အမေရိကန်နိုင်ငံရဲ့ တတိယမြောက်သမ္မတတစ်ဦးဖြစ်သူ သောမတ်ဂျက်ဖာဆန်ရဲ့ ပြောကြားချက် စိတ်ဆိုးဒေါသထွက်နေချိန်မှာ တစ်ကနေ တစ်ဆယ်အထိရေတွက်ပြီးမှ စကားပြောပါ။ တစ်ဆယ်အထိရေပြီးလို့မှ ဒေါသထွက်နေတုန်းပဲဆိုရင်တော့ တစ်ကနေ တစ်ရာအထိ ဆက်လက်ရေတွက်ပြီးမှ စကားပြောပါ လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် လူတွေက ဒေါသထွက်နေချိန်မှာ ဘာကိုမှ မမြင်တော့တဲ့အတွက်ကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်များကို မချမိဖို့လည်း အရေးကြီးပါတယ်။ ဒေါသထွက်နေချိန်မှာ လုံးဝ မပြုလုပ်သင့်တဲ့အရာတစ်ချို့ကတော့

ဒေါသကို ဖုံးကွယ်ပစ်ခြင်း

Source: Canva.com

လေ့လာချက်တွေအရ ဒေါသကို ဖုံးကွယ်ပစ်ခြင်းက ကျန်းမာရေးအတွက်မကောင်းသလို နှလုံးကိုလည်း ထိခိုက်စေပါတယ်။ ဖုံးကွယ်ထားခြင်းက မကောင်းဘူးဆိုတာနဲ့ပဲ ဒေါသထွက် ပေါက်ကွဲပစ်ရမယ်လို့ မဆိုလိုပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ဒေါသကိုသေသေချာချာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

ကားမောင်းခြင်း

Source: Videoblocks.com

ဒေါသထွက်နေချိန်မှာ အာရုံစူးစိုက်နိုင်စွမ်းတွေကလည်း လျော့ကျနေတာကြောင့် ကားမောင်းမယ်ဆိုရင် ယာဉ်မတော်မဆမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကားမောင်းမယ့်အစား လမ်းလျှောက်ပါ။ လမ်းလျှောက်ခြင်းက သင့်ရဲ့ ဒေါသကို ဖြေလျော့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဆိုလည်း မမှားပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခြင်း

Source: Darpanmagazine.com

ဒေါသထွက်နေချိန်မှာ ဆိုရှယ်မီဒီယာတွေနဲ့ ဝေးဝေးနေတာအကောင်းဆုံးပါပဲ။ ဖေ့ဘုတ်ပေါ် တက်ရေးမယ်ဆိုရင် သင် စိတ်ဆိုးပြေတဲ့အခါ နောင်တရစရာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

သင့်ကို ဒေါသထွက်အောင် ပြုလုပ်သူထံ မက်ဆေ့ခ်ျပို့ခြင်း၊ ဖုန်းဆက်ခြင်း

Source: Pcworld.com

စကားကျွံရင် ပြန်နုတ်လို့မရတာကြောင့် စိတ်ဆိုးနေချိန်မှာ သင့်တင့်လျောက်ပတ်ပြီး မှန်ကန်တဲ့အကြောင်းပြချက်တွေနဲ့ ပြောဆိုနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒေါသထွက်အောင် ပြုလုပ်တဲ့သူနဲ့ ဖုန်းမပြောတာအကောင်းဆုံးပါပဲ။ မက်ဆေ့ခ်ျပို့ချင်တယ်ဆိုရင်လည်း စာရေးရုံသာ ရေးထားပြီး ခဏလောက် Save ထားပါ။ စိတ်ဆိုးပြေချိန်မှ ထိုစာကို ပြန်စစ်ပြီး ပို့ရပါမယ်။ ဒါမှ နောင်တရစရာနဲ့ မကြုံတွေ့ရမှာပါ။

အစား အလွန်အကျွံစားခြင်း

Source: Trainer.ae

တချို့လူတွေက ဒေါသထွက်လာပြီဆိုရင် အစားအလွန်အကျွံစားပြီး ဒေါသဖြေလေ့ရှိပါတယ်။ အဲ့ဒီအခါ ပုံမှန်စားနေကျထက် ပိုစားမိတော့တာပါပဲ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့ အစာချေစနစ်ကို ဒုက္ခပေးရာရောက်သလို ကိုယ်ခံစွမ်းအားလည်း လျော့ကျသွားစေပါတယ်။