖြစ်ပါတယ်။

Photo: mensjournal

နေရောင်ထဲ အကြာကြီး နေမိခြင်း – နေရောင်ခြည်ဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် နေရောင်ထဲမှာ အကာအကွယ်မရှိဘဲ အကြာကြီး နေမိမယ်ဆိုရင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့ပြီး အသားအရေ ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ နေရောင်နဲ့ ကြာကြာ မထိတွေ့အောင် နေဖို့ လိုပါတယ်။

ဆပ်ပြာအရွေးမှားခြင်း – ဆပ်ပြာခဲနဲ့ ရေချိုးမယ်ဆိုရင် Detergent ပါတဲ့ ဆပ်ပြာတွေ ရှောင်ဖို့ လိုပါတယ်။ အမျိုးသားသုံး Body Wash တွေနဲ့ပဲ ဆပ်ပြာတိုက်သင့်ပါတယ်။

Photo: Freepik

အယ်လ်ကိုဟောပါတဲ့ Aftershave ထုတ်ကုန်သုံးခြင်း – မုတ်ဆိတ်ရိတ်ပြီးတိုင်း Aftershave သုံးသင့်ပေမယ့် Menthol နဲ့ Alcohol တို့ ပါဝင်တဲ့ Aftershave တွေ မသုံးဖို့ လိုပါတယ်။ သဘာဝရှားစောင်းလက်ပတ်နဲ့ အုန်းဆီတို့ ပါတာပဲ ရွေးချယ်သင့်ပါတယ်။

ရေပူနဲ့ ‌ရေချိုးခြင်း – ရေနွေးနွေးလောက်နဲ့ ချိုးတာ ကျန်းမာရေးအတွက် သင့်လျော်ပေးမယ့် Hot Water နဲ့ ရေချိုးမယ်ဆိုရင် အသားအရေခြောက်သွေ့ ပျက်စီးနိုင်ပါတယ်။

Photo: healthline

ညစ်ပတ်နေတဲ့ အိပ်ရာခင်းနဲ့ အိပ်စက်ခြင်း – အိပ်ရာခင်းတွေဟာ မသန့်ရှင်းဘူးဆိုရင် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အရေပြား ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ အိပ်ရာခင်း ပုံမှန်လဲလှယ်ပေးဖို့ လျှော်ဖွပ်နေလှမ်းပြီးမှ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။