လူတစ်ယောက် ကြည့်ကောင်းဖို့အတွက် သူ့ရုပ်ရည်အပြင် အဝတ်အစား ၊ လှုပ်ရှားပြောဆိုမှုပုံစံနဲ့ သူ့ရဲ့ မှန်ကန်တဲ့ အနေအထိုင်တွေကလည်း အရေးကြီးပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ စတိုင်အကြောင်း ပြောကြမယ်ဆိုရင် အရင်ဆုံး သိသင့်တာက ဘယ်သူမှ သင်ထင်သလောက် အသေးစိတ် သင့်ရဲ့ စတိုင်ကို သတိမထားနေဘူးဆိုတဲ့ အချက်ပါပဲ။

အလွန်စပ်စုတဲ့သူတောင် သင့်ထင်ထားတာရဲ့ ၈၀% လောက်ပဲ သင့်ရဲ့ ပုံစံကို သတိထားမိတာလို့ ဆိုပါတယ်။ ဒီတော့ Perfect ဖြစ်ဖို့ထက် Good ဆိုတဲ့ အဆင့်ကို အရင်ဆုံး ရောက်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီထဲကမှ အမျိုးသားတစ်ယောက်ရဲ့ စတိုင်နဲ့ ပတ်သက်ပြီး ပြောကြမယ်ဆိုရင် ဒီအချက် ၅ ချက်ကို သိထားရင် ကောင်းပါတယ်။

(၁) သင့်စိတ်ထဲက ငြင်းချင်တာကို မဝယ်မိပါစေနဲ့

Photo: dappered

ဒါကတော့ အဝတ်အစား ၊ အသုံးအဆောင်တင် မဟုတ်ပါဘူး။ သင့်ခေါင်းထဲမှာ ဒါကို မဝယ်နဲ့လို့ ပြောသံကြားရပြီဆိုရင် မဝယ်တာကောင်းပါတယ်။ သင့်ခေါင်းထဲက အချက်ပေးသံရဲ့ ၉၅% က မှန်တတ်ပါတယ်။ အဝတ်အစားသစ် ဝယ်ဖို့ ကိုင်လိုက်ချိန် သင့်ခေါင်းထဲက နေဦးလို့ ပြောရင် မဝယ်လိုက်တာ မှန်ပါတယ်။

(၂) ဝတ်လို့ သက်တောင့်သက်သာ မရှိရင် သင်နဲ့ မကိုက်ဘူး

Photo: dappered

တစ်ချို့ ဖက်ရှင်ဆိုင်တွေက ပစ္စည်းရောင်းထွက်ဖို့ ပြောတတ်တာ ရှိပါတယ်။ ဝတ်ရင်းနဲ့ ကိုက်သွားမှာပါဆိုတာမျိုးပေါ့။ ဒါမျိုးက အစောကတည်းက ငြင်းရမှာပါ။ ဆိုပါစို့ ။ သင့်ဘောင်းဘီ ခါးဆိုဒ်က ၃၁ ဖြစ်နေတယ်။ ဆိုင်မှာက ၃၂/၃၃ ပဲ ရှိနေပြီး အရောင်းဝန်ထမ်းက ၃၂ လည်း ဝလာရင် အဆင်ပြေသွားမှာဆိုရင် သင်ဝယ်ဖြစ်မလား။ ငြင်းသင့်ပါတယ်။ အင်္ကျီဝယ်ရင်လည်း လက်လေးဘာလေးမြှောက် ကြည့်ဖို့တော့ လုပ်ရမှာပါ။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်မနေရင် သင်နဲ့ Fit မဖြစ်လို့ပါပဲ။

(၃) ဆံပင်ပုံစံကို အထူးဂရုစိုက်ပါ

Photo: Freepik

သင်နဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံတစ်ခု အမြဲရှိပါတယ်။ ဆံပင်ပုံစံဟာ လူရဲ့ အမှတ်အသားလည်း ဖြစ်သလို သင့်ကို တန်ဖိုးကြီး အသုံးအဆောင်တွေ မသုံးရဘဲ ကြည့်ကောင်းစေတဲ့ အရာပါ။ ဆံပင်ပုံကောင်းကောင်း ညှပ်ဖို့ အတွက် နည်းနည်း အပင်ပန်းခံဖို့ လိုပါတယ်။ Hair Stylist ကောင်းကောင်းရှာ ၊ ဆံပင်ကောင်းကောင်း ညှပ်လိုက်ပါ။ တစ်လတစ်ခါ ဆံပင်ညှပ်ဆိုင်သွားဖို့အတွက် ပိုက်ဆံနည်းနည်း ပိုသုံးလိုက်မယ်ဆိုရင် သင့်စတိုင်က အများကြီး ပြောင်းလဲသွားမှာပါ။

(၄) အမြဲတမ်း ဝတ်စုံပြည့် ဝတ်စရာမလိုပါဘူး

Photo: Ties

စမတ်ကျဖို့အတွက် အမြဲတမ်း လူကြီးတစ်ယောက်လို သပ်သပ်ရပ်ရပ်ကြီး ဝတ်နေဖို့ မလိုပါဘူး။ သင့်အသက်အရွယ်နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ပေးသင့်ပါတယ်။ ရုံးမှာ Formal Outfit ဝတ်ရတယ်ဆိုရင်တောင် သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်နိုင်ပါတယ်။ Sneaker စီးပြီး T-Shirt နဲ့ Jean Pant တွဲဝတ်လိုက်ပါ။ လွတ်လပ်တဲ့ စတိုင်နဲ့ နေထိုင်ကြည့်ပါ။

(၅) တစ်ကိုယ်ရေသန့်ရှင်းမှုက အရေးကြီးတယ်

Photo: FreepiK

သင်ဘာပဲဝတ်ဝတ် အမျိုးသမီးတွေက သင့်ကို ကြည့်တဲ့အချိန်မှာ သင့်ရဲ့ သပ်ရပ်သန့်ရှင်းမှုကို အဓိကကြည့်တယ်ဆိုတာ မမေ့ပါနဲ့။ သင့်ရဲ့ ခန္ဓာကိုယ်အနံ့အသက်ကနေ သင့်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု ဘယ်လောက်ထိန်းသိမ်းသလဲ ဆိုတာတွေက အထိ သင့်ရဲ့ စတိုင်ပေါ် ထည့်တွက်ရာမှာ စဉ်းစားကြတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီတော့ အမျိုးသားတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ စတိုင်ဖြစ်ဖို့ဆိုရင် Grooming Habits ကောင်းဖို့လည်း လိုတယ်လို့ အကြံပေးချင်ပါတယ်။