ချစ်သူသက်တမ်းနုနယ်သေးတဲ့ Relationship တွေအတွက်တော့ နေရာတိုင်းမှာ လိုအပ်ချက်တွေဆိုတာ ရှိပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိသေးတဲ့ အချိန်မှာ အမှားကြီးကြီးမားမားတစ်ခု ပြုလုပ်မိမယ်ဆိုရင် တစ်သက်လုံးအထင်သေးစရာ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ယောက်ျားလေးတွေအနေနဲ့ သိပ်မကြာသေးခင်ကမှ အဖြေရထားတဲ့ ချစ်သူကောင်မလေးနဲ့ ဒိတ်လုပ်မယ်ဆိုရင် ရှောင်ရှားသင့်တဲ့အချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။

(၁) စဆရကဂိုက်ဖမ်းခြင်း

Source : iStock

မိန်းကလေးအများစုက ဦးစီးဦးဆောင်နိုင်တဲ့ ယောကျာ်းလေးတွေကို သဘောကျပေမယ့် နေရာတကာ စဆရကလုပ်တတ်တဲ့သူတွေကိုတော့ အထင်မကြီးမပါဘူး။ လောကမှာ ကိုယ့်လောက်ဗဟုသုတကြွယ်တဲ့သူမရှိတော့သလို ကိုယ်ပဲအရာရာသိနားလည်နေသလိုတွေ ပြောဆိုတာတွေဟာ တစ်ဖက်လူအတွက်တော့ တကယ့်ကိုနားကြားပြင်းကပ်စရာကောင်းပါတယ်။

ဒါကြောင့်ကိုယ်ပဲသိ ကိုယ်ပဲတတ်တဲ့ပုံစံနဲ့ ဆရာကြီးအထာပြောဆိုပြုမူတာတွေ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

(၂) ဖုန်းအသုံးပြုခြင်း

Source: date

ကောင်မလေးနဲ့ ဒိတ်လုပ်နေစဉ်အချိန်အတွင်း အတတ်နိုင်ဆုံး ဖုန်းကိုကိုယ်နဲ့ ခပ်ဝေးဝေးမှာ Silent လုပ်ထားသင့်ပါတယ်။ အရေးကြီးတဲ့ သေရေးရှင်ရေးဖုန်းတွေကလွဲရင် ဘယ်လိုဖုန်းမျိုးဖြစ်စေ လုံးဝမကိုင်သင့်ပါဘူး။ ကောင်မလေးကို ဘေးထားပြီး ဖုန်းပြောနေခြင်းဟာ လူကြီးလူကောင်းမဆန်သလို သူမကိုအလေးမထားရာလည်း ရောက်ပါတယ်။ ဒါကြောင့် ကောင်မလေးနဲ့ ဒိတ်နေစဉ် တတ်နိုင်သလောက် ဖုန်းအသုံးမပြုတာ အကောင်းဆုံးပါပဲ။

(၃) တခြားကောင်မလေးတွေငမ်းခြင်း

Source : The Cheat Sheet

ယောကျာ်းလေးအများစုက လှတဲ့ကောင်မလေးတွေတွေ့ရင် ဘာရယ်မဟုတ်ဘူး ငမ်းမိတတ်ကြပါတယ်။ ဒါပေမယ့်သင့်ဘေးမှာ သင့်ချစ်သူကောင်မလေးရှိနေချိန်မှာ လုံးဝမငမ်းသင့်ပါဘူး။ ဒါဟာအရမ်းကို ရုပ်ပေါက်တဲ့ လုပ်ရပ်မျိုးဖြစ်သလို သင့်ကိုလည်း အကြီးအကျယ်အထင်သေးသွားနိုင်ပါတယ်။ ဒါကြောင့် ချစ်သူကောင်မလေးနဲ့ ဒိတ်နေစဉ် ဘေးဝိုင်းက ကောင်မလေးကို ငမ်းမိတာ ၊ ကိုယ့် ဘေးကဖြတ်လျောက်သွားတဲ့ ကောင်မလေးတွေကို လိုက်ကြည့်မိတာ စတာတွေကို ရှောင်သင့်ပါတယ်။

(၄) အာရုံလွင့်နေခြင်း

Source : verywellmind.com

ကောင်မလေးတော်တော်များများက သူတို့စကားပြောနေစဉ် သူတို့အပေါ် Attention အပြည့်အဝထားတာကိုပဲ သဘောကျကြတာပါ။ သူတို့စကားပြောနေတာကို စိတ်မဝင်စားသလို အလေးမထားသလို ပြုလုပ်နေတာကို လုံးဝမကြိုက်ကြပါဘူး။ ဒါကြောင့်အတတ်နိုင်ဆုံး ကိုယ့်ရဲ့စိတ်အာရုံကို သူမအပေါ် အပြည့်အဝ Focus လုပ်ထားပါ။ ယောင်လို့တောင် ညကကြည့်ခဲ့တဲ့ မန်ယူနဲ့ လီပါပူးလ်ပွဲအကြောင်း မတွေးမိပါစေနဲ့။

(၅) စကားအလွန်အကျွံပြောခြင်း

Source : getcompatible.net

တစ်ခါတစ်လေမှာ ကောင်မလေးအနေခက်မှာစိုးတဲ့ စေတနာနဲ့ ကိုယ်ကပဲ စကားတွေ တန်းစီပြောတတ်တဲ့အကျင့် ယောကျာ်းလေးအများစုမှာ ရှိတတ်ကြပါတယ်။ တကယ်တော့ ဒိတ်တာဖြစ်တဲ့အတွက် သူနဲ့ကိုယ်နဲ့ အပြန်အလှန်ပြောလို့ရမယ့်စကားလေးတွေကိုသာ ရွေးပြောသင့်ပါတယ်။ ကိုယ်လည်းပြော သူပြောတာလေးလည်း နားထောင်ပေးပါ။ ကိုယ်ကပဲ ရေပက်မဝင်အောင် မနားတမ်းပြောနေမိတာမျိုးတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။