လူတိုင်းလူတိုင်းကိုယ့်ဘဝအတွက် ဘဝရည်မှန်းချက်တွေကို အမြင့်ဆုံးတွေးထားကြမယ်ထင်ပါတယ်။လက်ရှိရောက်နေတဲ့နေရာတစ်ခုကိုပဲ တင်းတိမ်ရောင့်ရဲနေလို့မရပါဘူး။အရှေ့မှာပိုကောင်းတဲ့အလုပ်ခွင်တွေ ပိုကောင်းတဲ့ရာထူးတွေလစာဝင်ငွေတွေက အသင့်စောင့်ကြိုနေတာကြောင့် အဆင်ပြေတယ်ဆိုရုံနေရာတစ်ခုမှာပဲမျောမနေပါနဲ့။ဒါကြောင့်လက်ရှိရောက်နေတဲ့နေရာကနေ ပိုမြင့်တဲ့နေရာတစ်ခုကို တက်လှမ်းချင်သူတိုင်းလိုက်နာသင့်တဲ့အချက်လေးတွေကိုမျှဝေပေးချင်ပါတယ်။

 

(၁) ခံယူချက်ပြင်းထန်ပါ

Source : Shutterstock

ယနေ့အောင်မြင်နေသူတိုင်းလိုလို ပြင်းထန်တဲ့ခံယူချက်တစ်ခုတော့ရှိကြပါတယ်။ကိုယ်ကဘယ်လိုနေရာကိုသွားချင်တာလဲ ဘာဖြစ်ချင်တာလဲဆိုတဲ့အရာတွေနဲ့ ပတ်သတ်ပြီးခံယူချက်ပြင်းပြင်းထန်ထန်ချမှတ်ထားပါ။ခံယူချက်ပြင်းစွာလုပ်ကိုင်နေသူတိုင်းအတွက် ပိုကောင်းတဲ့နေရာတစ်ခုဆိုတာအမြဲရှိနေသလို မျှော်မှန်းထားတဲ့အတိုင်းအောင်မြင်မှုဆိုတာကလည်း အနှေးနဲ့အမြန်ရရှိမှာပဲဖြစ်ပါတယ်။

 

(၂) အောင်မြင်နေသူတွေကိုအတုယူပါ

Source : Shutterstock

အောင်မြင်နေသူတိုင်းရဲ့ အမူအကျင့်တွေ ကြိုးစားအားထုတ်မှုတွေ ဖြတ်သန်းခဲ့ရတဲ့အခက်ခဲတွေကို အတုယူပါ။ဒီလိုအောင်မြင်နေသူတွေနဲ့ ဖြတ်သန်းမှုပုံရိပ်တွေကိုလေ့လာခြင်းက သင့်ကိုစိတ်ခွန်အားပိုရစေမှာဖြစ်ပြီး အောင်မြင်မှုဆိုတာလွယ် လွယ်မရနိုင်ကြောင်းကိုလည်း လေးလေးနက်နက်သိရှိလာမှာဖြစ်ပါတယ်။အောင်မြင်မှုရဲ့ခမ်းနားမှုကိုသိလေအောင်မြင်မှုရအောင်ပိုကြိုးစားချင်လေဖြစ်တာကြောင့် အောင်မြင်နေသူတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကိုလေ့လာအတုယူပါ။

 

(၃) စွန့်စားမှုရှိပါ

Source : Shutterstock

လက်ရှိနေရာထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ဖို့ စွန့်စားမှုတွေအများကြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။စွန့်စားမှု တွေ အခက်အခဲအတာဆီးတွေကိုကျော်လွန်ပြီးတိုင်း အောင်မြင်မှုကအသင့်ဆောင်ကြိုနေမှာဖြစ်တာကြောင့် စွန့်စားရဲတဲ့ သတိရှိဖို့တော့လိုပါတယ်။သက်သာချောင်လည်တဲ့နေရာတစ်ခုမှာနေပြီး ဒီထက်ပိုမြင့်တဲ့နေရာတစ်ခုကိုရောက်ဖို့ စိတ်ကူးနဲ့ တော့မရနိုင်ပါဘူး။လက်တွေ့စွန့်စားမှသာရရှိနိုင်မယ့် အရာတစ်ခုဖြစ်ပါတယ်။

 

(၄) ရင်းနှီးမြုပ်နှံပါ

Source : Shutterstock

လုပ်ငန်းတစ်ခုအမြတ်အစွန်းရဖို့ အရင်ဆုံးရင်းနှီးမြုပ်နှံတဲ့ ငွေရှိရမှာဖြစ်သလို ပိုကောင်းတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့အတွက်လည်း ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံဖို့လိုပါတယ်။ကိုယ်မှာလိုနေသေးတဲ့ဝမ်းစာတွေကို တက်နိုင်သလောက်ဖြည်းဖြည့်ချင်းဖြည့်သွားပါ။သင်တန်းတွေတက်သင့်ရင်တက်ပါ။စာအုပ်တွေဝယ်ဖတ်ပါ။ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံခြင်းက တိုးတက်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ အမြဲသတိရနေဖို့ လိုပါတယ်။