[Zawgyi]

ေဆးပညာအေခၚအရ အရက္နာက်တာကို Veisalgia လို ့ေခၚပါတယ္။ ေနာ္ေဝစကား Kveis (အရက္နဲ ့မူးယစ္ေဆး သံုးစဲြမႉမ်ားၿပီးေနာက္ ခံရခက္တဲ့ ေဝဒနာ) နဲ ့ဂရိစကား Algia (နာက်င္မႉ) ကို ေပါင္းေခၚထားတာပါ။ ဘာပဲျဖစ္ျဖစ္ အရက္နာက်ရင္ တစ္ကိုယ္လံုး ကိုက္ခဲ ေညာင္းညာေနၿပီး ေအာ္ဂလီဆန္တာပါပဲ။

Hangover ဘာေၾကာင့္ ျဖစ္သလဲလို ့ေမးရင္ အေသာက္မ်ားတာေၾကာင့္လို ့ေျဖပါလိမ့္မယ္။ တကယ္က ေစ့ေစ့ေပါက္ေပါက္ၾကည့္ရင္ ဒီအေၾကာင္းေတြေၾကာင့္ ပိုဆိုးသြားတာပါ။

(၁) Shot ဆဲြျခင္း

Source: jebiga

အရက္ေသာက္တဲ့ ပံုစံျမန္ေလေလ Hangover ရဖို ့အလားအလာမ်ားေလေလပါ။ နာရီဝက္အတြင္း ၃ – ၄ ခြက္ ကစ္ၿပီးသြားရင္ ေနာက္တစ္ေန ့အရက္နာျဖစ္ဖို ့မ်ားပါတယ္။ အထူးသျဖင့္ Shot ဆိုၿပီး ဒီအတိုင္း တစ္ခြက္ေမွာက္ေသာက္ျခင္းဟာ Hangover ျဖစ္ဖို ့ေသခ်ာသေလာက္ရိွၿပီး ျဖစ္ရင္လည္းပိုခံရခက္ေစပါတယ္။

(၂) ေရာသြားျခင္း

Source: Smithsonian Magazine

ဝီစကီတစ္မ်ိဳးတည္း မဟုတ္ဘဲ ဘီယာ ၊ ဂ်င္မ္တို ့နဲ ့ေရာေသာက္မိရင္ Hangover ျဖစ္ခ်ိန္မွာ ပိုဆိုးေစပါတယ္။ ခံစားရတဲ့ ေဝဒနာလကၡဏာလည္း ပိုစံုသြားပါလိမ့္မယ္။

(၃) အစားမစားဘဲေသာက္ျခင္း

Source: openforest

အစာအိမ္ထဲမွာ အယ္လ္ကိုေဟာပဲ ရွိေနရင္ ေမွာက္ဖို ့ပိုမ်ားသလို ေခါင္းကိုက္ၿပီး လည္ေနဖို ့လည္း ရိွပါတယ္။ အျမည္းေလာက္ကို ေကာင္းေကာင္းစားၿပီး ဒီထဲမွာ သစ္သီးတစ္ခုခု အရည္ရႊမ္းတာပါ ထည့္စားႏိုင္ရင္ေတာ့ သက္သာပါလိမ့္မယ္။

(၄) Congeners မ်ားတဲ့အရက္ ေသာက္မိျခင္း

Source: ShutterStocks

အရက္မွာ ပါတဲ့ Congeners ဓါတ္အနည္းအမ်ားလိုက္ၿပီး Hangover ပိုဆိုးပါတယ္။ Congeners ဟာအရက္မွာ သံုးတဲ့ Flavor တစ္မ်ိဳးျဖစ္ၿပီး တစ္ခ်ိဳ ့က မက္သေနာနံ ့၊ တစ္ခ်ိဳ ့က အက္စီတယ္ဒီဟိုက္ စသည္ျဖင့္ ရိွပါတယ္။

Congeners ကိုအေရာင္ရင့္တဲ့ Bourbon ၊ Whiskey နဲ ့Red Wine တို ့မွာ ေတြ ့ရပါတယ္။ Gin တို ့Vodka တို ့လို အေရာင္ၾကည္တဲ့ အရက္ေတြမွာ နည္းပါတယ္။ Vodka မွာ Congeners မပါသေလာက္ပါဘဲ Congeners မ်ားတဲ့ အရက္ေၾကာင့္လည္း Hangover ပိုဆိုးေစပါတယ္။

(၅) တစ္ညလံုး ေသာက္ျခင္း

Source: firstquotehealth

အဲသလို ေသာက္ရင္ေတာ့ Hangover ျဖစ္ရင္ သူမ်ားထက္ ပိုဆိုးပါတယ္။ အိပ္ေတာင္ အိပ္ႏိုင္မွာ မဟုတ္ဘဲ လိွမ့္ေနေအာင္ ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ အရက္ကို အလြန္အကြ်ံ ေသာက္တာမ်ိဳး ေရွာင္ရွားသင့္ပါတယ္။

