ကမ္ဘာကျော် တွေးခေါ်ပညာရှင် ဂျော့ခ်ျဘားနတ်ဒ်ရှောကတော့ ဝီစကီဟာ အရည်ဖျော်ထားတဲ့ နေရောင်ပဲလို့ ပြောဖူးပါတယ်။ ဝီစကီတစ်ခွက်ဟာ ဘာလီ ၊ တစေးနဲ့ ရေပဲ ပါဝင်ပေမယ့် အလွန်ကို ရှုပ်ထွေးတဲ့ ယမကာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဝီစကီမှာဆို စကော့တလန်ဟာ နာမည်ကြီးပေမယ့် သူ့မှာ လူသိနည်းတဲ့ လျှို့ဝှက်ချက်တစ်ချို့ ရှိနေပါတယ်။

(၁) အနံ့က အဓိကကျတယ်

Source: Glenmorangie

စကော့ဝီစကီတွေကို အမျိုးအစားအနေနဲ့  ဒေသကြီး ငါးခုက ထွက်တာနဲ့ ခွဲခြားနိုင်ပါတယ်။ Lowland ဝီစကီ ၊ Campbeltown ဝီစကီ ၊ Islay ဝီစကီ ၊ Speyside နဲ့ Highland ဝီစကီတွေပါ။ တစ်မျိုးစီမှာ ကိုယ်ပိုင်ဟန်ရှိပေမယ့် တကယ်ကွဲပြားတာက အနံ့ပါပဲ။ Islay က ထွက်တဲ့ ဝီစကီဟာ ဝီစကီလောကမှာ အပြင်းစားလို့ ပြောနိုင်ပါတယ်။ လည်ချောင်းထဲမှာ ခပ်ပြင်းပြင်း ပူဆင်းသွားစေဖို့ အောက်ဆီဂျင်မရှိအောင် ထုတ်ထားတဲ့ Smoky အရသာပါ။

(၂) Single Cask ဝီစကီဆိုရင် နောက် Edition ဖြစ်သွားတယ်

Source: The Scotch Malt Whisky Society Australia

ဝီစကီတွေဟာ နာမည်အမျိုးမျိုး ပုလင်းအမျိုးမျိုးနဲ့ လာပေမယ့် Single Cask Single Malt ဝီစကီဆိုရင် ဆရာကြီးစာရင်းထဲ ပါပါတယ်။ ဝီစကီပေါင်းတဲ့ လုပ်ငန်းအများစုဟာ ဝီစကီစည်တွေကို ရောပေါင်းပြီး ဒီထဲကမှ အနံ့တွေ အရသာတွေ ပြန်ပြောင်းလိုက်တာပါ။ Single Cask မော့တ်တွေကတော့ Limited Edition ဖြစ်ပြီး စည်ကအစ သီးသန့်လာပြီး ထုတ်လုပ်မှုကိုလည်း သီးခြား လုပ်ထားတာပါ။ အရသာမှာလည်း Single Cask တစ်ခုစီက ကွာပါတယ်။

(၃) ဝီစကီ အရသာခံကျွမ်းသူတွေ မရှိတော့ဘူး

Source: Total Wine & More

ဝိုင် Taster လိုမျိုး ဝီစကီအရသာ ကောင်းမကောင်း ကျွမ်းတဲ့သူတွေရှိပေမယ့် ဒီဘက်ခေတ်မှာ ဝီစကီကို လူတိုင်းဟာ ကိုယ့် Mood နဲ့ ကိုယ် သောက်လာကြပြီ ဖြစ်ပါတယ်။

(၄) အရသာကို နှာခေါင်းက သိတယ်

Source: New York Post

ဝီစကီဟာ သောက်စရာပါ။ ဒါပေမယ့် အနံ့အာရုံခံစနစ်ဟာ မှတ်ဥာဏ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်စပ်ပါတယ်။ ဝီစကီကောင်းတစ်ခုကို လျှာထက် နှာခေါင်းက ပိုသိပါတယ်။

(၅) ပြင်သစ်ဟာ ဝီစကီ ဈေးကွက်ကြီးပါ

Source: Reserve

ဝိုင် ၊ ရှန်ပိန်တွေနဲ့ နာမည်ကြီးတဲ့ ပြင်သစ်နိုင်ငံဟာ စကော့ဝီစကီကို အကြီးအကျယ်ကြိုက်တဲ့ Export ဈေးကွက်ကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ စကော့က ထုတ်တဲ့ ဝီစကီ ပုလင်းပေါင်း ၈၅ သန်းဟာ ၂၀၁၇ ပထမ ၆ လအတွင်း ပြင်သစ်မှာ ရောင်းချနိုင်ခဲ့ပြီး အမေရိကန်မှာ ၅၈ သန်း နဲ့ အိန္ဒိယမှာ စကော့ဝီစကီပုလင်းပေါင်း ၃၉ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။