တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလိုပဲ လူတစ်ယောက်အတွက် First Impression ကောင်းကောင်းရဖို့ဆိုရင် ပထမဆုံးသတိပြုရမှာက အဝတ်အစားပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းမှာလည်း ကိုယ်နဲ့လက်တွဲလုပ်ကိုင်မယ့် စီးပွားဖက်တွေများစွာရဲ့ ယုံကြည်အထင်ကြီးမှုကို ထိန်းသိမ်းတတ်ဖို့ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ Dress Code နဲ့ ပတ်သက်ပြီး အမှားယွင်းမရှိဖို့ လိုပါမယ်။

ဒါကြောင့် လုပ်ငန်းခွင်မှာ Business Casual နဲ့ ပတ်သက်ပြီး မှားယွင်းမှုကင်းစေဖို့ ရှောင်ရမယ့်အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) Jeans ဝတ်ဆင်ခြင်းကို ရှောင်ပါ

Source : pinterest.com

Casual ဆိုတာ ပါတာကြောင့် ထသွားထလာလိုပဲ ပေါ့ပါးစေမယ့် Jeans တွေ ဝတ်လို့ရမယ်လို့ ထင်မြင်ယူဆနိုင်ပါတယ်။ တကယ်တော့ Jeans တွေဟာ ဘယ်လောက်ပဲ Branded ဖြစ်နေပါစေ လုပ်ငန်းခွင်နဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် Jeans အစား Style Pants ၊ Chino Pants တွေ ဝတ်ဆင်သင့်ပါတယ်။

(၂) ကော်လံပါတဲ့ အက်ႌမ်ိဳးပဲ ဝတ္ဆင္ပါ

Source : essentielleetbelle.com

ကုတ္အက်ႌေအာက္မွာ T-Shirt လေးခံပြီး ဖက်ရှင်ကျကျနဲ့ ရုံးသွားလို့ရတာ ကိုရီးယားကားထဲမှာပဲ ကြည့်ကောင်းပါတယ်။ တကယ့်လက်တွေ့မှာတော့ ကော်လံမပါတဲ့ တီရှပ်တွေဟာ လုပ်ငန်းခွင်မှာဆိုရင် သင့်ရဲ့အသွင်ပြင်ကို ထိခိုက်စေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ သပ်သပ်ရပ်ရပ်နဲ့ ပေါ့ပါးတဲ့စတိုင်မျိုး လိုချင်ရင်တော့ တီရှပ်အစား ရှပ်အင်္ကျီပြောင်ကို ရွေးချယ်ဝတ်ဆင်ပါ။

(၃) Fitting ကျတဲ့ အဝတ်စားမျိုးပဲ ရွေးချယ်ပါ

Source : Ashley Weston

လုပ်ငန်းခွင်နဲ့ လိုက်ဖက်စေမယ့် အဝတ်စားမျိုးဝတ်ဆင်ရာမှာ အရေးကြီးဆုံးက သင်နဲ့ ကွက်တိကျဖို့ပါပဲ။ ဆိုဒ်အနည်းငယ် ပိုကြီးနေတာဖြစ်စေ၊ ပိုသေးနေတာဖြစ်စေ သင့်ကိုကြည့်ရဆိုးစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ Ready Made တွေ ဝတ်ဆင်ခြင်းထက် ကိုယ်နဲ့ Fitting တိုင်းပြီးချုပ်ဝတ်တာဖြစ်ပါတယ်။

(၄) Sneaker စီးခြင်း ရှောင်ကြဉ်ပါ

Source : Luxe Digital

လူနှစ်ဦးတွေ့ဆုံခိုက် ပထမဆုံးသတိပြုမိစေတဲ့ အရာကတော့ ဖိနပ်ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာက သက်တောင့်သက်သာဖြစ်စေဖို့ထက် လူအမြင်မှာခန့် ညားနေစေဖို့က နံပါတ်တစ်ဦးစားပေးဖြစ်လာပါပြီ။ ဒါကြောင့် ပေါ့ပါးလွတ်လပ်တဲ့ Sneaker မျိုးထက် လည်သာရှူးဖိနပ်မျိုးကိုသာ ရွေးချယ်လိုက်ပါ။

(၄) Formal အရမ်းဆန်သွားမှာ စိတ်မပူပါနဲ့

Source : pinterest.com

ဘယ်နေရာမှာမဆို သတိရှိရှိနဲ့ပြုမူနေထိုင်ခြင်းဟာ ပိုတယ်လို့ မရှိပါဘူး။ ထိုနည်းတူပဲ လုပ်ငန်းခွင်မှာလည်း အနောက်တိုင်းဝတ်စုံကို ပြည့်ပြည့်စုံစုံနဲ့ Formal ကျကျဝတ်ဆင်ခြင်းဟာ သင့်ကို Professional ဆန်စေမှာပါ။ ဒါကြောင့် သာမန် Meeting ရှိနေရင်တောင် အဝတ်စားကို လိုတာထက်ပိုပြီး Formal ဆန်ဆန်ဝတ်သွားမိရင်လည်း စိတ်ပူဖို့မလိုပါဘူး။