ပထမဆုံးသောသင်္ကြန်ရက်လေးဖြစ်တဲ့ သင်္ကြန်အကြိုနေ့နဲ့ ဒုတိယနေ့ဖြစ်တဲ့ သင်္ကြန်အကျနေ့ကို အားလုံးအတူတူပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြရမယ်ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် လည်ပတ်စရာနေရာတွေ ပျော်ရွှင်စရာအစီအစဉ်တွေဟာလည်း ပိုမိုများပြားလာကြောင့် သင်္ကြန် (၄) ရက် မြန်မြန်ကုန်သွားမှာတောင် စိုးရိမ်နေရပါတယ်နော်။ ဒါပေမယ့်လည်း ကျန်တဲ့သင်္ကြန်ရက်တွေကို ကျန်းကျန်းမာမာ ဆက်လက်ကဲနိုင်ဖို့ သင်္ကြန်လည်ပြီး အိမ်ပြန်ရောက်တဲ့အခါ မဖြစ်မနေပြုလုပ်ရမယ့် အချက်လေးတွေကိုတော့ လိုက်နာဖို့ အကြံပြုချင်ပါတယ်နော်။ ဒီအချက်လေးတွေက ဘာတွေဖြစ်မလဲ ဆက်ဖတ်လိုက်ရအောင်။

(၁) ရေဝဝချိုးပါ

Source : liveabout.com

သင်္ကြန်လည်ပြီး အိမ်ပြန်ရောက်တဲ့အခါ အရင်ဆုံးရေဝဝ ချိုးပေးဖို့လိုပါတယ်။ တစ်နေကုန်လျောက်လည်ထားတဲ့အတွက် ခန္ဓာကိုယ်မှာ ဖုန်တွေသဲတွေကပ်နေနိုင်ပြီး မသန့်ရှင်းတဲ့ရေတွေနဲ့လည်း ထိတွေ့ခဲ့ရနိုင်တာကြောင့် ကောင်းစွာရေမချိုးဘူးဆိုပါက ခန္ဓာကိုယ်ယားယံခြင်းတွေ ၊ အရေပြားအနာလေးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်အနေနဲ့ တစ်နေကုန်ရေစိုနဲ့နေလာရတဲ့အတွက် အရမ်းချမ်းနေတယ်ဆိုရင်တော့ ရေနွေး ခပ်နွေးနွေးလေးနဲ့ ချိုးပေးရပါမယ်။

(၂) နွေးနွေးထွေးထွေးနေပါ

Source : Food Revolution Network

ကျန်တဲ့သင်္ကြန်ရက်တွေကို ဆက်ကဲချင်သေးတယ်ဆိုရင်တော့ အိမ်ပြန်ရောက်တဲ့အခါ နွေးနွေးထွေးထွေးနေပေးဖို့လိုပါမယ်။ တစ်နေကုန်ရေစိုပြီး ချမ်းနေတဲ့ ခန္ဓာကိုယ်လေးကို အနွေးဓာတ်လေးကောင်းစွာပြန်လည်ပေးဖို့လိုပါမယ်။ ပြီးရင်တော့ ဂျင်းတစ်တက်နဲ့ ထန်းလျက်အနည်းငယ်ကိုပြုတ်ပြီး ပူပူလေးသောက်ပေးလိုက်ရင် အအေးပတ်တာတွေ ဖျားချင်သလို ဖြစ်နေတာတွေပျောက်ကင်းပြီး နောက်နေ့တွေလည်း ဆက်ကဲနိုင်မှာဖြစ်ပါတယ်။

(၃) အသားအရေအစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

Source : Lighthouse Dental Practice

တစ်နေ့ကုန် နေပူပူမှာလည်ပတ်ခဲ့တဲ့အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်၊ ရေဒဏ်၊ လေဒဏ်တွေကို ကောင်းကောင်းခံခဲ့ရတဲ့ ကိုယ့်ရဲ့ အသားအရေလေးအတွက် အိမ်ပြန်ရောက်တဲ့အချိန်မှာ အစိုဓာတ်ထိန်းခရင်မ်လေးတော့ ပြန်လည်လိမ်းပေးဖို့လိုပါတယ်။ ပူပြင်းလှတဲ့နေရောင်အောက်မှာ အချိန်အကြာကြီးနေခဲ့ရတဲ့အတွက် အသားအရေကွက်မဲတာတွေ နေလောင်ဒဏ်တွေဖြစ်ပေါ်လာနိုင်တာကြောင့် အကောင်းဆုံးပြန်လည်ထိန်သိမ်းတဲ့အနေနဲ့ Moisturising ခရင်မ်ကို သုံးကိုသုံးသင့်ပါတယ်။

(၄) ရေများများသောက်ပါ

Source : ThoughtCo

တစ်နေကုန်လည်ပတ်ရင်း သင်္ကြန်သီချင်လေးတွေနဲ့အတူ ခုန်ကြကကြလုပ်ခဲ့အတွက် ခန္ဓာကိုယ်ကရေဓာတ်တွေအများကြီး ဆုံးရှုံးသွားရမယ်ဆိုတာအသေအချာပါပဲ။ ရာသီဥတုအခြေအနေဟာလည်း တော်တော်လေးကို ပူပြင်းတာတောင် ခန္ဓာကိုယ်က ချွေးနဲ့ ရေဓာတ်တွေဟာ လိုတာထက်ပိုပြီး ဆုံးရှုံးဖို့အခွင့်အရေးပိုများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးပါ။

(၅) ကောင်းစွာအိပ်စက်အနားယူပါ

Source : Men’s Journal

တစ်နှစ်မှာ တစ်ခါကျရောက်တဲ့ သင်္ကြန်ရက်လေးမှာ တစ်နေကုန် အပျော်တွေလွန်ပြီး ကဲခဲ့ပေမယ့် ညဘက်အိမ်ပြန်ရောက်တဲ့ အချိန်လေးမှာတော့ ကောင်းကောင်းအိပ်စက် အနားယူပေးဖို့လိုပါမယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Energy တွေကိုလည်း ကောင်းစွာ အိပ်စက်အနားယူခြင်းနဲ့အတူ ပြန်လည်ဖြည့်တင်းမှလည်း နောက်နေ့ဆက်ကဲဖို့ Ready ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းစွာအိပ်စက်အနားယူပေးပါ။