လူအများစုဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ သူတို့ကိုယ်တိုင်သတိထားမိတဲ့ အမှားသေးသေးလေးတွေများစွာကို လုပ်ဆောင်နေမိတက်ကြတယ်ဆိုတာ သင်သိပါသလား။ စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝမှာလည်း ကိုယ်တိုင်သတိမထားမိပဲ လုပ်မိတက်တဲ့ အမှားလေးတွေရှိကောင်းရှိနေနိုင်ပါတယ်။ ဒီလို လူတိုင်းလုပ်မိတက်တဲ့အမှားလေးတွေနဲ့ ပတ်သတ်ပြီး ကောင်းခြင်းဆိုးခြင်းတွေကို ဒီဆောင်းပါးလေးမှာဖော်ပြပေးလိုက်ပါတယ်နော်။

(၁) အစားမြန်မြန်စားခြင်း

Eating too fast

ဂျပန်လူတွေဟာ အစားအစာတွေစားတဲ့အခါ ဖြေးဖြေးနဲ့ ပုံမှန်လေးစားတဲ့နည်းကိုအသုံးပြုကြပါတယ်။ ဒါဟာကျန်းမာတဲ့စားသောက်ပုံဖြစ်ပြီး ခန္ဓာကိုယ်ကိုလည်း သွယ်လျစေပါတယ်။ အစားအစာကို အလောတကြီးနဲ့ မြန်မြန်စားတာဟာ အစားပိုစားပြီး ကိုယ်အလေးချိန်တက်လွယ်သလို အစာမကြေခြင်း ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများလည်း ကြုံတွေ့ရနိုင်ပါတယ်။

(၂) အစားစားပြီးချင်း ရေအများကြီးသောက်မိခြင်း

Chugging a glass of water after a big meal

ရေများများသောက်တာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေများစွာရှိတယ်ဆိုပေမယ့် နေ့လည်စာ ညစာကဲ့သို့ အစားအများကြီးစားပြီးချင်းမှာတော့ ရေအဝသောက်လိုက်တဲ့ အလေ့အထကိုရှောင်ကျဉ်သင့်ပါတယ်။ အစားစားပြီးရေကို ခပ်မြန်မြန် အဝသောက်လိုက်ခြင်းက ဝမ်းဗိုက်နဲ့အစာအိမ်ကို မအီမသာဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အစားစာပြီတဲ့အခါ ရေကိုဖြေးဖြေးချင်းသောက်ပေးပါ။

(၃) ပလတ်စတစ်ဗူးနှင့်အစားအစာကိုအပူပေးခြင်း

Reheating plastic containers

အစားအစာတွေကို ပူပူနွေးနွေးစာတာကောင်းတယ်ဆိုပေမယ့် ပလတ်စတစ်ဗူးအတွင်းက အေးနေတဲ့အစားအစာတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ပြန်လည်အပူပေးစားသုံးတာကတော့ ကျန်းမာရေးဆိုးကျိုးတွေများစွာရှိနိုင်ပါတယ်။ တစ်ချို့ပလတ်စတစ်ဗူးတွေက မိုက်ခရိုဝေ့အတွင်း အသုံးပြုလို့ရတဲ့ အပူဗူးတွေရှိပေမယ့် ပလတ်စတစ်ဗူးတိုင်းကိုတော့ မိုက်ခရိုဝေ့အတွင်းထည့်ပြီးအသုံးပြုလို့မရနိုင်ပါဘူး။ ပလတ်စတစ်ကိုအပူပေးတဲ့အခါ ဓာတုဓာတ်ပြုမှုတွေဖြစ်လာပြီး စားသုံမိရင်အန္တရာရှိနိုင်ပါတယ်။အကောင်းဆုံးကတော့ ကြွေပန်းကန်ကိုသုံးပြီးအစားအစာတွေကိုနွေးပါ။

(၄) ရေခဲရေသောက်သုံးခြင်း

Drinking ice cold water

လူအများစုကရေသောက်တဲ့အခါ အေးစက်နေတဲ့ ရေခဲရေမျိုးသောက်ရတာကိုပိုပြီးနှစ်သက်ကြပါတယ်။ ဒါပေမယ်ရေခဲရေသောက်ခြင်းက အချိန်ခဏအတွင်း စိတ်ကျေနပ်လန်းဆန်းမှုကိုခံစားရစေပေမယ့် အစာချေစနစ်ကို ကမောက်ကမဖြစ်စေပါတယ်။ ဒါထက်ပိုဆိုးတာက ရေခဲရေသောက်ခြင်းသာ အဝလွန်ခြင်း သွေးကြောများကျဉ်းစေခြင်းစတဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။

(၅) ရေပူရေအေးနှင့်မျက်နှာသစ်ခြင်း

Washing your face with freezing cold or very hot water

လူတိုင်းလိုလို ရေချိုးတဲ့အခါ မျက်နှာသစ်ခြင်းအလေ့အကျင့်ကိုပါ တစ်ခါတည်းလုပ်ဆောင်တက်ကြပါတယ်။ သို့သော်လည်းကိုယ်က ပူတဲ့ရေ (သို့) အေးလွန်းတဲ့ရေနဲ့ ရေချိုးနေတယ်ဆိုရင်တော့ မျက်နှာမသစ်မိဖို့ သတိထားရပါမယ်။ ပူတဲ့ရေ (သို့) အေးလွန်းတဲ့ရေတွေက မျက်နှာအသားနှင့်အဆီဓာတ်ကို ပျက်စီးစေနိုင်လို့ပါ။

Source : Brightside