ကိုယ်ချစ်သူကောင်မလေးကို ပျော်ရွှင်အောင်ထားနိုင်ဖို့ဆိုတာ နာမည်ကြီးစားသောက်ဆိုင်တွေ ဈေးကြီးတဲ့အဝတ်အစားတွေ လက်ဝတ်ရတနာတွေစသည့်ဖြင့် ငွေကြေးကုန်ကျခံမှ ရနိုင်တာမျိုးမဟုတ်ပါဘူး။အခုပြောပြမယ့် နည်းလမ်းလေးတွေက ချစ်ကောင်မလေးကို စိတ်ချမ်းသာပျော်ရွှင်စေမှာဖြစ်ပြီး ငွေကုန်ကြေးကျလည်း မများပါဘူးနော်။
ဖောက်ပြန်လှည့်ဖျားတက်တဲ့လူမျိုးအနားမှာ ဘယ်သူမှပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ကိုယ်ချစ်သူကောင်မလေးကို တကယ်ချစ်မြတ်နိုးပြီးသူမပျော်ရွှင်စေချင်တယ်ဆိုရင် ဒုတိယလူဆိုတာ ရှိမလာတာအကောင်းဆုံးပါပဲ။ယနေ့ခေတ်မှာ စရိုက်ကျော်ဇာတ်လမ်းတွေ အရှုပ်ဇာတ်တွေက အရမ်းကိုများပြားတာကြောင့် သင့်အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲ ကြုံလာကြုံလာ ကိုယ့်ချစ်သူအပေါ် သစ္စာစောင့်သိမယ်ဆိုရင် သူမအတွက် အပျော်ရွှင်ရဆုံးဖြစ်စေမှာပါ။

Photo : Freepik
လိမ်ညာမှုကို နှစ်သက်တဲ့ မိန်းကလေးဆိုတာ ဒီကမ္ဘာမှာ ရှိလောက်မှာမဟုတ်ပါဘူး။ကိုယ်ကတစ်ခါလောက်လိမ်ညာလိုက်တယ်ဆိုပေမယ့် သူမရဲ့ စိတ်ထဲမှာလည်း ကိုယ်လိမ်ညာလိုက်တဲ့အရာတစ်ခုကအမြဲတမ်းစွဲနေစေတာကြောင့် တစ်ကြိမ်တစ်ခါလိမ်ညာလိုက်ခြင်းက သင့်ကိုအကြိမ်ကြိမ်အခါခါ သံသရဝင်သွားစေနိုင်ပါတယ်။ဒါကြောင့်မလိမ်ညာပါနဲ့။ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်းနဲ့ အမှန်တိုင်းပြောဆိုခြင်းက သူမကိုပျော်ရွှင်စေမယ့် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။
မိန်းကလေးတွေအများစုက မျော်လင့်ချက်အရမ်းကိုကြီးကြီးထားတက်သူတွေဖြစ်ပါတယ်။သင့်အနေနဲ့ ကိစ္စတစ်ခုခုကိုဘယ်တော့လွယ်လွယ်မျော်လင့်ချက်မပေးမိဖို့အရေးကြီးပါတယ်။မျော်လင့်ချက်တစ်ခုခုပေးပြီးရင်လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ပေးနိုင်အောင်ကြိုးစားပါ။ဥပမာ Weekend မှာရုပ်ရှင်လိုက်ပြမယ်လို့ ကတိပေးပြီးရင် ဘာအကြောင်းပြချက်နဲ့မှ အဲ့ဒီကတိကိုမဖျက်ပါနဲ့။မျော်လင့်ချက်ပေးပြီး မလုပ်နိုင်တာက သူမအတွက်အရမ်းကိုစိတ်ထိခိုက်စေပါတယ်နော်။

Photo : Freepik
မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက်ချင်ကြသူတွေပါ။ကိုယ့်ချစ်သူကောင်လေးအပေါ်ဆိုရင် ပိုတောင်ဆိုးချင်နွဲ့ချင်ကြပါသေးတယ်။တစ်ခါတစ်လေမှာ စိတ်ဆိုးစရာအကြောင်းအရာမရှိပေမယ့် အချော့ခံချင်တာကြောင့် ဟန်ဆောင်ကာမူပိုလုပ်တက်ကြပါသေးတယ်။သူမစိတ်ဆိုးစိတ်ကောင်ရင်လုံးဝပစ်မထားပါနဲ့။ချော့ပါ။မိန်းကလေးတွေက အချော့ကြိုက်တဲ့သူတွေမလို့ စိတ် ဆိုးနေချိန်ချော့တာကလည်း သူမကိုပျော်ရွှင်စေမယ့်နည်းလမ်းတစ်ခုပါပဲ။
မိန်းကလေးတွေက အမှတ်တရတွေကိုလည်း မြတ်နိုးတန်ဖိုးထားတက်ကြပါသေးတယ်။ဥပမာ ချစ်သူစဖြစ်တဲ့အထိမ်းအမှတ်နေ့လေးတွေ သူမရဲ့ မွေးနေ့ရက်လေးတွေ စသည့်ဖြင့်ဒီလိုအရေးကြီးတဲ့ အမှတ်တရလေးတွေကို မေ့မေ့လျော့လျော့မနေလိုက်ပါနဲ့။ စုံတွဲတော်တော်များများ ရန်ဖြစ်ကြတဲ့အကြောင်းအရာတွေထဲမှာ အဲ့လိုအမှတ်တရနေ့လေးတွေကို အမှတ်တရဖြစ်စရာအရာလေးတွေကိုမေ့လျော့နေခြင်းကလည်း တစ်ခုအပါအဝင်ပါ။ ဒါကြောင့် ကိုယ့်အနေနဲ့ သူမနဲ့ ပတ်သတ်ပြီး အမှတ်တရဖြစ်စရာအရာလေးတွေ အမြဲအမှတ်ရနေမယ်ဆိုရင် သူမကိုချစ်တယ်ဆိုတာပိုပြီးပေါ်လွင်စေသလို သူမအနေနဲ့ ကြည်နူးပျော်ရွှင်ရမှာဖြစ်ပါတယ်။
Featured Photo : Freepik
