ငယ်ရွယ်တဲ့ကျောင်းသားဘဝဆိုတာ ပျော်စရာအကောင်းဆုံး အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ အသက်တွေကြီးမှ ကျောင်းသားဘဝကို ပြန်လိုချင်လည်း မရတော့ပါဘူး။ ဒါကြောင့် သင်ဟာ တက္ကသိုလ်တက်နေတဲ့ကျောင်းသားလူငယ်တစ်ယောက်ဆိုရင် အသက်ကြီးမှ နောင်တရတယ်မဖြစ်ရလေအောင် အခုပြောပြမယ့်အချက်လေးတွေ မဖြစ်မနေလုပ်ကြည့်သင့်ပါတယ်။

(၁) မိတ်ဆွေဖွဲ့ပါ

Source : Study in Hungary

မိတ်ဆွေသူငယ်ချင်းဆိုတာ ကိုယ့်ဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ မိတ်ဆွေသူငယ်ချင်းပေါများခြင်းက လူမှုဘဝလောကမှာ ကောင်းကျိုးများစွာဖြစ်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေကို သူငယ်ချင်းတွေအများကြီးနဲ့ ဖြတ်သန်းပါ။ State ကျောင်းတုန်းကလို ကိုယ့်သူငယ်ချင်းသုံးလေးယောက် အဖွဲ့လေးနဲ့ပဲ မနေပါနဲ့။ ယောကျာ်းလေး၊ မိန်းကလေး အကုန်လုံးနဲ့ မိတ်ဆွေဖွဲ့ပါ။

(၂) ရည်းစားထားပါ

Source : youworkforthem.com

တက္ကသိုလ်ကျောင်းသားဘဝရဲ့ အချစ်က နုပျိုလတ်ဆတ်တဲ့ ပန်းသီးလေးတစ်လုံးလိုပါပဲ။ အချစ်ရဲ့ ဖြူစင်မှု ၊ ချိုမြိန်မှုအရသာတွေ အားလုံးက ကျောင်းသားဘဝရဲ့ အချစ်မှာပဲ ရရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ကျောင်းသားဘဝမှာ မဖြစ်မနေရည်းစားလေးတစ်ယောက်လောက် ထားကြည့်ပါ။ ကျောင်းသားဘဝကို ရင်ခုန်စရာမရှိတဲ့ တစ်ကိုယ်တည်းဘဝနဲ့ မဖြတ်သန်းပါနဲ့။

(၃) ကျောင်းပြေးပါ

Source : Fairfax County

ဒီအချက်ကတော့ ကျောင်းသားတိုင်းလိုလို ပြောစရာမလိုအောင်လုပ်ကြမယ့် အချက်တစ်ခုလို့ ထင်ပါတယ်။ ကျောင်းသားဘဝမှာ အတန်းလစ်ပြီး လျာက်သွားရတာဟာ အရမ်းကိုပျော်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ အတန်းလစ်ပြီး သူငယ်ချင်းတွေနဲ့ မုန့်သွားစားတာ ရုပ်ရှင်သွားကြည့်တာ စသည်ဖြင့် လုပ်ကြည့်ပါ။ Roll Call မပြည့်တဲ့အထိတော့ ခဏခဏမပြေးနဲ့ပေါ့နော်။

(၄) သူငယ်ချင်းတွေနဲ့ ခရီးသွားပါ

Source : lifehacks.io

သူငယ်ချင်းတွေနဲ့ ခရီးသွားခြင်းက ကျောင်းသားဘဝမှာ မဖြစ်မနေလုပ်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေကြား အမှတ်တရဖြစ်ဖွယ်အကြောင်းအရာလေးတွေလည်း တိုးစေသလို ပိုပြီးလည်း ခင်မင်ရင်းနှီးမှုရရှိစေမှာဖြစ်ပါတယ်။ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ဝင်ကြတဲ့အခါ ခရီးသွားဖို့မပြောနဲ့ တွေ့ဖို့တောင်မလွယ်တော့ပါဘူး။ ဒါကြောင့် ရခဲတဲ့ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခုခုသွားဖြစ်အောင် သွားကြည့်ပါ။

(၅) အချိန်ပိုင်းအလုပ် လုပ်ပါ

Source : Study in Australia

အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ ကျောင်းသားဘဝ အချိန်ပိုင်းအလုပ် လုပ်ကိုင်ခြင်းကို ရှက်စရာလို့သတ်မှတ်ခြင်းက အတွေးအခေါ် ခေါင်းပါးတဲ့သူတွေသာ တွေးတတ်ကြတာပါ။ ဝင်ငွေအားဖြင့် အရမ်းမကောင်းပေမယ့် အချိန်ပိုင်းအလုပ်လုပ်ကိုင်ခြင်းက လုပ်ငန်းခွင်သဘောတရားကို နားလည်နိုင်ပြီး အတွေ့အကြုံလည်း များစွာရရှိပါတယ်။ ကျောင်းသားဘဝမှာ အချိန်ပိုင်းအလုပ်လုပ် ထားတဲ့အတွက် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ သူများထက် နှာတစ်ဖျားသာနေမှာဖြစ်ပါတယ်။