လူတွေဟာ သူတို့ပတ်ဝန်းကျင်ကအရာတွေကိုပြောင်းလဲချင်ကြပေမယ့် သူတို့ကိုယ်သူတို့ပြောင်းလဲဖို့ကိုတော့မေ့ နေတတ်ကြပါတယ်။ တကယ်တော့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေက ကိုယ့်ရဲ့ဘဝကိုအခွင့် အလမ်းတွေပိုမိုရစေပါတယ်။ ကိုယ့်ကိုယ်ကို လိုအပ်တဲ့ပြောင်းလဲမှုတွေလုပ်နိုင်လေ ပိုပျော်ရွှင်ရလေဖြစ်မှာပါ။ ဒါဆို ဘယ်လိုအပြောင်းအလဲတွေလုပ်ရမလဲ ဖတ်ကြည့်ရအောင်။

(၁) သင့်အိမ်မက်တွေကို ချရေးလိုက်ပါ

Source : Spy

လူတော်တော်များများက ငယ်တုန်းကဖြစ်ချင်ခဲ့တဲ့စိတ်ကူးအိမ်မက်တွေရှိကြပေမယ့် တကယ်ဖြစ်လာမယ်လို့ ယုံကြည်မှုအားနည်းကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ငယ်စဉ်ကအိမ်မက်တွေကိုမေ့လာကြပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အိမ်မက်တွေကို စာရွက်ပေါ်မှာချရေးပါ။ နေ့တိုင်းမြင်နေရတဲ့နေရာမှာထားတာက အိမ်မက်တွေနဲ့ပိုနီးလာတယ်လို့ယုံကြည်လာပါတယ်။

(၂) အိမ်မက်တွေဆီရောက်ဖို့ ပန်းတိုင်အဆင့်တွေထားပါ

Source : CoreAxis

သင့်ဘဝရဲ့အရေးကြီးတဲ့အရာတွေဘာ၊ အိမ်မက်တွေကဘာဆိုတာသိတာနက်တပြိုင်နက် ရေရှည်၊ ပုံမှန်နဲ့ ရေတိုပန်းတိုင်တွေစသတ်မှတ်ဖို့လိုပါတယ်။ ပြီးရင် တဆင့်ချင်းစီအကောင်အထည်ဖော်နိုင်တဲ့အထိကြိုးစားသွားပါ။

(၃) နောင်တတွေ မထားပါနဲ့

Source : LaFleur Counseling and Psychotherapy

နောင်တရတာက ဘဝကိုနောက်ပြန်ဆွဲစေပါတယ်။ အတိတ်ကအဖြစ်အပျက်တွေ ပြန်စဉ်းစားပြီးသင့်အချိန် တွေကိုအတိတ်မှာဖြုန်းနေရင် လက်ရှိအခွင့်အရေးတွေနဲ့အနာဂတ်ကိုပါ လက်လွတ်သွားပါလိမ့်မယ်။ ပြောင်းလဲလို့မရတာတွေကိုအချိန်ပေးမယ့်အစား လက်ရှိနဲ့အနာဂတ်ကိုဘယ်လိုအကောင်းဆုံးရှင်သန်ရမလဲဆို တာစီမံပါ။

(၄) သင့်ကိုယ်သင်လက်ခံပါ

Source : KPMG International

သင့်ကိုယ်သင်အရှိအရှိတိုင်းလက်ခံပါ။ သင့်ဘဝပြောင်းလဲမှုကိုဖန်တီးမည့်သူက သင်ကိုယ်တိုင်သာဖြစ်ပါတယ်။ ဘဝမှာ သင့်ကိုယ်ငြင်းပယ်မယ့်သူတွေ သိပ်မကြိုက်တဲ့သူတွေရှိနိုင်ပါတယ်။ ဘယ်သူ့အမြင်ကြောင့်မှမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလက်ခံပြီးချစ်တာက သင့်ဘဝကိုရှေ့ဆက်တိုးတက်ဖို့အထောက်အကူပြုပါတယ်။

(၅) သင်ယူလေ့လာရတာကို ပျော်ရွှင်ပါ

Source : Forbes

အကြောင်းအရာအသစ်တခုကိုသင်လေ့လာတိုင်း အသိပညာ၊ ဗဟုသုတတွေရလာတဲ့အမျှ သင့်ကိုယ်သင် ယုံကြည်မှုလဲရလာပါလိမ့်မယ်။ သင်ယူလေ့လာတာက အခြေအနေအသစ်တွေနဲ့ပိုမိုလိုက်လျောညီထွေဖြစ် အောင်ကူညီပါတယ်။ စာများများဖတ်တာကလဲ နည်းလမ်းကောင်းတခုပါ။