ဆံပင်ဟာ ရာသီဥတုကြောင့် ပျက်စီးတတ်သလို Hair Care ကောင်းကောင်း မလုပ်တာကြောင့်လည်း ပျက်စီးတတ်ပါတယ်။ ဆံပင်ပျက်စီးစေတဲ့ အကြောင်းအမျိုးမျိုးတွေထဲမှာ အခုပြောမယ့် အကြောင်းတွေက အဓိက ကျပါတယ်။
ဆံပင်ဟာ ရေအထိ များရင် ဆံပင်နှစ်ခွဖြစ်တာ ၊ ဆံပင်အဆီတွေ ခန်းတာ ဖြစ်စေနိုင်ပါတယ်။ ဦးရေပြားက ထုတ်တဲ့ သဘာဝအဆီဟာ ဆံပင်ကို မပျက်စီးအောင် ကာကွယ်ပေးပြီး တောက်ပ သန်စွမ်းစေပါတယ်။ ခေါင်းလျှော်မယ်ဆိုရင်လည်း တစ်ပတ်မှာမှ ၃ ရက်ထက် ပိုပြီး မလျှော်သင့်ဘူးလို့အလှအပကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ ခေါင်းသိပ်မလျှော်ရအောင် Dry Shampoo သုံးတာမျိုး လုပ်သင့်ပါတယ်။

Source : Freepik
Hot Showers ချိုးတာဟာ လူကို အညောင်းအညာ ပြေစေတယ်ဆိုပေမယ့် ဆံပင်အတွက်တော့ ပြဿနာ ရှိပါတယ်။ ရေပူချိုးတာဟာ စိတ်ဖိစီးမှူ လျှော့ချပြီး စိတ်ခံစားချက်ကို ပိုကောင်းစေတယ်ဆိုပေမယ့် ဆံပင်ကျန်းမာရေး ကောင်းစေဖို့အတွက် ရေအေးအေး ချိုးသင့်ပါတယ်။
ဗိုက်တာမင်နဲ့အာဟာရဓါတ်တွေဟာ ကျန်းမာတဲ့ ကိုယ်ခန္ဓာအတွက်မရှိမဖြစ် အရေးပါသလို ဆံပင်သန်စွမ်းမှူအတွက်ပါ အကျိုးကျေးဇူးများပါတယ်။ အကြော်အလှော်တွေ စားတာ လျှော့ပြီး အသားဓါတ် ၊ သံဓါတ် ၊ သတ္ထုဓါတ်နဲ့Biotin ဓါတ်တွေ ပြည့်ဝတဲ့ ဥ ၊ ပဲ ၊ ငါး နဲ့အသီးအနှံတွေ ပုံမှန် စားသင့်ပါတယ်။
အလုပ်နောက်ကျမှာစိုးလို့ရေကို ကသုတ်ကရက်ချိုးပြီး ခေါင်းပေါ်က ဆံပင်ကို ရေ ပြောင်စင်အောင် မသုတ်ဖြစ်ရင်လည်း ဆံပင်ပျက်စီးနိုင်ပါတယ်။ ရေစိုနေတဲ့ ဆံပင်ဟာ အားနည်းနေပြီး ဆံပင်ရေစိုချိန်မှာ ခေါင်းဖြီးလိုက်ရင် ဆံသား ပျက်စီးနိုင်ခြေ ပိုများပါတယ်။အလားတူပဲ ချည်သားကြမ်းကြမ်း Towel နဲ့ခေါင်းပေါ်က ရေကိုအားနဲ့ဖိသုတ်မယ်ဆိုရင်လည်းဆံပင်ထိခိုက်နိုင်ပါတယ်။

Source : Freepik
Gel လို Hair Styling Product တွေ အများကြီး သုံးဖြစ်ရင်လည်း ဆံပင်ကျွတ်တာ ၊ ဆံသားပျက်စီးတာ ဖြစ်နိုင်ပါတယ်။ခေါင်းလိမ်းဆီကို အသင့်အတင့်ပဲ သုံးသင့်ပြီး တစ်နေရာတည်းမှာ အပုံလိုက်ကြီး ဖြစ်မနေစေဖို့သတိထားသင့်ပါတယ်။
အပြင်မှာ အထွက်များတဲ့ သူတွေအနေနဲ့ထီး ၊ ဦးထုပ်စတဲ့ နေကာ ပစ္စည်းတစ်ခုခု ဆောင်းပြီးမှ ထွက်သင့်ပါတယ်။ နေရောင်ကြောင့် UV အထိများရင် အသားအရေအပြင် ဆံပင်လည်း ပျက်စီးတတ်ပါတယ်။ အပြင်ထွက်ချိန်မှာ UV ခရမ်တစ်ခုခု လိမ်းပြီး အသားအရေ ထိန်းသိမ်းသလို နေရောင်အောက် အကြာကြီး နေရတဲ့ အလုပ်လုပ်သူတွေမှာလည်း ဆံပင်ကို ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။