[Unicode]

ဆေးပညာအခေါ်အရ အရက်နာကျတာကို Veisalgia လို့ခေါ်ပါတယ်။ နော်ဝေစကား Kveis (အရက်နဲ့မူးယစ်ဆေး သုံးစွဲမှူများပြီးနောက် ခံရခက်တဲ့ ဝေဒနာ) နဲ့ဂရိစကား Algia (နာကျင်မှူ) ကို ပေါင်းခေါ်ထားတာပါ။ ဘာပဲဖြစ်ဖြစ် အရက်နာကျရင် တစ်ကိုယ်လုံး ကိုက်ခဲ ညောင်းညာနေပြီး အော်ဂလီဆန်တာပါပဲ။

Hangover ဘာကြောင့် ဖြစ်သလဲလို့မေးရင် အသောက်များတာကြောင့်လို့ဖြေပါလိမ့်မယ်။ တကယ်က စေ့စေ့ပေါက်ပေါက်ကြည့်ရင် ဒီအကြောင်းတွေကြောင့် ပိုဆိုးသွားတာပါ။

(၁) Shot ဆွဲခြင်း

Source: jebiga

အရက်သောက်တဲ့ ပုံစံမြန်လေလေ Hangover ရဖို့အလားအလာများလေလေပါ။ နာရီဝက်အတွင်း ၃ – ၄ ခွက် ကစ်ပြီးသွားရင် နောက်တစ်နေ့အရက်နာဖြစ်ဖို့များပါတယ်။ အထူးသဖြင့် Shot ဆိုပြီး ဒီအတိုင်း တစ်ခွက်မှောက်သောက်ခြင်းဟာ Hangover ဖြစ်ဖို့သေချာသလောက်ရှိပြီး ဖြစ်ရင်လည်းပိုခံရခက်စေပါတယ်။

(၂) ရောသွားခြင်း

Source: Smithsonian Magazine

ဝီစကီတစ်မျိုးတည်း မဟုတ်ဘဲ ဘီယာ ၊ ဂျင်မ်တို့နဲ့ရောသောက်မိရင် Hangover ဖြစ်ချိန်မှာ ပိုဆိုးစေပါတယ်။ ခံစားရတဲ့ ဝေဒနာလက္ခဏာလည်း ပိုစုံသွားပါလိမ့်မယ်။

(၃) အစားမစားဘဲသောက်ခြင်း

Source: openforest

အစာအိမ်ထဲမှာ အယ်လ်ကိုဟောပဲ ရှိနေရင် မှောက်ဖို့ပိုများသလို ခေါင်းကိုက်ပြီး လည်နေဖို့လည်း ရှိပါတယ်။ အမြည်းလောက်ကို ကောင်းကောင်းစားပြီး ဒီထဲမှာ သစ်သီးတစ်ခုခု အရည်ရွှမ်းတာပါ ထည့်စားနိုင်ရင်တော့ သက်သာပါလိမ့်မယ်။

(၄) Congeners များတဲ့အရက် သောက်မိခြင်း

Source: ShutterStocks

အရက်မှာ ပါတဲ့ Congeners ဓါတ်အနည်းအများလိုက်ပြီး Hangover ပိုဆိုးပါတယ်။ Congeners ဟာအရက်မှာ သုံးတဲ့ Flavor တစ်မျိုးဖြစ်ပြီး တစ်ချို့က မက်သနောနံ့၊ တစ်ချို့က အက်စီတယ်ဒီဟိုက် စသည်ဖြင့် ရှိပါတယ်။

Congeners ကိုအရောင်ရင့်တဲ့ Bourbon ၊ Whiskey နဲ့Red Wine တို့မှာ တွေ့ရပါတယ်။ Gin တို့Vodka တို့လို အရောင်ကြည်တဲ့ အရက်တွေမှာ နည်းပါတယ်။ Vodka မှာ Congeners မပါသလောက်ပါဘဲ Congeners များတဲ့ အရက်ကြောင့်လည်း Hangover ပိုဆိုးစေပါတယ်။

(၅) တစ်ညလုံး သောက်ခြင်း

Source: firstquotehealth

အဲသလို သောက်ရင်တော့ Hangover ဖြစ်ရင် သူများထက် ပိုဆိုးပါတယ်။ အိပ်တောင် အိပ်နိုင်မှာ မဟုတ်ဘဲ လှိမ့်နေအောင် ခံစားရတတ်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံ သောက်တာမျိုး ရှောင်ရှားသင့်ပါတယ်။