ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ကိုယ်လုပ်မိတဲ့အမှားအတွက် Sorry လို့ ပြောဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့်လည်း ကိစ္စတိုင်းအတွက်တော့ လိုက်တောင်းပန်စရာမလိုပါဘူး။ လိုတာထက်ပို ‌တောင်းပန်တဲ့ Over-Apologizing လုပ်ရပ်ဟာ အကောင်းထက် အဆိုးဘက်ကိုတောင် ပိုရောက်စေနိုင်ပါတယ်။ ယောင်္ကျားတစ်ယောက်အတွက်လည်း တောင်းပန်စရာမလိုတဲ့ ကိစ္စလေးတွေ ရှိပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးတွေပါလဲ။

(၁) ကိုယ့်ယုံကြည်ချက်အတွက် မတောင်းပန်ပါနဲ့

opinion

Photo: Unsplash

ဘယ်သူ့မှ မထိခိုက်တဲ့ သဘောထားတစ်ရပ်ကို သင်ကိုင်စွဲထားရင် အဲ့ဒီသဘောထားကို ကာကွယ်ဖို့လည်း သင့်မှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ကိုယ့်အမြင်သဘောထားက တခြားသူတွေနဲ့ မတူတာနဲ့ပဲ လိုက်ပြီး တောင်းပန်နေဖို့ မလိုပါဘူး။ လူဆိုတာ ကိုယ့်ယုံကြည်ချက်ကို ကာကွယ်ဖို့နဲ့ ယုံကြည်ချက်အတိုင်း နေနိုင်ဖို့ လိုပါတယ်။ တခြားသူတွေရဲ့ အမြင်ကို လေးစားပါ။ တချိန်တည်းမှာပဲ ကိုယ့်သဘောထားကိုလည်း စောင့်ရှောက်ပါလို့ ပြောချင်ပါတယ်။

(၂) No လို့ ပြောဖို့ မတောင်းပန်ပါနဲ့

no smoking

Photo: Unsplash

ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုခုကို လာခိုင်းတာ ဖြစ်ဖြစ် အကူအညီတောင်းတာ ဖြစ်ဖြစ် ကြုံလာရင် ဟင့်အင်းလို့ ပြောဖို့ မကြောက်ပါနဲ့။ No လို့ ပြောတာ ရိုင်းစိုင်းတာ မဟုတ်ပါဘူး။ ယဉ်ကျေးစွာ အကျိုးအကြောင်းသင့် ငြင်းခြင်းဟာ ရင့်ကျက်ပြီး ရှေ့လျှောက်အမျှော်အမြင်ကြည့်သူတွေရဲ့ အကျင့်တစ်ခုပါပဲ။ ကိုယ်မလုပ်နိုင်တာတွေအတွက် ဘယ်တော့မှ အားမနာလိုက်ပါနဲ့။

(၃) ကိုယ့်ဘဝပေးအတွက် ဘယ်တော့မှ မတောင်းပန်ပါနဲ့

man standing

Photo: Unsplash

သင့်အသားအရေက သူများလို မဖြူလို့ မတောင်းပန်ပါနဲ့။ သင့်မိဘက ဆင်းရဲလို့ ပညာမတတ်လို့ မတောင်းပန်ပါနဲ့။ သင်လာတဲ့ နောက်ခံဘဝပေးအခြေအနေတွေအတွက် Sorry လို့ မပြောပါနဲ့။ သင်မပြောင်းလဲနိုင်တဲ့အရာတွေအတွက် Sorry လုပ်စရာ မလိုဘူးဆိုတာ မမေ့လိုက်ပါနဲ့။

(၄) သင်ကိုးကွယ်တဲ့ ဘာသာတရားကြောင့် မတောင်းပန်ပါနဲ့

religion

Photo: Unsplash

အပေါ်ဆုံးမှာ ပြောခဲ့သလို သင့်ယုံကြည်ကိုးကွယ်မှုဟာ သင်ကိုယ်တိုင် မြတ်နိုးတန်ဖိုးထားကာကွယ်ရမယ့်အရာ ဖြစ်ပါတယ်။ ကိုးကွယ်ရာ ဘာသာတရားကြောင့် တခြားသူတွေနဲ့ အမြင်မတူတဲ့အပေါ် ဘာအကြောင်းနဲ့မှ တောင်းပန်စရာမလိုပါဘူး။

(၅) မေးခွန်းတွေ မေးတဲ့အတွက် မတောင်းပန်ပါနဲ့

questions

Photo: Unsplash

မေးခွန်းတွေ တပုံကြီး မေးတာဟာ အားနည်းချက်ကို ပြနေတဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ မေးသင့်တဲ့ မေးခွန်းတွေ မမေးတာကမှ ရှက်ကြောက်တဲ့ လက္ခဏာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် လိမ်ညာတဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။ သင့်မှာ မေးခွင့်ရှိတဲ့အခါ မှန်ကန်တဲ့ မေးခွန်းတွေ မေးဖို့ သတ္တိရှိဖို့ လိုပါတယ်။ မေးခွန်းတွေ မေးခြင်းဟာ ဘဝရဲ့ ပြဿနာတွေကို အဖြေရှာတဲ့အထိ အဆင့်အတန်းမြင့်မားတဲ့အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

Featured Photo: Real Men Real Style