လူတစ်ယောက်ရဲ့အိပ်ရာမဝင်ခင်ပြုလုပ်တဲ့ အရာတွေက အဲ့ဒီလူရဲ့အိပ်စက်ခြင်းနှင့် ခန္ဓာကိုယ်ကျန်းမာရေးအပေါ် များစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။ ဥပမာ အိပ်ရာမဝင်ခင်မှာ ဖုန်းတွေလက်တော့တွေကဲ့သို့နည်းပညာပစ္စည်းတွေသုံးတာဟာ အိပ်စက်ခြင်းကိုထိခိုက်စေပြီး အိပ်မပျော်ခြင်း ခေါင်းကိုက်ခြင်း စိတ်ဖိစီးမှုများခြင်းစတဲ့ အရာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ ကျန်းမာတဲ့လူနေမှုဘဝ ရဖို့နှင့် ကောင်းစွာအိပ်ပျော်နိုင်ဖို့ အိပ်ရာမဝင်ခင်မှာ အောက်ပါအချက်တွေကို အမြဲလိုလိုလုပ်ပေးသင့်ပါတယ်။

(၁) စာအုပ်ဖတ်ပါ

Source : BusinessMirror

Sussex University ရဲ့လေ့လာမှုတွေအရ အိပ်ရာမဝင်ခင် (၆) မိနစ်ခန့်စာအုပ်ဖတ်ပေးတာဟာ စိတ်ဖိစီးမှုပမာဏကို ၆၈ ရာခိုင်နှုန်းအထိလျှော့ချပေးပြီး ခန္ဓာကိုယ်ကို အလိုလျောက်အနားယူပေးတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းက အိပ်စက်ခြင်းစက်ဝန်းကိုလည်း မှန်ကန်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ကူညီပေးပါလိမ့်မယ်။

(၂) တရားထိုင်ပါ

Source : Chivalry Men Magazine

တရားထိုင်ခြင်းက ပြိုင်ကားကဲ့သို့ပြေးလွှားနေတဲ့ အတွေးပေါင်းသောင်းခြောက်ထောင်ကို ရပ်တန့်ပေးပြီး စိတ်ကိုအနားရစေကာ စိတ်တည်ငြိမ်အေးချမ်းစေမှာဖြစ်ပါတယ်။ ညဘက်အိပ်ပျော်ရခက်တဲ့အကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုများခြင်း စိုးရိမ်ပူပန်ခြင်းနှင့်အတွေးလွန်ခြင်းတွေက ထိပ်ဆုံးကပါဝင်နေတာကြောင့် မအိပ်ခင် (၁၅) မိနစ်လောက်ကို တရားထိုင်ပေးမယ်ဆိုရင် စိတ်တည်ငြိမ်စေကာ ကောင်းကောင်းအိပ်ပျော်စေမှာပါ။

(၃) မှတ်စုရေးပါ

Source : WebMD

အောင်မြင်သူအများစုဟာ သူတို့ရဲ့ တနေ့တာမှာဖြတ်သန်းခဲ့တဲ့အရာတွေနဲ့ ပတ်သတ်ပြီး ညအိပ်ရာမဝင်ခင်မှာမှတ်စုရေးလေ့ရှိကြပါတယ်။ တနေ့တာကြုံတွေ့ခဲ့ရတဲ့အရာတွေကို ပြန်လည်စဉ်းစားပြီး မှတ်စုရေးတဲ့အလေ့အကျင့်က သင့်ရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်မှုမြင့်တက်စေပါတယ်။ ဒါတင်မကသေးပါဘူး သင့်ရဲ့အတွေးတွေကိုလည်းထိန်းချုပ်ပေးတာကြောင့် ကောင်းစွာအိပ်ပျော်စေမှာဖြစ်ပါတယ်။

(၄) ရေပူချိုးပါ

Source : Green People

အိပ်ရာမဝင်မီ ရေနွေးဖြင့်ရေချိုးပေးတာက သင့်ရဲ့ခန္ဓာကိုယ်ကြွက်သားတင်းမာမှုတွေကိုပြေလျော့စေနိုင်ပါတယ်။ ဒါ့အပြင်ပူနွေးသောရေဖြင့်ရေချိုးပေးတာက ခန္ဓာကိုယ်အပူချိန် ကျဆင်းစေတဲ့အတွက် အိပ်ငိုက်ခြင်းကိုဖြစ်စေပြီး သင့်ကိုအလျင်အမြန်အိပ်ပျော်စေဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့်အိပ်ပျော်ရခက်တဲ့သူတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်သူတွေအနေနဲ့ အိပ်ရာမဝင်မီမှာ ရေခပ်နွေးနွေးဖြင့်ရေချိုးပေးသင့်ပါတယ်။

(၅) သီချင်းနားထောင်ပါ

Source : Zoomer Radio

သင်နားထောင်တဲ့ဂီတအမျိုးအစားပေါ်မူတည်ပြီး သင့်ရဲ့စိတ်အခြေအနေကလည်း အလိုအလျောက် အနိမ့်အမြင့်အတက်အကျတွေဖြစ်လာတက်ပါတယ်။ သင့်အနေနဲ့ အိပ်ရာမဝင်မခင်မှာ သာယာငြိမ့်ငြောင်းတဲ့ဂီတသံစဉ်လေးတွေ ဂန္တဝင်သီချင်းတွေ နားထောင်ပေးမယ်ဆိုရင် စိတ်နှင့်ခန္ဓာကိုယ်ကို အနားယူစေရာရောက်ပြီး ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။