ခရီးသွားတယ်ဆိုတာ ကရိကထ သိပ်များပါတယ်။ သွားဖို့ လာဖို့ အစီအစဉ် ဆွဲရ ၊ အချိန်ပေးရတဲ့အပြင် ငွေကုန်ကြေးကျကလည်း များတဲ့ ကိစ္စပါ။ ဒါကြောင့် နေရာသစ်တစ်ခု သွားရတဲ့ အချိန်တိုင်းမှာ ကုန်ထားတဲ့ ငွေနဲ့ တန်အောင် မဖြစ်မနေ လုပ်ပေးသင့်တာလေးတွေ ရှိပါတယ်။

(၁) ဒေသထွက် နာမည်ကြီး အစားအသောက်တွေ မြည်းစမ်းပါ

Photo: Unsplash

နေရာတိုင်းမှာ သူ့အမှတ်လက္ခဏာဖြစ်တဲ့ အစားအသောက် ၊ အသီးအနှံ နဲ့ ပြန်သယ်လာစရာ လက်ဆောင်ကောင်းတွေ ရှိတတ်ပါတယ်။ ခရီးတစ်ခု သွားတိုင်းမှာ အရသာထူးကဲကောင်းမွန်တဲ့ ဒေသစာတွေ စားပေးဖို့ကို စာရင်းတို့ထားသင့်ပါတယ်။

(၂) အထိမ်းအမှတ်နေရာတွေ ရောက်အောင် သွားပါ

Photo: Freepik

ကိုယ်မရောက်ဖူးတဲ့ နေရာတစ်ခု ရောက်တိုင်း အခန်းထဲ အောင်းမနေဘဲနဲ့ နာမည်ကျော် အထိမ်းအမှတ်နေရာတွေကို လျှောက်သွားဖို့ အကြံပေးချင်ပါတယ်။ နေရာတိုင်းမှာ နောက်ခံသမိုင်းကြောင်းနဲ့ စိတ်ဝင်စားစရာ ဗဟုသုတယူစရာတွေ ရှိပါတယ်။ ဒါကြောင့် ခရီးသွားရင် ဒေသန္တရ အထိမ်းအမှတ် အဆောက်အဦနဲ့‌ နေရာတွေ သွားဖို့ တိုက်တွန်းချင်ပါတယ်။

(၃) လျှောက်လည်ပါ

Photo: Unsplash

မြို့တစ်မြို့ကို ရောက်ပြီဆိုရင် အားတာနဲ့ မြို့ထဲ လျှောက်လည်ပါ။ မြို့ရဲ့ အကွက်အကွင်းနဲ့ လူတွေရဲ့ နေထိုင်မှု ပုံစံတွေကို လေ့လာပါ။ လမ်းလျှောက်ပြီး မြို့ထဲ ပတ်တာဟာ ကားနဲ့ သါားတာထက် ပိုပြီး မြင်ကွင်းတွေနဲ့ ထိတွေ့ဖြစ်သလို အမှတ်တရတွေလည်း ပိုပြီး ရစေပါတယ်။

(၄) ဒေသခံတွေနဲ့ စကားစမြည်ပြောပါ

Photo: Unsplash

ခရီးသွားခြင်းဟာ မိုင်တွေကို ဖြတ်ကျော်ပြီး လူတွေနဲ့ တွေ့ဆုံတာပါ။ မြို့ခံလူတွေနဲ့ စကားပြောခြင်းဟာ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို သိရှိမှတ်သားဖို့ အခွင့်အလမ်းတစ်ခု ဖြစ်သလို အဲဒီဒေသက လူတွေရဲ့ ယဉ်ကျေးမှု ၊ ဓလေ့နဲ့ အစဉ်အလာတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(၅) မှတ်တမ်းလေးရေးပါ

Photo: Pexels

ဒါကတော့ အမှတ်တရ ဓါတ်ပုံရိုက်တာထက်တောင် Memory မှာ ပိုပြီး စွဲထင်စေပါတယ်။ ဒိုင်ယာရီစာအုပ်မှာ တစ်နေ့တာ ကိုယ်တွေ့ခဲ့တဲ့ မြင်ကွင်းတွေ ၊ စကားဆိုခဲ့တဲ့ လူတွေ ၊ ကိုယ့်အတွေးအမြင်တွေ ရေးတာဟာ အလွန်ပဲ အသုံးဝင်သလို နောင်တစ်ချိန်မှာ ပြန်ဖွင့်ဖတ်ကြည့်တိုင်း အသစ်ဖြစ်တဲ့ ခံစားချက်နဲ့ ပြန်ပြီး လတ်ဆတ်ကြည်နူးရပါလိမ့်မယ်။