ကျွနု်ပ်တို့ ငယ်စဉ်ကတည်းက မိမိဝါသနာပါရာကို ချိုးနှိမ်ထားရပြီး ကျောင်းနဲ့ ကျူရှင် လုံးပန်းကာ ကျောင်းစာကိုပဲ အာရုံထားခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျောင်းပြီးလို့ ဘွဲ့ရတဲ့အချိန်မှာ မိမိရဲ့ဝါသနာက ဘာလဲဆိုတာကို မသိတော့ဘဲ မိမိနဲ့သင့်တော်မယ့်အလုပ်ကိုသာ ဝင်လုပ်ကြရပါတယ်။

စားဝတ်နေရေးအတွက် ဒီလိုဝါသနာမပါတဲ့အလုပ်ကို လုပ်နေရတော့ စိတ်ဖိစီးမှုတွေကို အချိန်နဲ့အမျှ ခံစားလာရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးထဲမှာတော့ မိမိရဲ့အိပ်မက်၊ ဝါသနာပါရာကို ဘယ်လိုရှာဖွေကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

အလုပ်မျိုးစုံလုပ်ပါ

man explaining his project

လူတစ်ယောက်မှာ ဝါသနာတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ဝါသနာအများကြီးရှိနိုင်တဲ့အတွက်ကြောင့် အသက်ငယ်ရွယ်စဉ်မှာ အလုပ်မျိုးစုံလုပ်ကာ အတွေ့အကြုံများများရယူပါ။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက Volunteer လုပ်အားပေးအလုပ်တွေ ဝင်လုပ်ကြည့်ရင်း မိမိဝါသနာပါတဲ့အလုပ်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

သင့်နှလုံးသားကို နားထောင်ပါ

happy man follows his heart

ကိုယ်က ဒီဘာသာရပ်နဲ့ ဘွဲ့ရခဲ့လို့ ထိုဘာသာရပ်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းခွင်ဝင်ကာ အလုပ် လုပ်ရမယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။ သင် ဆန္ဒရှိသလို ပြောင်းလဲနိုင်ပြီး သင့်နှလုံးသားရဲ့ဦးဆောင်ရာကို ယုံယုံကြည်ကြည်နဲ့ လိုက်ပါလမ်းလျှောက်ကြည့်လိုက်ပါ။

မိမိကိုယ်ကိုပဲ အာရုံစိုက်ပါ

focus on yourself

မိမိဝါသနာပါရာကို ရှာဖွေတဲ့အခါ မိမိကိုယ်ကို သူတစ်ပါးနဲ့ မနှိုင်းယှဉ်မိဖို့ အရေးကြီးပါတယ်။ သင့်သူငယ်ချင်းက သူ့လုပ်ငန်းခွင်မှာ အောင်မြင်လို့ သင်လည်း သူလုပ်သလို လိုက်လုပ်ကြည့်လိုက်မယ်လို့ မတွေးလိုက်ပါနဲ့။ လူတိုင်းမှာ မိမိကိုယ်ပိုင်နာရီဆိုတာ ရှိပါတယ်။ သင့်အနေနဲ့ သူတစ်ပါး အောင်မြင်မှုကို အာရုံစိုက်မယ့်အစား မိမိတိုးတက်ရာတိုးတက်ကြောင်းအတွက် ကြိုးစားပါက ပိုအကျိုးရှိပါလိမ့်မယ်။

သင့်ရဲ့အကြောက်တရားကို လွှတ်ချလိုက်ပါ

defeat your fear

မိမိဝါသနာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို မယုံကြည်ဖြစ်ခြင်း၊ အကြောက်တရား ကြီးစိုးခြင်းတို့ကြောင့် အခွင့်အရေးများစွာကို သင်တောင် မသိလိုက်ပါဘဲနဲ့ ဆုံးရှုံးသွားပြီးပါပြီ။ သင့်အနေနဲ့ ထိုအကြောက်တရားကို တွန်းလှန်နိုင်မှ အောင်မြင်မှုလမ်းစကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ပိုက်ဆံအကြောင်း မေ့ထားလိုက်ပါ

money on laptop

စားဝတ်နေရေးအတွက် ပိုက်ဆံလိုအပ်တယ်ဆိုပေမယ့် ငွေနောက်တကောက်ကောက် လိုက်နေမယ်ဆိုရင် သင့်ကိုယ်သင် ဆုံးရှုံးပြီး လောဘသားကောင်းဖြစ်မှန်းမသိဖြစ်သွားရပါလိမ့်မယ်။ မိမိဝါသနာပါတဲ့အလုပ်ကို ရှာဖွေတော့မယ်ဆိုရင် ပိုက်ဆံအကြောင်းကို ခဏမေ့ထားဖို့ လိုပါလိမ့်မယ်။

မိမိဝါသနာပါရာကို ရှာဖွေတွေ့ရှိသွားတဲ့အခါ ထိုအလုပ်ကနေ ပိုက်ဆံများများဝင်အောင် ဘယ်လိုရှာရမလဲဆိုတာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်အဆင့်ရောက်သွားရင် သိလာပါလိမ့်မယ်။

Source: Medium.com