အလေးမလေ့ကျင့်ခန်းလုပ်တဲ့ သူတိုင်းကတော့ တစ်နေ့ထက်တစ်နေ့ ဝိတ်တိုးမဖို့ပဲ စိတ်ရောက်ကြပါတယ်။ ဝိတ်အလေးချိန် တိုးပြီး လေ့ကျင့်တာဟာ ရိုးရိုး Light Weight ကစားတာထက် ပိုပြီးထိရောက်မှု ရှိသလို ကိုယ့်ရဲ့ Body Building လုပ်ရာမှာလည်း အများကြီး တိုးတက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

ဒီတော့ ကိုယ်ပုံမှန် မ ဖြစ်တဲ့ ဝိတ်ထက် ပိုလေးတာကို မတော့မယ်ဆိုရင် Performance ကောင်းစေဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

(၁) လေ့ကျင့်မှု

Source: ShutterStock

လေ့ကျင့်တာဟာ ပိုကောင်းဖို့အတွက် အကောင်းဆုံး နည်းလမ်းပါ။ Gym ခန်းထဲရောက်လို့ Weight မတဲ့ အပိုင်းမှာ ကိုယ့်ကိုယ်ကို ချွေးထွက်များအောင် လုပ်တဲ့သူဟာ တစ်နေ့ထက် တစ်နေ့ ပိုကြီးတဲ့ ဝိတ်တုံးတွေ မနိုင်တော့မှာ ဖြစ်ပါတယ်။

(၂) သွေးပူလုပ်ဖို့ အချိန်ပေးခြင်း

Source: ShutterStock

Gym Trainer တိုင်းရဲ့ အကြံပေးချက်ထဲမှာ Weight မတော့မယ်ဆိုရင် အရင်ဆုံး Warm Up ကောင်းကောင်းလုပ်ဖို့ဆိုတဲ့ အချက် ပါပါတယ်။ သွေးပူလေ့ကျင့်ခန်းဟာ ကိုယ်လုပ်မယ့် Workout လေ့ကျင့်ခန်းတစ်လျှောက် အရိုးအဆစ်နဲ့ ကြွက်သားတွေကို မနာကျင်အောင် ကြိုပြီး ကာကွယ်ပေးထားတာပါ။

(၃) မကြာခဏ လေ့ကျင့်ပါ

Source: Pexels

Weight အကြီးတွေ မတော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နေ့ တစ်နေ့ ပိုပြီး တိုးမနိုင်အောင် ကြိုးစားပါ။ လေ့ကျင့်မှုများလေလေ ကြွက်သားတွေဟာ Weight အကြီးတွေနဲ့ အသားကျလာလေ ဖြစ်လာပြီး ပုခုံးနဲ့ လက်ပြင်နာတာတွေ လျော့သွားမှာ ဖြစ်ပါတယ်။

(၄) အားနဲ့ ညှစ်ပြီး မခြင်း

Source: Pexels

အားစိုက်မှုဟာ ဝိတ်ကစားရာမှာရော ပုံမှန် လေ့ကျင့်ခန်းမှာပါ အရေးပါပါတယ်။ အနားလည်း ယူတတ်ပြီး ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းကို အာရုံအပြည့်ထားပြီး ကိုယ့်ရဲ့ ခွန်အားကို ကောင်းကောင်း နေရာချမယ်ဆိုရင် ပိုပြီးလေးတဲ့ အလေးချိန်တွေ မ နိုင်ပါလိမ့်မယ်။

(၅) ဆေးနဲ့ အစာ

Source: dayafterindia.com

Body Builder လုပ်မယ်ဆိုရင် ပရိုတိန်းဖြည့်စွက်အစာတွေနဲ့ ကယ်လိုရီတွေ စားပေးဖို့ လိုပါတယ်။ Junk Food လို့ ခေါ်တဲ့ လမ်းဘေး အသင့်စား အစာတွေ ရှောင်ဖို့လိုပြီး Workout လုပ်ချိန်မှာ ကာဗွန်ဟိုက်ဒရိတ်အပြည့်ပါတဲ့ ဆန်လုံးညို ၊ ပဲ ၊ ဂျုံစတာတွေ စားပေးရမှာပါ။