တစ်ချို့ရက်တွေမှာ အလုပ်ထဲစိတ်နှစ်လို့မရတဲ့အထိ အာရုံလွင့်ပျံ့နေတာမျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ အလုပ်မှာရောက်နေပေမယ့် စိတ်ထဲပျင်းရိငြိငွေ့သလို ခံစားနေရပြီး ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ချင်ကိုင်ချင်စိတ်မရှိပဲ ဖြစ်နေတက်ပါတယ်။ ဒီလိုအလုပ်လုပ်ချင်စိတ် ပျောက်ဆုံးနေပြီဆိုရင် အခုပြောပြမယ့် နည်းလေးတွေနဲ့ စိတ်ဓာတ်ကိုပြန်လည်မြှင့်တင်နိုင်ပါတယ်။

(၁) Desktop ပုံချိန်းလိုက်ပါ

Young businessman sitting at his work desk and working on desktop computer

Photo : iStock

ကွန်ပျူတာနဲ့အမြဲထိတွေ့လုပ်ကိုင်နေရတဲ့ ရုံးသမားတွေအနေနဲ့ အလုပ်လုပ်ချင််စိတ်ပျောက်ဆုံးနေတဲ့အခါ သင့်စိတ်ကို သက်တောင့်သက်သာရှိစေမယ့် ကွန်ပျူတာ Desktop ပုံချိန်းလိုက်ဖို့ အကြံပြုချင်ပါတယ်။ သဘာဝရှု့ခင်းတွေ ၊ တောတောင်တွေ ၊ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ စမ်းချောင်းရေတံခွန်ပုံလေးတွေကို ပြောင်းထားကြည့်ပါ။ စိတ်ကိုကြည်လင်အေးချမ်းစေပြီး အလုပ်မှာ အာရုံပြန်စိုက်နိုင်လာပါလိမ့်မယ်။

(၂) ရေများများသောက်ပါ

Young man drinking water

Photo : Runtastic

တစ်ခါတစ်လေ ခန္ဓာကိုယ်ကရေဓာတ်ခမ်းခြောက်တဲ့အခါ မောပန်းနွမ်းနယ်ခြင်း ပင်ပန်းခြင်းတွေခံစားရပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်တက်ပါတယ်။ ရေက သဘာဝအတိုင်းလန်းဆန်းစေပြီး စွမ်းအင်ပြည့်ဝစေပါတယ်။ ဒါကြောင့် ရုံးချိန်အတွင်းမှာ ရေဓာတ်လုံလောက်စွာရစေဖို့ မကြာခဏရေသောက်ပေးတာမျိုးလုပ်သင့်ပါတယ်။

(၃) တရားထိုင်ပါ

Man meditating in office coping with stress business executive doing yoga at desk in a modern office

Photo : Freepik

ထိုင်ခုံနေရာမှာပဲ ၁၅ မိနစ်ကိုတရားထိုင်ပေးခြင်းက စိတ်ကိုငြိမ်သက်အေးချမ်းစေပြီး ပျံ့လွင့်နေတဲ့ စိတ်အာရုံတွေကို ပြန်လည်စုစည်းပေးနိုင်ပါတယ်။ အလုပ်လုပ်ချင်စိတ်ပျောက်ပြီး အလုပ်အပေါ်အာရုံစုစည်းလို့မရဘူးဆိုရင် အလုပ်စားပွဲမှာပဲ ခဏလောက်ငြိမ်သက်စွာတရားထိုင်ကြည့်ပါ။ စိတ်ထဲရှင်းလင်းပြီး ပြန်လည်လန်းဆန်းစွာတက်ကြွစွာအလုပ်လုပ်နိုင်ပါလိမ့်မယ်။

(၄) ဉာဏ်သုံးရတဲ့ ဂိမ်းတွေကစားပါ

man holding Rubiks cube

Photo : Edexlive

ဦးနှောက်ရဲ့စွမ်းရည်ကိုပိုကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းတိုးတက်စေဖို့ ဉာဏ်ကိုသုံးရတဲ့ ဂိမ်းကစားနည်းတွေက များစွာအထောက်အပံ့ဖြစ်စေပါတယ်။ Sudoku ကစားတာ ၊ Quiz တွေဖြေကြည့်တာ ၊ Puzzle ဂိမ်းတွေကစားတာမျိုးလုပ်ကြည့်ပါ။ သင့်စိတ်ကိုငြီးငွေမှုကြားက ဆွဲထုတ်နိုင်ပြီး အလုပ်မှာအာရုံကောင်းကောင်း ပြန်စိုက်လာနိုင်ဖို့ များစွာအထောက်အပံ့ဖြစ်စေမှာပါ။

(၅) လေ့ကျင့်ခန်းလုပ်ပါ

man talking stretching at desk

Photo : CoreChair

ရုံးတွင်းမှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။ ထိုင်ထလုပ်တာ ၊ အကြောလျော့တာ ၊  ဒိုက်ထိုးတာ ၊ Squat ထိုင်တာ ၊ လမ်းလျောက်တာ စသည်ဖြင့်ပေါ့။ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေပေးခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ငြီးငွေ့ထိုင်းမှိုင်းနေမှုတွေ လျော့ကျစေပါတယ်။ ဒါကြောင့် အလုပ်တစ်ရက်တာမှာ ပျင်းလာပြီး အလုပ်လုပ်ချင်စိတ်ပျောက်လာပြီဆိုရင်း လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတစ်ခုခု ၁၀ မိနစ် ၁၅ မိနစ်လောက််လုပ်ကြည့်ပါ။

Featured Photo : Ladders